အစိုးရ၀န်ကြီးတဦး၏တန်ဘိုးမရှိသောပါးစပ်ပေါက်ဖြင့်ရခိုင်ပြည်သူလူတုကိုစော်ကားလိုက်ခြင်း။
အခုအစိုးရအဖွဲ့ဝင်တွေထဲမှာ တကယ်တော်တကယ်တတ်တဲ့လူတွေပါဝင်နေသလို ဆွမ်းဆန်ထဲကြွက်ချေး
လိုလူတွေလည်းပါဝင်နေတာကိုတွေ့ရပါတယ်။
နိင်ငံတော်သမတကြီးဦးသိန်းစိန်ဟာပြုပြင်ပြောင်းလည်းရေးလုပ်ငန်းမှာအလွန်တရာသိမ်သိမ်မွေ့မွေ့နဲ့လုပ်
နေပေမဲ့လို့သူအစိုးရ၀န်ကြီးတွေကတော့ပြည်သူတွေကိုပြောချင်တာကိုလွတ်ကနဲပြောလိုက်ဖို့ပဲ့သိတယ်
ကိုပြောမဲ့မိန့်ခွန်းကိုယ့် ဟာကိုယ်လည်းပြန်ပြီးစစ်ဆေးတာတို့ ပြည်သူလူထုအများရှေ့မှာပြောသင့်မပြော
သင့်တာတို့ကိုဘာမှမစဉ်းစားပဲလွတ်ကနဲပြောထုတ်ဖို့ပဲ့လုပ်တတ်တဲ့ ဒီလိုဝန်ကြီးတွေကြောင့်
နိုင်ငံတော်ရှေ့ဆက်သွားမဲ့ ခရီးမှာအတော် ကိုကမောက်ကမဖြစ်အုံးနေအုန်းမှာပဲ့။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဇွန်လ(19)ရက်နေ့ကပြုလုပ်ခဲ့သော အစည်းအဝေးတွင်ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီး ဘုန်းဆွေဆိုသူက
“ ယခုဖြစ်ပွားနေသောရခိုင်အရေးတွင် အစိုးရကဒိုင်လူကြီးလုပ်မည် ”
ဟုပြောကြားလိုက်ပါသည်။
ထိုကဲ့သို့ပြောကြားလိုက်ခြင်းသည်ရပြည်သူလူထုကိုအစိုးရအဖွဲ့ကိုယ်စား ပြောပေးတဲ့လူရဲ့အပြောမတတ်
သည့်စကားတခွန်းကြောင့်. စော်ကားလိုက်သကဲ့သို့ခံစားရမည်မှာမုချမလွဲဖြစ်မည်သာဖြစ်သည်။
ဒုတိယချက်အနေဖြင့် ထိုစကားသည် အခုဖြစ်ပွားနေသောပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့်လုံးလုံး
မှမသက်ဆိုင်နိုင်ငံတော်အနေဖြင့် မွတ်ဆလင်ဘင်္ဂလီကုလားနဲ့ ရခိုင်ပြည်သူလူထု မြန်မာနိုင်ငံမြေပေါ်မှာ
မြန်မာတွေကိုစော်ကားနေတာ အစိုးရအနေနှင့်ဘာမှမပတ်သက်ပဲရှိသည်ထိုကြောင့်နှစ်ဖက်စလုံးကိုဒိုင်လူ
ကြီးတယောက်အနေနှင့်သာ နေပေးမည်ဟုသဘောသက်ရောက်ပေသည်။
ထိုသို့ပြောကြားလိုက်ခြင်းမှာ အစိုးရအဖွဲ့ဝင် ၀န်ကြီး တစ်ဦး အနေဖြင့် မပြောသင့် မပြောထိုက်သော စကားဖြစ်ပြီး တာဝန်မဲ့ရာ ကျလွန်းသည်ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ လွှတ်တော်ကိုယ်စား လှယ် တစ်ဦးက ပြောသည်။
၎င်းပြင် အစည်းအဝေးတွင်လည်း ရခိုင်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးရွှေထွန်းအောင်မှ အစိုးရ အနေဖြင့် ဒိုင်လူကြီး မလုပ်ဘဲ ပြည်ထောင်စု အရေးနှင့် အချုပ်အချာ ပိုင်စိုးမူအတွက် အသေအချာ စဉ်းစား လုပ်ဆောင်ရန် လိုအပ်ကြောင်း အကြံပြု ပြောကြားခဲ့သည်ဟု ဆိုသည်။
“ ဦးရွှေထွန်းအောင်က ဘယ်လိုတင်ပြသလဲဆိုရင် ယခုအချိန်တွင် တိုင်းရင်းသား၊ နိုင်ငံခြားသားကို ခွဲခြားရမည့် အချိန်ဖြစ်ပါကြောင်း၊ အစိုးရ အနေဖြင့် ဒိုင်လူကြီးမလုပ်ဘဲ ပြည်ထောင်စုကြီးနဲ့ အချုပ် အချာ ပိုင်စိုးမူ အတွက် ပြတ်သားစွာ ဆုံးဖြတ်ရမည့် အချိန်အခါကောင်းဖြစ်ကြောင်း၊ တိုင်းရင်းသား များမှာ အမိမဲ့သား ရေနည်းငါး ပမာ အားကိုးရာမဲ့ ဖြစ်နေကြရသည်ကို စဉ်းစားပေးရန် သင့်ပါကြောင်း တင်ပြခဲ့ပါတယ်” ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။
နောက်ပိုင်းတွင် ဒုဝန်ကြီး ဦးဘုန်းဆွေ မိမိက ထိုသို့ ပြောလိုခြင်းမဟုတ်ကြောင်း ပြန်လည် ပြောဆို ခဲ့သည်ဟု ဆိုသည်။
ယခုအခါ ဒုဝန်ကြီး ဘုန်းဆွေ၏ ပြောစကားမှာ လူထုအတွင်း ကျယ်ပြန့်စွာ ရောက်ရှိသွားပြီး ယခု ရခိုင် ဆူပူအကြမ်းဖက်မူ အရေးအခင်းတွင် အစိုးရမှ ဒိုင်လူကြီးလုပ်မည်ဟု ပြောဆိုသဖြင့် အစိုး ရကိုယ်တိုင်က ဒိုင်လုပ်လို၍ ယခုအရေးအခင်းကို ဖန်တီးသလားဟု ဆိုကာ မေးခွန်းများလည်း ထွက်ပေါ်နေကြောင်း သိရသည်။
ယခုကဲ့သို့ အစိုးရ ထိပ်တန်း တာဝန်ရှိသူ တစ်ဦးဖြစ်ပါလျှက် တာဝန်မဲ့ စကားပြောကြားသော ကယ် ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဒုဝန်ကြီး ဘုန်းဆွေကို အစိုးရမှ အနီကပ်ပြကာ တာဝန်မှ ထုတ်ပယ်သင့်ကြောင်း လူအများက ပြောဆို ဝေဖန်လျှက် ရှိကြောင်း သတင်း ရရှိသည်။

No comments:
Post a Comment