- NAING NAING SANAY MYANMAR NEWS
Headlines News :

Monday, June 18, 2012

မွတ်ဆလင်ကုလားနှင့်ရခိုင်များမုန်းတီးမှု။

အခုဖြစ်ပေါ်လာခဲ့တဲ့မသီတာထွေးအမှုဟာ သာမန်အားဖြစ်ကြည့်မယ်ဆိုရင် မှုခင်းတခုမှဆင်းသက်
ပေါက်ပွားလာသောလူမျိုးရေးမုန်းတီးမှုကိုအခြေခံတာလို့မြင်မိလိမ့်မယ်။
တကယ်ဆိုတော့လူမျိုးရေးထက် ရခိုင်ဒေသခံတွေရင်ထဲကိန်းအောင်းနေတာက ဘာသာရေးမတူကွဲ
ပြားတဲ့ကြားထဲကမြန်မာလူမျိုးများကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကိုစော်ကားမော်ကားပြုလုပ် လာခဲ့တာခေတ်
အဆက်ဆက်ဖြစ်ပါလိမ့်မည်။
အခုအုပ်ချုပ်နေတဲ့ဦးသိန်းစိန်အစိုးရအာဏာရပြီးနောက်ဖြစ်ပေါ်လာခဲ့တဲ့ဘာသာရေးစော်ကားမှုတခုဟာ
လည်းရခိုင်လူမျိုးတွေရဲ့စိတ်ထဲမှာတနင့်နင့်ခံစားနေရတာဖြစ်ပါတယ်။
ဘာသာရေးစောကားမှု။
ဗုဒ္ဓဆင်းတုတော်များကိုကြက်ချေးဖြင့်သုတ်ပြီးရန်စစော်ကားမှု။


ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဗုဒ္ဓဆင်းထုတော်များကို အမည်မသိသူများက မဖွယ်မရာ ပြုလုပ် ထားခဲ့သဖြင့် ဒေသခံ ဗုဒ္ဓဘာသာများ အကြား အထူး မကျေနပ်မူ တိုးပွားနေကြောင်း သတင်း ရရှိသည်။စ်တွေမြို့ အာဂျိတ်တောင်ကုန်း သင်္ချိုင်းဟောင်း အနီးရှိ သရက်ဦး ဘုန်းတော်ကြီးကျောင်းတွင် ဘုရားကြီး ၃ ဆူ၏ မျက်နှာတော်များကို ကြက်ချေး ရေနံများဖြင့် မဖွယ် မရာ သုတ်လိမ်း ထားပြီး မျက်နာ နဖူးတော်တွင်လည်း မထင်မရှား ရခိုင်လို "ခွီး" ဆိုသော စာလုံးကို ရေးသား ထားသည်ဟု သိရသည်။




၎င်းပြင် အမြင့် ၄ ပေ ကျော်ရှိသော ရခိုင်ဘုရင် စန္ဒသူရိယ၊ ရှင်သီဝလိနှင့် ဇီဝက ဆင်းတုတော် များ၏ မျက်နာများကိုလည်း ကြက်ချေး ရေနံများဖြင့် လိမ်းကျထားသည်ဟု ဒေသခံများက ပြောသည်။


ယခုကဲ့သို့ မဖွယ်မရာ လုပ်ထားခြင်းကို စက်တင်္ဘာလ ၂၃ ရက်နေ့က ပြုလုပ်ထားခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

" ဒီလို လုပ်တာက ဒီလ ၂၃ ရက်နေ့မှာပါ။ အခု ဒေသခံ ဗုဒ္ဓဘာသာဝင်တွေက ဒီလိုလုပ်တဲ့ အပေါ်မှာ အတော်ကို မကျေမနပ် ဖြစ်နေကြတယ်။ အနီးအနားက မွတ်ဆလင် ဘာသာဝင်တွေ လုပ်တယ်ဆိုပြီး ထင်နေကြတယ်။ ဒီကိစ္စ ပြည်နယ် ၀န်ကြီးချုပ်ထိ တက်တိုင်ထားတယ်။ ပြေပြေလည်လည် မဖြေရှင်း နိုင်ရင် ပြဿနာ ကြီးထွား လာနိုင် ပါတယ်" ဟု သူက ဆက်ပြောသည်။



အဆိုပါ ကိစ္စကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားထားပြီး နောက်ပိုင်း ယခုအခါ မသင်္ကာမှုဖြင့် ဒေသခံ မွတ်ဆလင် (၅) ဦးကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေသည်ဟု သူက ပြောသည်။

"အဲဒီအမှုနဲ့ပတ်သက်ပြီးတော့ မသင်္ကာမှုနဲ့ ဒေသခံမွတ်ဆလင်လူမျိုး ၅ ဦးကို အမှတ် (၁) ရဲစခန်းမှာ ခေါ်ယူစစ် ဆေးနေတယ်လို့ သိရပါတယ်။ လူတွေကတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်" ဟု ပြောသည်။ ယခုလိုလုပ်ရပ်မှာ ယခင်ကတခါမှ မဖြစ်ပွား ခဲ့ဖူးကြောင်းနှင့် ယခု လုပ်ရပ် အပေါ် ဗုဒ္ဓ ဘာသာဝင် များက အထူး ခံပြင်းနေကြောင်း သိရသည်။

ယခု လုပ်ရပ်အပေါ် ဘာသာရေး အဓိဂရုဏ်း ဖြစ်အောင် အာဏာပိုင်များပ ဖန်တီးခြင်းလည်း ဖြစ်နိုင်ကြောင်း အမည် မဖေါ်လိုသူ နိုင်ငံရေး လေ့လာ အကဲခတ်သူ တစ်ဦးက ပြောသည်။

" အခု စစ်တွေမှာ ဘာသာရေး အဓိဂရုဏ်းတွေ ဖန်တီးနိုင်လာတဲ့ အခြေအနေရှိတယ်။ သတိထားရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ သရက်ဦး ဘုန်းတော်ကြီးကျောင်းက ဘုရားကြီးကို မဖွယ်မရာ လုပ်ထား တာတွေ အာဏာပိုင်တွေလည်း ဖြစ်နိုင်တယ်။ တိုင်းပြည်မှာ ရှုပ်ထွေးနေတဲ့ နိုင်ငံရေး ပြဿနာတွေ ပေါ်ပေါက်နေတဲ့ အတွက် ဘာသာရေး အဓိဂရုဏ်း မဖန်တီးနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး" ဟု သူက ပြောသည်။

ယခု လုပ်ရပ်မှာ အနီးအနားမှ မွတ်ဆလင်များက ပြုလုပ်သည်ဟု သတင်းထွက်နေပြီး ဒေသခံ ရခိုင် ဗုဒ္ဓဘာသာဝင်များက အထူး မကျေမနပ် ဖြစ်နေကြောင်း သတင်း ရရှိသည်။


ထိုကဲ့သို့စော်ကားမှုမျိုးမသီတာထွေးအမှုမတိုင်မှီကတည်းကဖြစ်ခဲ့တာပါ။
ပြည်နယ်အစိုးရအနေနဲ့ကိုင်တွယ်မှုမှာလည်းညံ့ဖျင်းခဲ့လို့
ရခိုင်ပြည်သူလူထုတွေစိတ်ထဲကြိမ်မီးအုံးမမာခံစားလာခဲ့ရတာပါ။
အစိုးရအနေနဲ့မွတ်ဆလင်ကုလားများနဲ့မြန်မာများကိုကွဲပြားခြားနားစွာမလုပ်ပေးသရွှေ့ထိုကဲ့သို့အ
ဖြစ်မျိုးနောက်လည်းဖြစ်လာမှမလွဲဧကန်ပါ။



No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template