ဒေါ်စု ဦးသိန်းစိန် ကို ပြေးတွေ့ပြန်
မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကိုမူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် သတင်းထုတ်ပြန်ရန် မရှိဘဲ သမ္မတရုံးကသာ ထုတ်ပြန်ပါလိမ့်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပ
ယခုတွေ့ဆုံမှုသည် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး၏ ဒုတိယအကြိမ်မြောက် သီးသန့်တွေ့ဆုံမှုဖြစ်သည်။ ပထမတကြိမ်တုန်းကလည်း အလုပ်ရုံဆွေးနွေးပွဲလုပ်ရန် နေပြည်တော်သို့ ဖိတ်ကြားစဉ် အလုပ်ရုံဆွေးနွေးပွဲ မသွားပဲ သမ္မတကြီးအိမ် အတင်းသွားကာ ပြေးတွေ့ခဲ့တာကြောင့် အလုပ်ရုံဆွေးနွေးပွဲ ကို ၁ နာရီ ကျော်ခန့် နောက်ဆုတ်ခဲ့ရသည်။
လက်တလောအားဖြင့် နာမည်ကောင်းများဖြင့် ကမ္ဘာတခွင်မှာ ကြော်ကြားနေသော ဦးသိန်းစိန် ကို အနယ်နယ်အရပ်ရပ် တိုင်းပြည်အသီးသီး မှ ပုဂ္ဂိုလ်များက လာရောက်တွေ့ဆုံလျှက် ရှိရာ ဒေါ်အောင်ဆန်းစုကြည်လည်း အားကျမခံ ရောက်ရှိလာခြင်း ဖြစ်သည်။ ဒီနှစ်ထဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ ဦးသိန်းစိန်၊ သူရဦးရွှေမန်း တို့ နှင့် တွေ့ဆုံမှုတွေ ရှိခဲ့ပြီး တွေ့ဆုံမှုတိုင်းသည် ရန်ကုန်တွင်နေထိုင်သော ဒေါ်အောင်ဆန်းစုကြည်မှသာ နေပြည်တော်သို့ သွားရောက်တွေ့ဆုံရခြင်းဖြစ်ပြီး နေပြည်တော်မှ ရန်ကုန်သို့ လာရောက်တွေ့ဆုံသူ တစ်ဦးမှ မရှိကြောင်း သိရသည်။
No comments:
Post a Comment