Sunday, June 17, 2012
ကျနော့်ရင်တွေပူနေပါတယ်။
ကျနော်အခု ထိုင်နေသောနေရာတွင် အေးစက်နေသော မိုးရေများ ကျဆင်းနေပါသည်။
သို့သော် မိုင်ပေါင်းထောင်နှင့်ချီ၍ ဝေးသော အမိမြန်မာနိုင်ငံမှ
ရခိုင်ဒေသအတွက် အများကြီးစိတ်ပူနေပါသည်။
ကျနော်တို့ တတ်နိုင်လျှင် ၁၉၄၈ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်အတွင်း
ရခိုင်လူမျိုးများ ပျံ့နှံတည်ရှိပုံနှင့် ယနေ့ ၂ဝ၁၂ ခုနှစ် တွင်
ရခိုင်လူမျိုးများ၊ ကျေးရွာများ ပျံ့နှံ့တည်ရှိပုံများကို
နှိုင်းယှဉ်ဖော်ပြစေချင်သည်။ မိမိသိသလောက်က ရခိုင်များသည် တစ်ဖြေးဖြေး
ဆုတ်ခွာလာခဲ့ရလေပြီ။
အဓိက ကျသော အချက်တစ်ချက်မှာကား တရုတ်၏ လက်ကုန်မဟုတ်သေးသော ဖွံ့ဖြိုးမှုပင်တည်း။
နိုင်ငံတခုတွင်၊ အထူးသဖြင့် စက်မှုနိုင်ငံများတွင် စွမ်းအင်သည်
အသက်သွေးကြောဖြစ်၏။ စွမ်းအင်ဖူလုံရေးအတွက် စစ် ပွဲများပင် ဖြစ်ကြရသည်။
ထို့ထက်ဆိုရလျှင်ယနေ့ကမ္ဘာအခင်းအကျင်းများသည် စွမ်းအင်ဖူလုံရေးနှင့်
ဆက်စပ်သော အ ခင်းအကျင်းများ ဖြစ်နေကြကြောင်းမှာ အထူးငြင်းစရာလိုမည်မထင်ပါ။
တရုတ်၏ ရေနံတင်သင်္ဘောများကို စစ်ေ၇းအရ ခြိမ်းခြောက်ခြင်းခံရနိုင်သော ပွိင့်မှာ မလက္ကာ ရေလက်ကြားဖြစ်သည်။
ယနေ့ ရိုဟင်ဂျာဘင်္ဂါလီဟု ခေါ်သောသူများသည် သိသိသာသာ အင်အားကောင်းနေသည်။
ကျောက်ဖြူမြို့ အနီးသို့ လည်း အလွယ်တကူ ခြိမ်းခြောက်နိုင်စွမ်း ရှိနေပါသည်။
ထိုအစုအဖွဲ့ကလည်း တိုင်းရင်းသားဖြစ်သည်ဟု တောင်းနေ သည်။
ချုပ်ရလျှင် ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းကို မလုပ်ဖြစ်ရန် သို့မဟုတ်
မြန်မာအစိုးရအပေါ် Bilateral Policy ဖြင့် အမေရိ ကန် သွားနေစဉ် အမေရိကန်က
မြန်မာ့တိုင်းရင်းသား အခွင့်အရေး၏ Vitality (သေရေးရှင်ရေး အရေးပါမှု) အပေါ် အ
မြတ်ထုတ်ကာ တရုတ်ကို နားရင်းအုပ်ရန် ရိုဟင်ဂျာကို ပစ်ဖဲခေါ်လိုက်ခြင်း
ဖြစ်နိုင်သည်။
Subscribe to:
Post Comments (Atom)







No comments:
Post a Comment