ကာကွယ်ရေးဦးစီးချုပ်ကဂျာနယ်ထုတ်ဝေရန်စိုင်းပြင်းနေကြောင်းသတင်းများထွက်ပေါ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းဂျာနယ်တစ်စောင် ထုတ်ဝေရန် စီစဉ်လျက်ရှိကြောင်း ယခု ရက်ပိုင်းအတွင်း မီဒီယာလောကတွင် သတင်းများထွက်ပေါ်လျက် ရှိသည်။
ယခင်စစ်ထောက်လှမ်ရေး ဗိုလ်မှူးဟောင်းတစ်ဦးကိုဒု တိယဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ခေါ်ယူတွေ့ဆုံ ၍ စီစဉ်ခိုင်းခဲ့ကြောင်း ယင်း ဗိုလ်မှူး၏ ဂျာနယ်ထုတ်ဝေရေးတာဝန်ယူပေးရန် ကမ်းလှမ်းခြင်းခံရသူ သတင်း အယ် ဒီတာ တစ်ဦးက ဆိုသည်။
“သူက သိန်း ၃ထောင်လောက်ဆို ဖြစ်မလား၊ သတင်အဖွဲ့တွေကအစ တာဝန်ယူနိုင်မလားမေးတယ်”ဟု ၎င်းက ဆိုသည်။
ယခင်စစ်အစိုးရခေါင်းဆောင်ဟောင်းအသိုင်းအဝိုင်းတွင်ကိုယ်ပိုင်ဂျာနယ်ထုတ်ဝေခြင်းမှာ ခေတ်စားလျက် ရှိကြောင်း ကြံခိုင်ရေးပါတီခေါင်း ဆောင်တစ်ဦးက ပြောကြားသည်။
လက်ရှိရေးဆွဲလျက်ရှိသော မီဒီယာဥပဒေတွင် သတင်းမီဒီယာဌာနများ၏ ပိုင်ရှင်များကို တရားဝင်ထုတ်ဖော် ရန် ဆိုသည့်အချက်ကို ထည့်သွင်း ရန် မီဒီယာဥပဒေအလုပ်ရုံဆွေးနွေးပွဲများတွင် သတင်းစာဆရာများ က ထောက်ပြဆွေးနွေးခဲ့ကြသည်။
ယခုလက်ရှိတွင်ဗိုလ်ချုပ်ကြီးဟောင်းသူရရွှေမန်း၏sweetviewsဂျာနယ်၊ကြံ့ခိုင်ရေးပါတီ၏ ငွေကြေးအထောက်အပံ့နှင့် ရပ်တည်နေသော အင်ပါယာဂျာနယ်နှင့် ဗိုလ်မှူးချုပ်ဟောင်း အောင်သိန်းလင်း၏ My Way ဂျာနယ်တို့မှာ ထုတ်ဝေလျက်ရှိသည်ကို တွေ့ရသည်
No comments:
Post a Comment