- NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, June 19, 2012

ARAKAN ဆိုသောအသုံးအနှုံးနှင့်ရိုဟင်ဂျာပြသနာ။

ရေးသားသူ(ကြည်ဝင်း)

ယခုတလော ရိုဟင်ဂျာဟူသောကုလားလူမျိုးတစ်စု၏ ပြသာနာသည်တော်တော်လေးရေပန်းစားနေသော ပြသာနာတစ်ခုဖြစ်ပါသည်။ အကြောင်းမှာ BBC သတင်းဌာနက ၄င်းတို့၏ Website တွင် ရိုဟင်ဂျာလူမျိုးတို့၏ တည်နေရာကို ရခိုင်ပြည်နယ်အတွင်း ထည့်သွင်းဖော်ပြထားခြင်းမှစပြီး ပြသာနာ ဖြစ်ပွားလာခြင်း ဖြစ်ပါသည်။ (www.bbc.co.uk/news/world-asia-pacific-11595983) အမှန်စင်စစ် ရိုဟင်ဂျာဟူသည် မြန်မာနိုင်ငံနှင့် မည်သို့မှ ပတ်သက်မှုမရှိသော တစ်ဘက်နိုင်ငံမှခိုးဝင် ၀င်ရောက် အခြေချနေကြသော ဘင်္ဂလီကုလားလူမျိုးတစ်စုသာဖြစ်ပါသည်။ သို့သော် BBC သတင်းဌာနသည် အဖြစ်မှန်ကို သေချာမလေ့လာဘဲ ရခိုင်လူမျိုးများနှင့် မြန်မာတစ်မျိုးသားလုံးကို စော်ကားသည့် အပြုအမူများကို ကျုးလွန်ခဲ့ကြောင်း တွေ့ရှိရပါသည်။


ယခုပြသာနာမဖြစ်ပွားမီ ၂ လခန့်ကပင် ပြည်ပတွင်ရောက်ရှိနေကြသော ရိုဟင်ဂျာပညာတတ်များက ၄င်းတို့၏ Website များတွင် ရခိုင်လူမျိုးတို့၏ ယခင်ဝေါဟာရ အသုံးအနှုန်းဖြစ်သည့် ARAKAN (အာရကန်) ဟူသောအသုံးအနှုန်းကို စတင်ခိုးယူသုံးစွဲခဲ့ကြောင်း တွေ့ရှိရပါသည်။ ယင်းပြသာနာကို ရခိုင်လူမျိုး အသိုင်းအ၀ိုင်းများက နိုင်ငံတကာ အဖွဲ့အစည်းများတွင် ကန့်ကွက်နေသည့်ကြားမှပင် ရိုဟင်ဂျာပြသာနာကို ပြည်ပ အသံလွှင့်ဌာနများက မဟုတ်မမှန် လှုံ့ဆော်ပေးခဲ့ကြသည်ကို တွေ့ရှိရပါသည်။ ယင်းမှာ နဂိုကတည်းက ရိုဟင်ဂျာကုလား လူမျိုးတစ်စုနှင့် ပြည်ပအသံလွှင့်ဌာန BBCတို့ တီးလုံးတိုက်ထား ကြသည်မှာ ထင်ရှားပေါ်လွင်နေပါသည်။

အမှန်စင်စစ် ARAKAN ဟူသော အသုံးအနှုန်းသည် ရခိုင်လူမျိုးများတွင် ယခင်ကတည်းက ခေါ်ဝေါ်သုံးစွဲ ခဲ့သည့် အသုံးအနှုန်းသာ ဖြစ်ပါသည်။ ပြည်ပနိုင်ငံများမှသမိုင်းပညာရှင်များသည် ရခိုင်လူမျိုးကို Rakhine ဟုမသိရှိကြဘဲ ARAKAN ဟုသာ လူသိများကြပါသည်။ ၄င်းကို ရိုဟင်ဂျာကုလားများက ရခိုင်လူမျိုးနှင့် ARAKAN ဟူသောဝေါဟာရကိုအသုံးချရန်ကြိုးပမ်းလာခြင်းဖြစ်ပါသည်။ (ဥပမာ- Burma ကို Myanmar ဟုခေါ်ဝေါ် သုံးစွဲခြင်းသာ ဖြစ်ပါသည်) ARAKAN ဆိုသော အသုံးအနှုန်းများကို အောက်ဖော်ပြပါ ရခိုင်သမိုင်း စာအုပ်များတွင် အထင်အရှားတွေ့ ရှိနိုင်ပါသည်။

၁) သြစတြေးလျ သမိုင်းသုတေသီ Dr. PAMELA GUTMAN ရေးသားသော BURMA’S LOST KINGDOMS’ SPLENDOURS OF ARAKAN

၂) ပြင်သစ်သမိုင်းပညာရှင် Dr.JACQUES P.LEIDER ရေးသားသော ARAKAN’S ASCENT DURING THE MRAUK-U PERIOD

၃) ရခိုင်သမိုင်းပညာရှင် U SAN THA AUNG ရေးသားသော THE BUDDHIST AET OF ANCIENT ARAKAN စတဲ့စာအုပ်တွေမှာ သေချာစွာ လေ့လာနိုင်ပါတယ်။

(၁၇ ရာစုခေတ် ပေါ်တူဂီကုန်သည် တစ်ဦးရေးဆွဲခဲ့သည့် မြောက်ဦးမြို့ မြင်ကွင်းဓါတ်ပုံကိုပါ ပူးတွဲဖော်ပြ ပေးထားပါသည်။ ၄င်းဓါတ်ပုံတွင် ARAKAN ဟူသောအသုံးအနှုန်းကို ထင်ရှားစွာတွေ့ မြင်နိုင်ပါသည်။)
 

ဧရာဝတီ သတင်းဌာနကလည်း ရိုဟင်ဂျာနှင့် ARAKAN ဟူသောအသုံးအနှုန်းကို ဆက်စပ် သုံးစွဲထားသည်ကို ၀မ်းနည်းစွာ တွေ့ရှိရပါသည်။ အမှန်စင်စစ် BBC၊ ဧရာဝတီစသော သတင်းဌာနများသည် မြန်မာနိုင်ငံအစိုးရကို နိုင်ငံရေးအရ ထိုးနှက်ရန် ရည်ရွယ်ချက်နှင့် ယခုလို ရိုဟင်ဂျာပြသာနာကို ဖန်တီးလာသည်ဟု သုံးသပ်ရပါသည်။ နိုင်ငံခြား အသံလွင့်ဌာနများသည် ဒီလိုမဟုတ်မမှန် လုပ်ကြံဝါဒ ဖြန့်ဇာတ်လမ်းများကို ဖန်တီးခြင်းသည် အဆန်းတော့ မဟုတ်တော့ပေ။ (ကန့်ကွက်မှုများကြောင့် အခုအခါ ဧရာဝတီသတင်းဌာနက ၎င်းဆောင်းပါးကို ဖယ်ရှားခဲ့ပြီးဖြစ်ပါတယ်)

ယခင်က BBC၊ ဧရာဝတီစသော အသံလွှင့်ဌာနများသည် ကျွန်တော်အပါဝင် မြန်မာပြည်သူ အားလုံးအတွက် အားထားရာ မီဒီယာများ အဖြစ် ရပ်တည်ခဲ့ ကြပါသည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ မြန်မာပြည်သူ တစ်ရပ်လုံး၏ မုန်းတီးမှုကို ခံလိုက်ကြရပြီ။
 

မည်သို့ပင်ဖြစ်စေ မြန်မာပြည်သူ တစ်ရပ်လုံး၏ ဆန္ဒမပါဘဲနဲ့တော့ ရိုဟင်ဂျာပြသာနာ မဆိုထားနှင့်၊ မည်သည့် ပြသာနာကိုမဆို လုပ်ကြံဖန်တီး၍ ရနိုင်မည်မဟုတ်ကြောင်း BBC၊ ဧရာဝတီအပါအ၀င် နိုင်ငံခြားမီဒီယာများ သိရှိစေရန် တင်ပြလိုက်ရပါတယ် ခင်ဗျား…..

(ကြည်ဝင်း)

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template