ဘင်္ဂါလီများ ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်လာမှုကြောင့် စစ်ဆေးအရေးယူနေ၊ တစ်လအတွင်း တရားမဝင်သောနည်းလမ်းများဖြင့် ဝင်ရောက်လာသူ ဘင်္ဂါလီ ၁၉ ဦးအား စစ်ဆေးနေ - NAING NAING SANAY MYANMAR NEWS
Headlines News :

Sunday, September 30, 2012

ဘင်္ဂါလီများ ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်လာမှုကြောင့် စစ်ဆေးအရေးယူနေ၊ တစ်လအတွင်း တရားမဝင်သောနည်းလမ်းများဖြင့် ဝင်ရောက်လာသူ ဘင်္ဂါလီ ၁၉ ဦးအား စစ်ဆေးနေ



ဘင်္ဂါလီလူမျိုးများ ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်နေမှုကြောင့် စစ်ဆေးအရေး ယူမှုများ ယခင်ကထက် ပိုမိုပြုလုပ်နေရကြောင်း သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။ဘင်္ဂါလီလူမျိုးများ ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်နေမှုကြောင့် စစ်ဆေးအရေးယူမှုများ ယခင်ကထက် ပိုမိုပြုလုပ်နေရကြောင်း သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ၏ ပြောကြားချက်အရ သိရှိရသည်။

သြဂုတ်လ ၂၉ ရက်နေ့မှ စက် တင်ဘာလ ၂၅ ရက်နေ့အထိ  ရန်ကုန် တိုင်းဒေသကြီးအတွင်းသို့ တရားမ၀င်သော နည်းလမ်းများဖြင့် ၀င်ရောက်လာသည့် ဘင်္ဂါလီလူမျိုး ၁၉ ဦးအား ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။
 
ယင်းကဲ့သို့ စစ်ဆေးတွေ့ရှိခဲ့သော ဖြစ်စဉ်မှာ  ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းပူးပေါင်း စစ်ဆေးရေး ဂိတ်၌ စစ်တွေမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးတွင် ဘင်္ဂါလီလူမျိုး ၁၄ ဦးတို့အား စစ်ဆေးတွေ့ ရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်စက်တင် ဘာလ ၂၄ ရက်နေ့တွင် မရမ်းကုန်း မြို့နယ်၊ ဦးဗဟန်လမ်းရှိ နေအိမ်တစ်အိမ်သို့ ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ရာ အရှုက္တူရီ(၁၈)နှစ် ဘင်္ဂါ လီ/အစ္မလာမ်၊ မင်းပြားမြို့နယ်ရခိုင် မြို့နယ်နေသူ တရားဝင်ခရီးသွားလာခွင့်ပြုချက် ယာယီသက်သေခံ လက်မှတ်များ ပါရှိခြင်းမရှိဘဲ ခရီးသွား လာနေထိုင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရှိရသည်။
 

ပြည်နယ်နှင့် တိုင်းအသီးသီးသို့ တရားမ၀င်နည်းလမ်းမျိုးစုံဖြင့် ၀င်ရောက်ရာတွင် ဆက်စပ်သော လမ်းပိုင်းများ၌ ဌာနအသီးသီးမှ တာဝန်ရှိသူများမှာ ယခုထက်စစ်ဆေးမှုများကို ပိုမိုတင်းကြပ်စွာ  ဆောင်ရွက်ရန် လိုအပ်သည့်အပြင် ရိုးသားစွာ လုပ်ဆောင်ရန်လည်း လိုအပ်ကြောင်း
အလားတူစက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၃ နာရီ ၁၀  မိနစ် အချိန်တွင် လှည်းကူးမြို့နယ် အမြန် လမ်းမကြီး တိုးဂိတ်မိုင်တိုင်အမှတ် ၁ မိုင်၎ဖာလုံတွင်သတင်းအရ သက်သေ များနှင့်အတူ သွားရောက်စုံစမ်းစဉ် မကွေးမြို့မှ ရန်ကုန်မြို့သို့ ၀င်ရောက်လာသော ခရီးသည်တင်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ဘင်္ဂါလီလူမျိုး လေးဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိ ရသည်။
 
ယင်းကဲ့သို့ တရားမ၀င်သော နည်းလမ်းမျိုးစုံဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ ဘင်္ဂါလီ လူမျိုး များ ၀င်ရောက်နေမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိသူတစ်ဦးက “အခုလ ပိုင်း တွေမှာ ရန်ကုန်တိုင်းထဲကို ဘင်္ဂါလီ လူမျိုးတွေ နည်းလမ်းမျိုးစုံနဲ့မကြာခဏ လိုဝင်နေကြတယ်။ ဒီကိစ္စတွေ ကိုတော့ စစ်ဆေးအရေးယူမှု ပြုလုပ်နေပါတယ်။ တရားမ၀င်နည်းလမ်းတွေနဲ့ ၀င်လာတဲ့ ဘင်္ဂါလီလူမျိုးအားလုံးကို မလွတ်အောင် စစ်ဆေးအရေးယူဖို့ဆိုတာ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ဖို့ ခက်ခဲတယ်။ ဒါပေမယ့် ပြည်သူတွေအနေ နဲ့အမျိုးသားရေးအသိစိတ်ဓာတ်ထား ပြီး မသင်္ကာတာတွေတွေ့ရင် နီးစပ် ရာရဲစခန်းကိုအကြောင်းကြားဖို့ လိုပါတယ်။ ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို ရောက်ဖို့ဆိုတာ ကြားထဲမှာရှိတဲ့ ပြည် နယ်နှင့် တိုင်းတွေကို ဘယ်လိုနည်း လမ်းမျိုးတွေနဲ့ ဖြတ်ကျော်လာတယ် ဆိုတာကိုတော့ စဉ်းစားစရာပါပဲ။ဘင်္ဂါလီလူမျိုးတွေက  သက်ဆိုင်ရာ တာဝန်ရှိသူတွေကို လာဘ်ပေးလာဘ် ယူလုပ်ပြီးတော့ ၀င်လာတာဖြစ်နိုင် သလို၊တာဝန်ကျတဲ့ သူတွေမသိအောင် ခိုးဝင်လာတာလည်း ဖြစ်နိုင်ပါတယ်။ ပြည်သူတွေအနေနဲ့ ပါဝင်ကူညီမယ် ဆိုရင်တော့ ဒီထက်ပိုပြီး အရေးယူ မှုတွေပြုလုပ်နိုင်မှာပါ”ဟုသုံးသပ်ပြော  ကြားခဲ့သည်။
 
ထို့ပြင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရုံးအဖွဲ့ မှူးဖြစ်သူဦးသန်းနိုင်ထွန်းက “တိုင်း ဒေသကြီးတွေ နဲ့ပြည်နယ်ဒေသတွေ ကို ဆက်စပ်သွားလို့ရတဲ့လမ်းကြောင်း တွေမှာ အထူးစီမံချက်တွေ ချမှတ်ပြီး တော့ တရားမ၀င်နည်းမျိုးစုံနဲ့သွား နေကြတဲ့ ဘင်္ဂါလီတွေကို ပူးပေါင်း အဖွဲ့တွေနဲ့ စစ်ဆေးပြီးတော့ အရေး ယူဆောင်ရွက်မှုတွေပြုလုပ်နေပါတယ်။ ကျွန်တော်တို့ဌာနကစစ်ဆေးရေးဂိတ် တွေမှာတာဝန်ကျတဲ့ ၀န်ထမ်းတွေတရား မ၀င်နည်းလမ်းတွေနဲ့ ၀င်ရောက်လာ သူတွေကို လာဘ်ပေးလာဘ်ယူလုပ် ပြီးတော့ လွှတ်ပေးခဲ့တာတွေကိုလည်း စစ် ဆေးပြီးတော့ အရေးယူမှုတွေ ပြု လုပ်နေပါတယ်။ ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေက ကုန်းလမ်းကလာတဲ့ အခါမှာစစ်ဆေးရေး ဂိတ်မရောက်ခင် သူတို့က ကားပေါ်ကဆင်းပြီး တော ထဲက လမ်းလျှောက်တယ်။ပြီးတော့ မြို့ထဲကို ၀င်ကြတယ်။ ဒီလိုသွားလာ လို့ရတဲ့နေရာတွေအကုန်လုံးမှာလည်း ပိတ်ဆို့စစ်ဆေးမယ်ဆိုရင်တော့ တရားမ၀င်ဝင်ရောက်လာမှုတွေကို ပိုမိုထိ ရောက်အောင် တားဆီးနိုင်မယ်လို့ ထင်ပါတယ်”ဟုသုံးသပ်ပြောကြားခဲ့သည်။
 
ဘင်္ဂါလီလူမျိုးများမှာ ရန်ကုန်တိုင်းဒေသကြီးအပြင် အခြားပြည်နယ် နှင့် တိုင်းအသီးသီးသို့ တရားမ၀င် နည်းလမ်းမျိုးစုံဖြင့်ဝင်ရောက်ရာတွင် ဆက်စပ်သောလမ်းပိုင်းများ၌ ဌာန အသီးသီးမှ တာဝန်ရှိသူများမှာ ယခု ထက်စစ်ဆေးမှုများကို ပိုမိုတင်းကြပ် စွာဆောင်ရွက်ရန်လိုအပ်သည့် အပြင် ရိုးသားစွာလုပ်ဆောင်ရန်လည်း လို အပ်ကြောင်း ရုံးအဖွဲ့မှူး ဦးသန်းနိုင် ထွန်းက ဆက်လက်ပြောကြားခဲ့ သည်။
 
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက် နေ့တွင် တရားမ၀င်ဝင်ရောက်လာ သောဘင်္ဂါလီလူမျိုးများကို ၁၉၄၉ ခုနှစ်ပြည်ထောင်စုမြန်မာနိုင် ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆(၂)(၃)ဖြင့်လည်းကောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့အား ယင်းဥပဒေပုဒ်မ ၆(၂)(၃)/ ၁၁၄ အရလည်းကောင်း၊ စက်တင် ဘာလ ၂၄ ရက်နေ့တွင် တရားမ၀င် ၀င်ရောက်နေထိုင်၍ စစ်ဆေးတွေ့ရှိရ သောဘင်္ဂါလီလူမျိုးကို ဘုရင့်နောင်ရဲ စခန်း(ပ) ၅၅၁/၂၀၁၂ ၊ ၁၉၄၉ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေ ထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၆ (၂)ဖြင့်လည်းကောင်း၊ စက် တင်ဘာလ ၂၅ ရက်နေ့တွင် စစ်ဆေး တွေ့ရှိခဲ့သော ဘင်္ဂါလီလူမျိုးများကို လှည်းကူးရဲစခန်း(ပ)၄၃၁/၂၀၁၂၊ ပုဒ်မ ၃၆၇ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
 
ယခုအရေးယူမှုများပြုလုပ်ထားသည့် တရားမ၀င်သော နည်းလမ်းများဖြင့် ၀င်ရောက်လာသော ဘင်္ဂါလီ လူမျိုးများကို စစ်ဆေးလျက်ရှိပြီး အဆိုပါကဲ့သို့ ဆက်စပ်သည့် ဖြစ်စဉ်များကိုလည်း ဖော်ထုတ်နို င်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template