မြန်မာ့လေကြောင်းက လေယာဉ်ဟောင်းများ နေရာတွင် အစားထိုးရန် လေယာဉ်သစ်များ ဝယ်ယူရန် စီစဉ်နေ
CRJ-900 လေယာဉ်ပုံစံ။
CRJ-900 လေယာဉ်မောင်းခန်း။
From : Pyi Myanmar
ပို့ဆောင်ရေး
  ဝန်ကြီးဌာန၊ မြန်မာ့လေကြောင်း အနေဖြင့်  ပြည်သူများ အဆင်ပြေချောမွေ့စွာ  
သွားလာနိုင်ရန်နှင့်  မကြာမီ  သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည့် F-28  
လေယာဉ်များနေရာတွင် အစားထိုး  လဲလှယ်ရန်အတွက် လေယာဉ်သစ်များကို  
ယခုနှစ်အတွင်း ဝယ်ယူရန်  စီစဉ်လျက်ရှိကြောင်း မြန်မာ့လေကြောင်းမှ  
တာဝန်ရှိသူ တစ်ဦးထံမှ ၁-၈-၂၀၁၂  ရက်က သိရသည်။ “မြန်မာ့လေကြောင်းမှာ  
လက်ရှိအသုံးပြုနေတဲ့ F-28၊ MA-601 ATR  နဲ့ Beech-1900D လေယာဉ်အမျိုးအစား  
လေးမျိုးမှာ F-28 အမျိုးအစား  လေယာဉ်သုံးစင်းထဲက တစ်စင်းက လာမယ့် ဒီဇင်ဘာ ၁
  ရက်နေ့မှာ သက်တမ်းကုန်မယ်။  ကျန်တဲ့ နှစ်စင်းကလည်း လာမယ့် ၂၀၁၃  
သက်တမ်းကုန်မှာဖြစ်လို့ ဒီနှစ်ထဲမှာပဲ  လေယာဉ်သစ်တွေ ဝယ်ယူဖို့  
စီစဉ်နေပါတယ်။ ကနေဒါနိုင်ငံထုတ် Bombardier လေယာဉ်  အမျိုးအစားထဲက ခရီးသည် 
 ၉၀ ဦး တင်ဆောင်နိုင်တဲ့ CRJ-900 လေယာဉ်ကို  ဝယ်ယူဖို့ ရွေးချယ်ထားပါတယ်” 
 ဟု ယင်းက ပြောသည်။ Bombardier (CRJ-900)  လေယာဉ် အမျိုးအစားသည် 
ကမ္ဘာပေါ်တွင်  အသုံးအများဆုံးဖြစ်သည့် Boeing, Airbus  လေယာဉ်များပြီးလျှင် 
 အသုံးအများဆုံးဖြစ်ပြီး လေယာဉ်များပြီးလျှင်  အသုံးအများဆုံးဖြစ်ပြီး  
မြန်မာ့လေကြောင်း အနေဖြင့် ၂၀၁၂-၂၀၁၃ တွင် ခရီးသည်  ငါးသိန်းခန့်  
သယ်ဆောင်နိုင်ရန် ရည်မှန်းထားကြောင်း   သိရသည်။                           
                                                               
 

 

No comments:
Post a Comment