ဘာလဲဟဲ့ထိုးစစ်..
အတွေးအမြင်
၂၀၁၂
ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်.. အပြာရောင်ဝတ်စုံများနဲ့
လူပေါင်းများစွာ. တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက်ဟု
ခေါင်းစဉ်တပ်သူများကတပ်၊ စစ်ပြေးဒုက္ခသည်များအတွက်ဟုခေါင်းစဉ်တပ်သူများ ကတပ်
နဲ့
ပြည်တွင်းစစ်ပွဲ ရပ်တန့်ဖို့အတွက် ခွင့်ပြုချက်မရဘဲ ဆူပူလှုပ်ရှားခဲ့ကြသည်။
တစ်တိုင်းပြည်လုံး၏
ထောက်ခံမှုများဖြင့် ရွေး ချယ်ထားသော အစိုးရရှိသည်၊ ပြည်သူအများ၏
အရေးကိုဆောင်ရွက်ရန်
ရွေးချယ်ပေးထားသော လွှတ်တော် အမတ်များရှိသည်၊ တစ်ကမ္ဘာလုံးမှ ဆုပေါင်းများစွာ
ပေးထားသော ဒေါ်အောင်ဆန်းစုကြည်နှင့်
ပြည်သူ့အကျိုး လုပ်ပါ့မည် ဆို၍ မဲပေးထားကြသော ပါတီများရှိသည်။
ထိုမျှရွေးချယ်ထားသော
လူများရှိပါသော်လည်း ထိုသူများ မမြင်တွေ့နိုင်ဟု ယူဆသောကြောင့်
ကချင်ပြည်နယ်၏ တောတောင်များထဲမှ
တံတားချိုးလိုက်၊ မိုင်းထောင်လိုက်နှင့် လက်နက်ကိုင်ပြီး မြို့ပေါ်နေချင်သော
သောင်းကျန်းသူများနှင့်
စစ်ပွဲရပ်တန့်ရန် လမ်းပေါ်လျှောက်၍ တစ်မျိုး၊ အင်းယားကန်ဘောင်ပေါ်မှ တစ်မျိုး
ပြောပြကြလေသည်။
(ပုံ)ဘယ်နေရာထိုင်ထိုင် ဘာပဲပြပြ သူများဝါရင်လိုက်ဝါ၊နီရင်လိုက်နီ၊ပြာတော့လည်းလိုက်ပြာပေါ့
ကချင်စစ်ပွဲကာလအတွင်း ထိခိုက်ဆုံးရှုံးမှုအများဆုံးခံရသူမှာ
ဒေသခံပြည်သူများနှင့် တပ်မတော်သားများပင် ဖြစ်သည်။နယ်နိမိတ်တိကျစွာသတ်မှတ်ရန် ခဲယဉ်းသော
နယ်စပ်နေရာများစွာရှိသည်၊ အချိန်မရွေးပြဿနာ ဖြစ်ပွားနိုင်သည့် ရေပိုင်နက်များရှိသည်၊
အခွင့်အရေးရသည်နှင့် မြန်မာနိုင်ငံတွင်းဝင်ရောက်လာနိုင်သည့် ရိုဟင်ဂျာများနှင့် ၄င်းတို့ကိုထောက်ခံပေးမည့်
အဖွဲ့အစည်းများ အန္တရာယ်များလည်း ရှိသေးသည်။
(ပုံ) ထိုးစစ်ရပ်ပြီးရင်တော့ ဒီလက်နက်တွေနဲ့ဆိုရင်...
ဒို့တာဝန် အရေး(၃)ပါးအတွက် တပ်မတော်အင်အားတောင့်တင်းအောင်
တည်ဆောက်ရမည့်အချိန်တွင် ငြိမ်းချမ်းသော နိုင်ငံတော်ကြီးဖြစ်ရန်အတွက် ကချင်ပြည်နယ်အတွင်း
တပ်မတော်သားများ အသက်စွန့်တာဝန်ထမ်းဆောင် နေရသည်။ မီဒီယာများမှ ဖော်ပြနေသည့် တိုက်ပွဲဖြစ်စဉ်များအတွင်း
ကျဆုံးသူများမှာ တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် တပ်မတော်သားများနှင့် အပြစ်မဲ့ပြည်သူများသာ
ဖြစ်ကြသည်။ ထိုသို့ဖြစ်နေပါလျှက် ကန်ဘောင်တွင်ထိုင်ကာ ကေအိုင်အေ လက်နက်ချ၊ သောင်းကျန်းသူ အမြစ်ဖြတ်ဟူ၍ အော်ရမည့်အစား
ထိုးစစ်ရပ်ခိုင်းခြင်းသည့် လိုင်ဇာ၊ဖားကန့်မှ မြစ်ကြီးနား၊ရန်ကုန်အထိ ကေအိုင်အေမိုင်းများ
ရောက်လာစေသည်အထိ ဖြစ်လာနိုင်ပေသည်။
ထိုးစစ်ရပ်သည်ဖြစ်စေ၊ငြိမ်းချမ်းရေးပင်ဖြစ်စေ၊ လက်နက်ကိုင်နေသမျှ
စစ်ပွဲများ ဖြစ်ပွားနေအုံးမှာ မလွဲပင်။ ပြည်သူအများထပ်မံ သေဆုံးနေရအုံးမည်ဖြစ်သည်။
သက်ဆိုင်ရာအစိုးရများရှိပါလျှက် ကချင်ပြည်နယ်အား KIA,KIO တို့အုပ်ချုပ်စေရန်အတွက် မည်သို့စဉ်းစားကာ
ကျောက်တိုင်စိုက်ပေးကြသနည်း…လမ်းများ၊ တံတားများ၊ ၀န်ထမ်းများ၏ အဆောက်အအုံများအား ဖျက်ဆီးသူများအား
မည်သည့်အတွက်ကြောင့် နေရာ ပေးမည်နည်း။
တပ်မတော်သည် ဒို့တာဝန်အရေး(၃)ပါးကို ကာကွယ်မည်ဖြစ်သည်။
အစိုးရအဖွဲ့သည် တိုင်းပြည် တည်ငြိမ်တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်မည်ဖြစ်သည်။ စစ်ပွဲတွင်လည်းပါဝင်ခြင်းမရှိ၊
စစ်ဘေး ကြောင့်ဖြစ်သည့် ဒုက္ခကိုလည်းခံစားဖူးခြင်းမရှိဘဲ ထိုးစစ်ဟု အမည်တပ်၊ ထိုးစစ်ကိုရပ်ပါ
ဟု ပြောသူများအတွက် မိုင်းထောင်တာကိုရပ်၊ တံတားချိုးတာကိုရပ်၊ လက်နက်ကိုင်တာကိုရပ်၊
အပစ်အခတ်ရပ် ဟူသော ဆိုင်းဘုတ်များကိုင်ဆောင်စေပြီး ကချင်ပြည်နယ်သို့သာ စေလွှတ်လိုက်စေချင်တော့သည်။
You might also like:
No comments:
Post a Comment