- NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, August 14, 2012

ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၃)


လူကြီးရော ကလေးပါမကျန် ဒုတ်၊ ဓါး လက်နက်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ ဘင်္ဂလီများ
ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်
ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၂) ကို ဒီနေရာတွင် နှိပ်၍ ပြန်လည် ဖတ်ရှုနိုင်ပါသည်။
လူ့အခွင့်အရေးဆိုတာက အခြေခံ လူသားတိုင်းအတွက် ရှိသင့်တယ်လို့ အသိအမှတ်ပြုထားတာပါ။ နိုင်ငံတခုရဲ့အခြေခံဥပဒေနဲ့ နိုင်ငံတော်လုံခြုံရေးအပေါ်ကို သွားပြီး လူ့အခွင့်အရေးနဲ့ နှိုင်းယှဉ် သုံးသပ်လို့ မရပါဘူး။ အခု မြန်မာပြည်က ပြဿနာဆိုတာ အစိုးရက ဘင်္ဂလီတွေကို မတရားလုပ်နေတာမဟုတ်ဘူး ဆိုတာ အခြေခံ သဘောပေါက်သင့်ပါတယ်။ ကြံစည်မှုရှိရှိ နယ်မြေဒေသ ထူထောင်ဖို့ လုပ်နေတဲ့ ကျူးကျော်စော်ကားသူ ဘင်္ဂလီတွေနဲ့ ဒေသခံတိုင်းရင်းသားရခိုင်တွေရဲ့ အရေးအခင်းတစ်ခုပါ။ ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖေါက်တာမဟုတ်လား။ ရခိုင်တိုင်းရင်းသားဘက်ကနေ ကြည့်ရမယ့် လူ့အခွင့်အရေး ရှုထောင့်တစ်ခုမဟုတ်ပါလား။ ဒါကိုပဲ ဘင်္ဂလီများဘက်မှနေ လူ့အခွင့်အရေးလို့ အော်နေတာဟာ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ပါဘူး။ အကြမ်းဖက်သောင်းကျန်းသူဖက်ကနေ အားပေးနေကြတာပါ။ မြန်မာနိုင်ငံနဲ့ တိုင်းရင်းသားရခိုင်များကို ဝိုင်းဝန်း စော်ကားနေကြတာနဲ့အတူတူပါပဲ။

လူအခွင့်အရေးထက် အမျိုးသားရေးက ပိုအရေးကြီးတယ်လို့ မျိုးချစ်စိတ်ရှိသူ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ မြန်မာပြည်ဖွား မူဆလင်ဘာသာဝင်တွေက တောင်းဆိုကြတယ်။ ပါကစ္စတန်နိုင်ငံက တာလီဘန်အကြမ်းဖက်အဖွဲ့ရဲ့ ခြိမ်းခြောက်မှုကို မြန်မာပြည်ဖွား မူဆလင်တွေက လက်မခံဘဲ သွေးစည်းမှုကို ပြသခဲ့တယ်။ အဲ့ဒီ ခြိမ်းခြောက်မှုဖြစ်စဉ်ကို ကြည့်ရင် ဘင်္ဂလီ တချို့ဟာ အကြမ်းဖက် တာလီဘန်အဖွဲ့နှင့် ဆက်သွယ်မှုရှိတာ သက်သေပြနေတယ်။ ဘင်္ဂလီများက မူဆလင်ဘာသာဝင်များ ဖြစ်နေတာနဲ့ ဘင်္ဂလီတွေရဲ့ လူသတ် မုဒိန်းကျင့်လုပ်ရပ်ကို ဘာသာရေး ပြဿနာဖြစ်သွားအောင် ဝိုင်းဝန်းပြီး လိမ်လည် မျက်လှည့်ပြကြတယ်။ လူ့အခွင့်အရေး စကားလုံးသုံးပြီး ပြဿနာကို ပြောင်းလဲလိုက်ကြတယ်။ ဒါဆို ဘာသာရေးပြဿနာအဖြစ် ရှုမြင်အောင် လုပ်သူတွေ လူ့အခွင့်အရေးပါလို့ ရှုမြင်အောင်လုပ်သူ ပြောသူတွေဟာ တရားမျှတမှု မှန်ကန်မှု ရှိမရှိ ကိုယ့်ကိုကိုယ် အရင်ပြန်ဝေဖန် ဆန်းစစ်သင့်ပါတယ်။
တာလီဘန် အကြမ်းဖက် လက်နက်ကိုင် တပ်ဖွဲ့
မြန်မာနိုင်ငံထဲမှာ အတူတကွနေထိုင်နေတဲ့ တိုင်းရင်းသားများထဲမှာတောင်မှပဲ လူမျိုးစုမတူရင် ပြဿနာပိုကြီးတယ်။ အမြင်ပိုစောင်းပါတယ်။ မုဒိန်းကျင့် လူသတ်တဲ့ ပြဿနာဆိုတာဟာညွန်ကြားချက်နဲ့ အစီအမံလုပ်ပြီး ရခိုင်တွေအပေါ်မှာ ဘင်္ဂလီတချို့က စနစ်တကျ ကျူးလွန်နေတဲ့ ရာဇဝတ်မူတွေပါ။ ယခင်ကလည်း ကျောက်ပန်းနုရွာဘက် လှိုဏ်ဂူတခုထဲမှာ လက်နက်ခဲယမ်းတွေသိမ်းဆည်းထားပြီး မြစ်ကြောင်းကနေ ဘင်္ဂလီတွေ ဝင်ရောက်လာတာဟာ ရခိုင်ဒေသခံတွေကို သတ်ဖြတ်ပြီး နယ်မြေသိမ်းဖို့ဆိုတာ လုံလောက်တဲ့အကြောင်းတစ်ခုမဟုတ်လား။ ဘင်္ဂလီတွေဘက် လိုက်အော်နေတဲ့ ဒေါက်တာဇာနည်ရဲ့ပြောခဲ့ဖူးတဲ့စကားလေးကိုပဲ သက်သေအဖြစ် လုံလောက်အောင် ဘင်္ဂလီအရေးတွေးမိသမျှဆောင်းပါးမှာ ဖေါ်ပြပေးခဲ့ပါတယ်။
အကူအညီပေးတာကို လက်ခံပေမယ့် မမှန်မကန် မဟုတ်မတရားလုပ်နေတာတွေ လူထုနဲ့ နိုင်ငံတော်အပေါ် လူလည်ကျတာမျိုးတွေကိုတော့ ဖေါ်ထုတ်အရေးယူပစ်ရမှာပါပဲ။ အစ္စလာမ်နိုင်င်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်လို အင်ဂျီအိုတွေများစွာ လက်ခံထားတဲ့နိုင်ငံတောင် အင်ဂျီအိုအဖွဲ့ ၅၀၀၀နီးပါး ဖျက်ပစ်လိုက်ပြီး ကန့်သတ်ချက်တွေ ဥပဒေတွေ တိုးပြီးချုပ်ကိုင်ဖို့စီမံနေတယ်ဆိုရင် အင်ဂျီအိုဆိုတာ လက်ခံတိုင်းမကောင်းဘူး ဆိုတာ ပေါ်လွင်နေပါတယ်။ အကြမ်းဖက်မူတွေဟာ မူဆလင်ဘာသာရေး အစွန်းရောက်တွေနဲ့ အင်ဂျီအိုဝန်ထမ်းတွေ ပါဝင်လှုံ့ဆော်လို့ဆိုတာကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်တိုင်က ထုတ်ဖေါ်ဝန်ခံထားတာပါ။ ဘင်္ဂလီဒေသမှာလည်း မော်လဝီတွေဟာ အကြမ်းဖက်မူတွေကို အဓိကကြိုးကိုင်နေသူတွေဖြစ်လို့ ဘာသာရေးကို အတင်းလိုင်းသွင်း အော်ဟစ်ပေးနေကြတာပါ။ ဘင်္ဂလီနှင့် ရခိုင်တိုင်းရင်းသား အရေးအခင်းအတွင်း အင်ဂျီအိုတွေ ရုံးတင်စစ်ဆေးခြင်းခံနေရတာတွေဟာ ရခိုင်ဒေသမှာတာဝန်ယူနေတဲ့ အင်ဂျီအိုတွေမမှန်ဘူးဆိုတာကို သက်သေပြနေတာပါပဲ။
အပိုင်း (၄) ကို အင်္ဂါနေ့တွင် စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှ ဆက်လက်တင်ပြပါမည်

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template