ငါးထောင်တန် ငွေဖြည့်ကဒ်များ လိုသလောက် ၀ယ်မရသည့်အကြောင်းအရင်း - NAING NAING SANAY MYANMAR NEWS
skip to main |
skip to sidebar
ငါးထောင်တန် ငွေဖြည့်ကဒ်များ လိုသလောက် ၀ယ်မရသည့်အကြောင်းအရင်း

မြန်မာ့ဆက်သွယ်ရေးမှ ငွေဖြည့်ကဒ်များ ထုတ်လုပ်မှုကို ခရိုနီဟု ခေါ်သော အာဏာကပ်ပါး စီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီများသို့ အပ်နှံခိုင်းစေပါတယ်။ Elite(Htoo Trading-Tay Za) ,Asia MegaLink (Asia World) , တာမိုးညဲချမ်းသာ တို့မှ အများပြည်သူသို့ ထုတ်လုပ်ရောင်းချပေး ပါတယ်။ ကဒ်တစ်ကဒ်အတွက် ဆက်သွယ်ရေးမှ ၈ရာခိုင်နှုန်း ပေးပါတယ်။ ရှင်းအောင်ပြောရရင် တစ်သောင်းတန်ကဒ်တစ်ကဒ် ထုတ်တိုင်း ၄င်းခရိုနီတို့မှ ရှစ်ရာကျပ် ရရှိပါတယ်။ အဲဒီမှာ ကဒ်ထုတ်လုပ်မှုစရိတ်နှင့် တဆင့်ခံဝယ်ယူ ရောင်းချသူတို့အတွက် ကော်မရှင် ရှိပါတယ်။ ကျန်တာ အသားတင်အမြတ်ဖြစ်ပါတယ်။ တစ်ကဒ်အတွက် production cost သည် တစ်ရာဝန်းကျင် ကုန်ကျပါတယ်။ ကော်မရှင်ကြေးက နဲနဲရှုပ်ပါတယ်။
အရင်တုန်းက CDMA800 အတွက် ငွေဖြည့်ကဒ်ကို ELite တစ်ဦးတည်းက ထုတ်လုပ်ပြီး GSM/WCDMA တို့အတွက်ကိုတော့ ၄င်းခရိုနီ သုံးဦးစလုံးကထုတ်လုပ်ရောင်းချကြပါတယ်။ နဂိုမူလတုန်းက CDMA800 အတွက် 2.0 (200ကျပ်) ၊ GSM/WCDMA တို့အတွက် 3.0 (300 ကျပ်) စီ ကော်မရှင်ကြေးပေးပါတယ်။(CDMA800 အတွက် ငွေဖြည့်ကဒ်ကို Elite တစ်ဥ
ီးတည်းကသာ ထုတ်လုပ်ရောင်းချခွင့် ရသည့်အတွက် ကော်မရှင် နဲနဲလေးပေးပြီး လက်ဝါးကြီးအုပ်ထားခြင်းဖြစ်ပါတယ်။ GSM/WCDMA တို့အတွက်ကျတော့ အပြိုင်ရှိသည့်အတွက် Asia MegaLink ကပေးသည့်အတိုင်း 3.0 ပေးခြင်းဖြစ်ပါတယ်။)
နောက်ပိုင်းမှာ(သြဂုတ်လ လို့ထင်ပါတယ်) Asia Mega Link ကနေ 4.0ရာခိုင်နှုန်းထိ ကော်မရှင်ခကို ရုတ်တရက် တိုးမြင့်ပေးလိုက်ခြင်းဖြင့် Elite ကိုစတီးပါတယ်။ Elite ကလည်း မဖြစ်မနေ 3.8ရာခိုင်နှုန်းပေးရပါတော့တယ်။ Elite အနေနှင့် CDMA800 အတွက်ကိုတော့ တိုးမပေးပါဘူး။ ဒါပေမယ့် သူ့ဆီမှာ register တင်ပြီးရောင်းတဲ့သူတွေကို တစ်လအတွင် ကဒ်တစ်သောင်းကုန်ရင် GSM/WCDMA ကို 4.0 ၊ CDMA800 ကို 2.5 ထိတိုးပေးခြင်းဖြင့် ပြန်ချုပ်ထားလိုက်ပါတယ်။အနှစ်ချုပ်ရရင် ယနေ့ပေးထားတဲ့ အမြင့်ဆုံးကော်မရှင်နှင့် ကဒ်ထုတ်လုပ်မှု ကုန်ကျစရိတ်ပေါင်းရင် GSM/WCDMA အတွက် ငါးရာကျပ်နှင့် CDMA800 အတွက် သုံးရာ့ငါးဆယ်ကျပ် ဖြစ်ပါတယ်။ GSM နှင့်တည်ပြောရရင် တစ်ကဒ်ရောင်းရတိုင်း အသားတင် သုံးရာ အမြတ်ရပါတယ်။ ပျော်စရာကြီးပေါ့။
ငါးထောင်တန် ငွေဖြည့်ကဒ် တွေထုတ်ရတဲ့အခါကျတော့ လည်း ဆက်သွယ်ရေးက သူတို့ကို ရှစ်ရာခိုင်နှုန်းပေးပါတယ်။ ငါးထောင်ကဒ်ဖြစ်သည့်အတွက် သူတို့အနေဖြင့် လေးရာကျပ်ရပါတယ်။ ကော်မရှင်ရောင်းကြေးက 4.0 ဖြစ်တဲ့အတွက် တစ်ကဒ်ကို နှစ်ရာကျပ် ပေးပါတယ်။အဲဒီမှာ သူတို့အတွက် ပြသနာက ကဒ်ထုတ်လုပ်မှုစရိတ်ဖြစ်ပါတယ်။ တစ်သောင်းကဒ်နှင့် ငါးထောင်ကဒ် ထုပ်လုပ်မှုစရိတ်က အတူတူပဲ။သည့်အတွက် တစ်သောင်းကဒ်ထုတ်လို့ သုံးရာကျပ် လွတ်လွတ်ကျွတ်ကျွတ်ရနေချိတ်မှာ ငါးထောင်ကဒ်အတွက် တစ်ရာတောင် မကျန်ချင်တဲ့အတွက် သိပ်မထုတ်ချင်ဘူး။ ဒီကြားထဲ တစ်သောင်းကဒ်တွေက အရောင်းမရှိသလောက် ကျသွားပြီး ငါးထောင်ကဒ်တွေချည်းပဲ လှိမ့်ဝယ်ကြတော့ သူတို့စိတ်ဆိုးတာပေါ့။ဒါနဲ့ ငါးထောင်ကဒ်တွေကို သိပ်မထုတ်ပဲ ထိန်းထားလိုက်ကြတယ်။ ရက်ပိုင်းအတွင်းမှာပဲ ငါးထောင်ကဒ် လိုချင်ရင် တစ်သောင်းကဒ်ပါတွဲ ၀ယ်မှ ရောင်းပေးတဲ့ အဆင့်ရောက်လာပါတော့တယ် ...ခင်ဗျာ
No comments:
Post a Comment