- NAING NAING SANAY MYANMAR NEWS
Headlines News :

Wednesday, August 15, 2012

လန်ဒန်မှ နယူးယော့ခ်သို့ တစ်နာရီဖြင့် အရောက်ပျံသန်းနိုင်မည့် ခရီးသည်တင်လေယာဉ်

လန်ဒန်မှ နယူးယော့ခ်သို့ တစ်နာရီဖြင့် အရောက်ပျံသန်းနိုင်မည့် မျိုးဆက်သစ် ခရီးသည်တင် လေယာဉ် အမျိုး အစား တစ်ခုကို အမေရိကန်တွင် သုတေသနပြု တီထွင်နေကြောင်း သိရှိရသည်။ မြန်နှုန်း Mach 6ထိ ပျံသန်းနိုင်ပြီး တစ်နာရီလျှင် မိုင်ပေါင်း(၄၅၀၀) ခရီးပေါက်မည့် လေယာဉ် တစ်စင်းသည် အနာဂတ်ကာလ ခရီးသည် ပို့ဆောင်ရေး ကဏ္ဍတွင် အသုံးပြုလာနိုင်ဖွယ် ရှိနေသည်။ လေယာဉ်သည် အသံ၏ မြန်နှုန်းထက် (၅)ကျော် မောင်းနှင်နိုင်ခြင်းဖြင့် လက်ရှိ လေယာဉ်များ ပျံသန်းနေသည့် ခရီးတာ အချိန်ရှည်လျားမှု ကို လျှော့ ချနိုင်မည် ဖြစ်သည်။ အသံလွန်နှုန်းဖြင့် မောင်းနှင်သော X-51A WaveRider လေယာဉ်သည် အမေရိကန် စစ်တပ်က ပိုင်ဆိုင်ပြီး နောက်ဆုံးပေါ် Scarmjet နည်းပညာသုံး အင်ဂျင်ဖြင့် မိုင်နှုန်းမြင့် မားစွာ   မောင်းနှင်နိုင်ကြောင်း သိရသည်။
 

ထိုလေယာဉ်သည် တစ်နာရီ မိုင်(၄၅၀၀)နှုန်းသို့ စက္ကန့်ပိုင်းအတွင်း အရှိန်မြှင့်တင် ပျံသန်းနိုင်သည်။ ယင်းနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ် လေ့လာနေဆဲဖြစ်ပြီး ခရီးသည် ပို့ဆောင်ရေး ကဏ္ဍတွင် အနာဂတ်ကာလ၌ အသုံးပြုလာနိုင်မည်ဟု မျှော်လင့်လျှက် ရှိသည်။ အတ္တလန္တစ် သမုဒ္ဒရာကို ဖြတ်ကျော်ကာ လန်ဒန်နှင့် နယူးယော့ခ် ကူးလူးမှုသည် ထိုလေယာဉ်ဖြင့် ပျံသန်းပါက (၁)နာရီမျှသာ ကြာမြင့်မည်ဟု သိရသည်။ B52 ဗုံးကြဲလေယာဉ်၏ တောင်ပံများကို တပ်ဆင်ထားသည့် လေယာဉ်ကို ကယ်လီဖိုးနီးယားရှိ အက်ဒွပ် လေတပ်စခန်းမှ စမ်းသပ်ပျံသန်းရန် စီစဉ်ထားသည်။



လေယာဉ်အား အရှိန်မြှင့် ဒုံးကျည်တစ်စင်းက Mach 4.5 မြန်နှုန်းထိ တွန်းတင်ပေးပြီးနောက် လေယာဉ်၏ အင်ဂျင်က စတင် အလုပ်လုပ်ကာ မြန်နှုန်း Mach 6 အထိ ရောက်ရှိလာစေမည်ဟု သိရှိရသည်။ အဆိုပါ လေယာဉ်သည် ပေပေါင်း (၇၀၀၀၀) အမြင့်တွင် ပျံသန်းနိုင်ရန် ဖန်တီးထားသည်။ WaveRiderသည် အနာဂတ်ကာလ လေယာဉ်များ၏ ထင်ရှားသိသာသော ခြေလှမ်းသစ်ဟု ယူဆနိုင်ပြီး ၎င်းကို အိုဟိုင်ယိုရှိ   လေတပ် သုတေသန ဌာနတွင် စမ်းသပ်တီထွင်ခဲ့သည်။ 




"ရိုက်ညီနောင် ခေတ်ကတည်းက စပြီး လေယာဉ်တွေကို ပိုကောင်း၊ ပိုမြန်လာအောင် အစဉ်အဆက် တီထွင် ခဲ့ပြီးပါပြီ။ အသံထက်မြန်တဲ့နှုန်းနဲ့ ပျံသန်းမှုဟာ အနာဂတ်မှာ အများကြီး အလားအလာ ကောင်းနေပြီး သားပါ။ နောက်ထပ် ခေတ်သစ်တစ်ခုကို ဝင်ရောက်ဖို့ တံခါးပေါက်ရှေ့ ရောက်နေပြီလို့ ယုံကြည်နိုင်ပါ တယ်" ဟု ယင်းဌာနမှ ပညာရှင် တစ်ဦးက ဆိုသည်။ 

လေယာဉ်ကိုစမ်းသပ်ပြန်သမ်းမှုပြုပုံ။
Wave Rider စီမံကိန်းသည် ပေါင်စတာလင် (၈၉)သန်းမျှ ကုန်ကျထားပြီးဖြစ်ကာ ယင်းကို စစ်ဘက်ရေးရာ မူဝါဒအရ စတင် သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ကမ္ဘာပေါ်၌ အမြန်ဆုံး ပျံသန်းနိုင်သည့် ခရီးသည်တင် လေယာဉ်သည် Cessna Citation Xဖြစ်ပြီး Mach 0.9 (သို့မဟုတ်) တစ်နာရီ မိုင်(၇၀၀)နှုန်းသာ ခရီးပေါက်ကြောင်း သိရှိရသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template