- NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, September 11, 2012

မုံရွာအမှတ်(၁)ရဲစခန်းရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ရဲကားတစ်စီး အရှိန်ပြင်းစွာမောင်းနှင်၍ ဆန္ဒပြနေသူနှစ်ဦး ဒဏ်ရာရ။

 ယနေ့နေ့လည် ၂ နာရီခန့်အချိန်တွင် 

မုံရွာအမှတ်(၁)ရဲစခန်းရှေ့တွင် ငြိမ်းချမ်း
စွာဆန္ဒပြနေသူများအနီးမှ တပ်ကြပ်
မြင့်သောင်းမောင်းနှင်သော ရဲကားတစ်စီးမှ

အရှိန်ပြင်းစွာကပ်မောင်းရာ ငြိမ်းချမ်းစွာဆန္ဒပြနေသူနှစ်ဦး ဒဏ်ရာရရှိသွားကြောင်း 
သတင်းရရှိပါသည်။

"အဲဒီကားကအစကတည်းကဘုန်းကြီးကျောင်းထ
ဲမှာရပ်ထားတာ၊ဆန္ဒပြနေတဲ့သူတွေကဘုန်းကြီးကျောင်း
အပေါက်ဝမှာ ပြနေကြတာ၊အဲဒါကို အဲဒီကားက အတင်းမောင်းထွက်တယ်၊ လူတွေက 
ဝိုင်းဆွဲပေမယ့်မရဘူး။ကားလီဗာကို အတင်းနင်းပြီး ဆန္ဒပြနေတဲ့သူတွေရဲ့ ကျောဘက်ကနေ ကပ်မောင်းသွားတယ်၊ ဆန္ဒပြနေသူတဲ့သူနှစ်ယောက် ကားဘီးနဲ့နင်းမိပြီး ဒဏ်ရာရသွားပါတယ်
" ဟု မျက်မြင်ကိုယ်တွေ့ ကြုံခဲ့သူတစ်ဦးက ပြောကြားသည်။
 
 
 
အဆိုပါဖြစ်ရပ်သည် ငြိမ်းချမ်းစွာဆန္ဒပြနေသူများအား ထိခိုက်ဒဏ်ရာ ရရှိအောင် တမင်ကြံရွယ်လုပ်ဆောင်ခြင်ဖြစ်ကြောင်း၊ 
 
ထိုကား မောင်းထွက်လိုပါက လူထုကိုခွင့်တောင်းပြီး မောင်းထွက်နိုင်သော်လည်း ထိုကဲ့သို့မပြုလုပ်ပဲ မထီမဲ့မြင်ပုံစံဖြင့် ကြမ်းတမ်းစွာပြုမူခြင်းဖြစ်ကြောင်း စသည်ဖြင့် မျက်မြင် ကိုယ်တွေ့များက
 ဝေဖန်ကြသည်။

ယခုအခါတွင် မုံရွာတရားရုံးသို့ အဆိုပါအမှုနှင့်ပတ်သတ်ပြီး ဦးတိုက်လျှောက်ထားနေပြီ ဖြစ်ကြောင်း သိရပါသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template