နေပြည်တော် စက်တင်ဘာ ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင် ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်
စက်တင်ဘာ(၂၈)ရက် ဒေသစံတော်ချိန် ညနေ(၆)နာရီတွင် ခေတ္တတည်းခိုသည့်
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ The Mark ဟိုတယ် ဧည့်ခန်းမ၌
မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်းမှ ဥက္ကဌ နှင့်အမှုဆောင်များအား
လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဌ
ဦးသိန်းဟန် (ခ) Mr. William H. Su ၊ ဒုတိယဥက္ကဌများနှင့် အမှုဆောင်များက
မြန်မာနိုင်ငံတွင် ဟိုတယ်လုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်း၊
ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း၊ ဓာတုဗေဒဆိုင်ရာလုပ်ငန်းနှင့်  ဥပဒေရေးရာကိစ္စရပ်များ လာရောက်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်သမ္မတက လုပ်ငန်းတစ်ခုချင်းအလိုက် ပံ့ပိုးဖြည့်ဆည်းပေးနိုင်မည့်အခြေအနေများ၊ ပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုး တက်ရေး အတွက်ဆောင်ရွက်ပေးရန်လိုအပ် ချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အသင်းအနေဖြင့် ယင်း ဖွံ့ဖြိုးရေးလုပ်ငန်းများတွ င် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
(နိုင်ငံတော်သမ္မတရုံး)
No comments:
Post a Comment