From : Internetဂျာနယ်
ယခုလ
 ၄ ရက်နေ့က စတင်ကျင်းပသော လွှတ်တော်အစည်းအဝေး ကျင်းပပြုလုပ်ပုံများကို SKY 
Net ၏ လွှတ်တော်ရုပ်သံလိုင်းမှစမ်းသပ်ထုတ်လွှင့်လျက်ရှိပြီးလွှတ်တော်ဆိုင်ရာ
 ဝက်ဘ်ဆိုက်ဖြစ်သော
 ပြည်သူ့လွှတ်တော် ဝက်ဘ်ဆိုက်ကိုလည်း 
စတင်လွှင့်တင်ထားကြောင်း သိရသည်။ ပထမအကြိမ် လွှတ်တော်များ၏ စတုတ္ထပုံမှန် 
အစည်းအဝေးများ ကျင်းပပြုလုပ်ပုံများကို SKY Net ရုပ်သံလိုင်း၏ 
လွှတ်တော်ရုပ်သံလိုင်း (Hluttaw Channel) အမည်ဖြင့် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၎
 ရက်နေ့မှစ၍ စမ်းသပ်ထုတ်လွှင့် ပေးသွားမည်ဖြစ်ကြောင်း SKY Net 
ရုပ်သံလိုင်းများ ကြေညာခဲ့သည်။
 
 “တချို့ ရုပ်သံလိုင်းတွေ ဖမ်းယူသလို Remote 
Setting ထဲမှာ ဝင်ရောက်ပြင်စရာ မလိုပါဘူး။ ထပ်တိုးရုပ်သံလိုင်းအဖြစ်နဲ့ 
ထုတ်လွှင့်ထားတာမို့လို့ အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။ လွှတ်တော် Channel 
ဆိုပြီး လွှင့်ထားတာပါ” ဟု SKY Net အရောင်းကိုယ်စားလှယ်တစ်ဦးက ပြောသည်။ 
ပထမအကြိမ် လွှတ်တော်များ၏ စတုတ္ထပုံမှန် အစည်းအဝေးများ 
ကျင်းပပြုလုပ်ပုံများကို Live နှင့် Delay များဖြင့်(၂၄)နာရီစမ်းသပ်ထုတ်လွှင့်လျက်ရှိကြောင်းကြည့်ရှုသူများကပြောသည်။
 
 ထို့အပြင် 
ပြည်သူ့လွှတ်တော်ဆိုင်ရာ ဝက်ဘက်ဆိုက်ကိုလည်း www.phitthuhluttaw.gov.mm 
လိပ်စာဖြင့် စတင်လွှင့်တင်ထားကြောင်းသိရသည်။အဆိုပါဝက်ဘ်ဆိုက်မှာBetaVersionအနေဖြင့် လွှင့်တင်ထားခြင်းဖြစ်
ပြီး ပြည်သူ့လွှတ်တော် 
ပုံမှန်အစည်းအဝေးရှိသော ရက်စွဲ၊ အစည်းအဝေး မှတ်တမ်း၊ ဗီဒီယိုမှတ်တမ်း၊ 
ဓါတ်ပုံမှတ်တမ်းများအပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်၊ 
မဲဆန္ဒနယ်များကို အလွယ်တကူ ရှာဖွေနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။
 
 အဖွင့်စာမျက်နှာနှင့်သတင်းနှင့်ပြန်ကြားရေး၊အစည်းအဝေးများ၊ကိုယ်စားလှယ်များ၊ ကော်မတီ/ကော်မရှင်များ၊ 
ဥပဒေဆိုင်ရာများကို 
သီးခြားစာမျက်နှာဖြင့် ကြည့်ရှုနိုင်မည့်အပြင် မိမိရှာဖွေလိုသော 
အချက်အလက်များကို SearchBoxတွင်ရှာဖွေနိုင်မည်ဖြစ်သည်။ 
 
အဆိုပါ 
ဝက်ဘ်ဆိုက်တွင် ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရသတင်းများကို 
ဖော်ပြထားကြောင်းသိရှိရသည်။
 
No comments:
Post a Comment