ရသေ့တောင်မှာ ကင်းစခန်းကို ဝင်ရောက်ပစ်ခတ်

From : rfa
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာနဲ့ တစ်မိုင်လောက်အကွာမှာရှိတဲ့ ပြင်ချောင်း ချောင်းထဲကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက် ၁ နာရီလောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအလံ လွှင့်ထူကာ စက်လှေနှစ်စီး ဝင်ရောက်လာပြီး ကုလားချောင်းကျေးရွာ ကင်းအဖွဲ့ကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကုလားချောင်း ရွာခံတစ်ဦးက RFA ကိုပြောပါတယ်။
ပစ်ခတ်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။ အဲဒီစက်လှေနှစ်စီးထဲက တစ်စီးဟာ ည(၂)နာရီမှာ ခုတ်မောင်း ထွက်ပြေးသွားခဲ့ပြီး ကျန်စက်လှေတစ်စီးပေါ်က လူတွေကတော့ ကုန်းပေါ်ထွက်ပြေးတိမ်းရှောင်သွာ
ဒီကိစ္စနဲ့ပတ်သက်ပြီး တိုက်နယ်လောင်းချောင်းရဲစခန်းမှ
ဖမ်းဆီးရမိတဲ့ စက်လှေတစ်စီးပေါ်မှာ မော်လဝီဦးထုတ်တစ်လုံးနဲ့ ဘင်္ဂလားဒေ့ရှ် ဘာသာနဲ့ရေးသားထားတဲ့ ဒိုင်ယာရီစာအုပ်(၁)အုပ်၊ စက်လှေလိုင်စင်လို့ယူဆရတဲ့ စာအိတ်(၁)အိတ်တို့ကို အာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့တယ်လို့လည်းသိရပ
No comments:
Post a Comment