- NAING NAING SANAY MYANMAR NEWS
skip to main  |
      skip to sidebar
          
        
          
        
13:08
  Myanmar Express 
From : popular
မန္တလေး အောင်မြေသာဇံမြို့နယ် ညောင်ကွဲရပ် ယနေ့နံနက် ၈နာရီခွဲက ပေါက်ကွဲမှုကြောင့် အသက် ၃နှစ်ခွဲအရွယ်ကလေးတစ်ဦးနှင့် အသက် ၂၆နှစ်အရွယ် အမျိုးသား တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
 “ဖြစ်တာကတော့ မနက် ၈နာရီခွဲလောက်မှာဖြစ်တာ ၊မီးခိုးလုံးတွေမဲပြီးတော့ တတ်လာတယ်။အသံလည်းတော်တော်ကျယ်တယ်၊ကားဘီးပေါက်တဲ့အသံထက်ကို ကျယ်တယ်၊ကျွန်တော်လည်းပထမတော့ လန့်သွားတယ်”ဟု ၄င်းရပ်ကွက်နေ ဦးဝင်းညွန့် ကပြောသည်။၎င်းပေါက်ကွဲမှုသည် ဒဏ်ရာရရှိခဲ့သောကလေး၏နေအိမ်ဘေးမြေကွက်လပ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။
 “ဒဏ်ရာရရှိတဲ့ကလေးကတော့ စိုးရိမ်စရာမရှိဘူးလို့ ကြားတာပဲ”ဟု၎င်း ကပြောသည်။ထို့အပြင် အဆိုပါ ကလေးမှာလည်ပင်းတစ်ချက်ပဲထိသည်ဟု ကြားရကြောင်း နှင့် အမျိုးသားမှာ လက်ကောက်ဝတ်ထိသွားကြောင်း ၄င်းကပြောသည်။အဆိုပါနေရာတွင် နေထိုင်သူအများစုသည် မန္တလေးမြို့အနှံလျှောက်၍ပလတ်စတစ်များကောက်ကာပလတ်စတစ်များကို ဒိုင်တွင်ပြန်လည်ရောင်းချ ရန်အတွက် ဗူးခွံများ စုဆောင်းရာမှ ပေါက်ကွဲ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ဒဏ်ရာရရှိသော ကလေးအား မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးတွင်ပို့ထားပြီးအဆိုပါ ပေါက်ကွဲမှုကို တာဝန်ရှိသူများမှ စစ်ဆေးလျှက်ရှိကြောင်းသိရသည်။
 Myanmar Express 
 
 
 
          
      
 
  
 
 
 
  
No comments:
Post a Comment