- NAING NAING SANAY MYANMAR NEWS
Headlines News :

Friday, August 31, 2012

နိုင်ငံတော် ဖွဲ့စည်းပုံ ဆိုင်ရာ ခုံရုံး ဥက္ကဌ ဦးသိန်းစိုး ပြန်လည် ဆွေးနွေးချက် 

 

လေးစားအပ်သော အမျိုးသား လွှတ်တော် ဥက္ကဌကြီးခင်ဗျာ
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၁) နိုင်ငံတော် အခြေခံမူများ ပုဒ်မ ၁၁ မှာ နိုင်ငံတော် အချုပ်အချာ အာဏာ၏ တက်မ သုံးခုဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို ပိုင်းခြား ကျင့်သုံးစွဲရန် အတိအလင်း ပြဌာန်းထားပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံ ဥပဒေ ဆိုင်ရာ ခုံရုံးဟာ တရားစီရင်ရေး ကဏ္ဍမှာ ပါဝင်ပြီးတော့ တ၇ားရုံး တစ်ရုံး ဖြစ်တာနဲ့ အညီ တင်သွင်းလွှာများကို ဥပဒေနဲ့ အညီ စီရင် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ဟာ အပြီးအပြတ် အတည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၂၄ နဲ့ ခုံရုံး ဥပဒေ ပုဒ်မ ၂၃ မှာ အတိအလင်း ပြဌာန်းထားပြီး ဖြစ်ပါတယ်။

ခုံရုံးရဲ့ ဆုံးဖြတ်ချက်များဟာ သက်ဆိုင်ရာ အစိုးရ ဌာန၊ အဖွဲ့အစည်းနဲ့ ပုဂိုလ်များသို့လည်းကောင်း၊ သက်ဆိုင်ရာ နေရာ ဒေသ အသီးသီး သော်လည်းကောင်း အာဏာ သက်ရောက် စေရမယ်လို့ ခုံရုံး ဥပဒေပုဒ်မ ၂၅ မှာ ပြဌာန်း ထားပါတယ်။ နိုင်ငံတော် သမတသည် ခုံရုံးရဲ့ အဆုံးအဖြတ်ကို ကိုယ်တိုင် လိုက်နာပြီး အဖွဲ့အစည်း အားလုံးကလည်း လိုက်နာ ဆောင်ရွက်ရမယ် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခြင်းက သမိုင်းမှာ မှတ်တမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ယခုကိစ္စမှာ ဥပဒေပြုရေး ကဏ္ဍက တရားစီရင်ရေးကို လွှမ်းမိုး စွက်ဖက်ခြင်း ဖြစ်ကြောင်း ထင်ရှား ပေါ်လွင် နေပါတယ်။
တရားစီရင်ရေးရဲ့ ဆုံးဖြတ်ချက်ကို ဥပဒေပြု အမတ်များက အမှန်အမှား မဲခွဲ ဆုံးဖြတ်ခြင်းဟာ ကမ္ဘာမှာ အစဉ်အလာ မရှိပါဘူး။ တရားရုံးရဲ့ စီရင်ခွင့်ကို ပြင်ပမှာ မဲခွဲ၍ ဆုံးဖြတ်ခြင်းဟာ အခြေခံ ဥပဒေနဲ့ တည်ဆဲ ဥပဒေများကို မျက်ကွယ်ပြုခြင်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မလိုက်နာဘဲ အတိအလင်း ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြား လိုပါတယ်။ constitutional Institution ကို ပျက်စီးအောင် ဖျက်ဆီးခြင်းလည်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပစ်ပယ်ပြီးတော့ လွှတ်တော် ကိုယ်စားလှယ် များရဲ့ လိုအင်ဆန္ဒကို ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။
ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲဖြင့် ပြည်သူလူထု ၉၂ ဒသမ ၄၈ ရာနှုန်းနဲ့ ထောက်ခံမှုနဲ့ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တန်ဖိုးမဲ့အောင် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ယခုလွှတ်တော်ရဲ့ ဆောင်ရွက်ချက်များဟာ သမိုင်းမှတ်တမ်းအဖြစ် တည်ရှိနေမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီတဲ့ အဆိုရှင်ရဲ့ အဆိုကို ကန့်ကွက်ကြောင်း တင်ပြအပ်ပါတယ်။
Ref:Voice

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template