အာရှတိုက်၏ အကြီးမားဆုံး အကြမ်းဖက်အဖွဲ့အစည်း... KIA
အစိုးရနဲ့
 ကချင်ပြည်နယ်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား ညှိနှိုင်းဆွေးနွေးသော်လည်း 
ငြိမ်း ချမ်းရေးမရနိုင်သေးခြင်းမှာ KIO ခေါင်းဆောင်များအတွင်း သဘောထားနှစ် 
မျိုးဖြစ်ပေါ်နေခြင်းကြောင့်ဖြစ် ပါတယ်၊ အစိုးရဘက်မှ ၀န်ကြီးဦးအောင်မင်းဟာ 
KIO နဲ့ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပါတယ်၊ အစိုးရက စိတ်ရှည်
ရှည်ထားပြီး
 အလျှော့ပေးညှိနှိုင်းမှုတွေလည်းရှိတယ်လို့ သတင်းတွေကဆိုပါတယ်၊ ၂၀၁၁ 
နှစ်ကုန်ပိုင်းမှာ အစိုးရက စစ်တပ်ကို ကချင်ပြည်နယ်အတွင်း ထိုးစစ်မဆင်ဖို့ 
အမိန့်ထုတ်ခဲ့တဲ့အချိန်မှာတော့ ကချင်ပြည် နယ်နေရာအနှံ့စစ်တပ်ရဲ့ 
တိုက်ခိုက်မှုတွေ လုံးဝရပ်တန့်သွားပါတယ်၊ ဒီအခြေအနေမှာ KIO က တစ်စခန်း 
ထလာပါတော့တယ်၊ ကြောင်မရှိလို့ ကြွက်ထတဲ့ပုံစံမျိုးပေါ့ဗျာ။ 
လိုင်ဇာနဲ့
 နီးစပ်သူတွထံက သိရှိရတဲ့သတင်းတွေအရ စစ်တပ်ကထိုးစစ်ဆင်မှုတွေ ရပ်တန့် 
သွားတဲ့ကာလ ၂၀၁၂ နှစ်ဆန်းပိုင်းကစပြီး KIO အတွင်း 
သဘောထားကွဲလွဲမှုကြီးမားလာခဲ့ပါတယ်၊ ဥက္ကဋ္ဌဇောင်းဟရားနဲ့ ဗိုလ်ချုပ် 
ဂွမ်မော်တို့ဟာ အစိုးရနဲ့ငြိမ်းချမ်းရေးလုပ်ဖို့ လိုလားတဲ့သဘောရှိတယ်၊ 
ဒုဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဗိုလ်ချုပ် ဂမ်ရှောင်တို့ကတော့ 
အစိုးရတပ်ငြိမ်နေတဲ့အခြေအနေကို အမိအရ အသုံးချပြီး တိုက်ခိုက်မှုတွေ 
တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ ကြတယ်၊ ဥက္ကဋ္ဌဖြစ်တဲ့ ဇောင်းဟရားဟာ 
အင်ဘန်လတို့အုပ်စုအပေါ် ဘာသြဇာမှမသက်ရောက်နိုင်ဘဲ မည်ကာမတ်တပ် ဟန်ပြသက်သက်သာ
 ဥက္ကဋ္ဌနေရာရပ်တည်နေရသူဖြစ်တယ်၊ ဘယ်လောက်ထိ သဘောထား ကွဲလွဲခဲ့သလဲဆို အစည်း 
အဝေးတစ်ခုမှာ ဗိုလ်ချုပ် ဂမ်ရှောင်နှင့် ဗိုလ်ချုပ် 
ဂွမ်မော်တို့အချင်းချင်း ပစ်ကြခတ်ကြတဲ့ အထိဖြစ်ခဲ့တယ်၊ နိဂုံးချုပ်တော့ 
ဗိုလ်ချုပ် ဂွမ်မော် လိုင်ဇာဆေးရုံ ရောက်သွားတယ်။
ဇောင်းဟရားနဲ့
 ဗိုလ်ချုပ် ဂွမ်မော်တို့က တစ်ကယ်တမ်းတော့ ငြိမ်းချမ်းရေးလိုလားတယ်၊ သူတို့
 က နိုင်ငံရေးသမားတွေမို့ အတွေးအခေါ်ရှိတယ်၊ အမြင်လဲကျယ်တယ်၊ သူတို့နဲ့ 
သက်စွန့်ဆံဖျားလုပ်နေရတဲ့ လက်အောက်ငယ်သားတွေက တစ်သဘောထားအတိုင်းပါပဲ၊ 
ခက်တာက ဒုဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဗိုလ်ချုပ် ဂမ်ရှောင်တို့အုပ်စု၊ 
ဒီလူတွေက စစ်သွေးကြွတွေလို့ ပြောရင်လဲရတယ်၊ အစည်းအဝေးတွေမှာ တိုက်မယ်၊ 
ခိုက်မယ်၊ ဗုံးခွဲမယ်ပဲပြောပြီး၊ လက်ခုပ်လက်ဝါး တီးတာကို 
အရသာခံနေတတ်သူတွေပါ၊ သူတို့ထပ်တလဲလဲပြောနေတာက ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်၊ 
သူတို့ခေါင်းထဲမှာ ဒါပဲရှိတယ်၊ နိုင်ငံရေး အတွေးအခေါ်မရှိဘဲ 
စစ်တိုက်ဖို့သက်သက်သာ သိတဲ့လူတွေပါ၊ KIO အတွင်း ဒီအုပ်စု ၂ စု ကွဲနေ 
တာကြောင့် အစိုးရနဲ့ငြိမ်းချမ်းရေးမအောင်မြင်သေးတာဖြစ်ပါတယ်။
KIO
 လုပ်လို့ ဖားကန့်က စီးပွားရေးလုပ်ငန်းအကုန်လုံးနီးပါး ပျက်ဆီးကုန်တယ်၊ 
ဖားကန့်လို ကျော်ကြားတဲ့ ကျောက်စိမ်းလုပ်ငန်းနယ်မြေဟာ၊ KIO ကြောင့် 
အတော်အရုပ်ဆိုးခဲ့ရတယ်၊ ကုမ္ပဏီတွေဆီက ဆက်ကြေးတွေ အဆမတန်ကောက်ပြီးတဲ့နောက် 
ဖားကန့်ဒေသရဲ့ တည်ငြိမ်မှုကို ဖျက်ဆီးပစ်ခဲ့တယ်။
ပြီးခဲ့တဲ့
 လေး/ငါးရက်လောက်က ဖားကန့်မှာကျောက်စိမ်းတူးနေတဲ့ ကုမ္ပဏီလုပ်ငန်းရှင်တွေကို
 KIO က ကံဆီးကို ခေါ်တွေ့တယ်၊ လုပ်ကွက်ထဲကလူတွေ အကုန်ထွက်သွားရမယ်၊ 
ဘယ်သူမှမမြင်ချင်ဘူး၊ ဒါပေ မယ့် လုပ်ငန်းသုံးယာဉ်တွေ ဘက်ဟိုးတွေ 
မြေသယ်ယာဉ်တွေ ကျောက်ဖောက်စက်တွေအားလုံး ကားသော့တွေနဲ့အတူ ထားခဲ့ရမယ်၊ 
လုပ်ငန်းတွေရပ်ထားလို့ အခက်အခဲဖြစ်နေရသူတွေအတွက် ဆန်၊ ဆီတွေ 
ထောက်ပံ့ပေးရမယ်၊ ပြီးယင် ဖားကန့်မှာ လူစုပြီး ဆန္ဒပြရမယ်လို့ပြောခဲ့ တယ်။ 
ပြောပြီး သိပ်မကြာ ခင်မှာပဲ ကချင်ပြည်နယ်အတွင်း 
ဆိုးရွားတဲ့ဖြစ်စဉ်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။
ဒုဗိုလ်ချုပ်ကြီး အင်ဘန်လဟာ ပက်စက်လှတဲ့ အကြံအစည်တစ်ခုကို ဖားကန့်ဘက်မှာ အကောင် အထည် ဖော်ခဲ့တယ်၊
 ဖားကန့်မြို့နယ်၊ မှော်မောင်းလျှံရွာမှာရှိတဲ့ ဝေကုမ္ပဏီရဲ့ အဆောက်အဦတွေ 
ကို ဖောက်ခွဲဖျက်ဆီးဖို့ အမိန့်ပေးခဲ့တယ်၊ ဒီကုမ္ပဏီဟာ ဖားကန့်မှာ 
အတော်ကြီးမားတဲ့ ကုမ္ပဏီတစ်ခုပါ၊ KIO ကိုလည်း ဆက်ကြေးပုံမှန် ပေးခဲ့ပေမယ့် 
တစ်နေ့ထက်တစ်နေ့ ငွေပိုလိုလာတဲ့ KIO အဖွဲ့ရဲ့ နောက် ဆုံးတောင်းတဲ့ငွေက သန်း
 ၂၀၀၀ ဖြစ်ပါတယ်၊ ဒီငွေကိုပေးဖို့ နောက်ဆုံးရက်သတ်မှတ်ထားတာက သြဂုတ်လ ၂၅ 
ရက်နေ့လို့ ပြောပါတယ်၊ ကုမ္ပဏီက လူတွေက လုပ်ငန်းမလုပ်ရလို့ သူတို့ပြောတဲ့ 
သန်း ၂၀၀၀ ဘယ်လိုမှမဖြစ်နိုင်ကြောင်း တောင်းပန်တာတွေ 
အကြိမ်ကြိမ်လုပ်ခဲ့ပေမယ့် ဒုဗိုလ်ချုပ်ကြီး အင်ဘန်လက လက်မခံပါဘူး၊ 
ဖားကန့်ဒေသရဲ့ ကုမ္ပဏီတွေအားလုံး အတွက် စံနမူနာပြ အပြစ်ပေးခြင်းဆိုပြီး 
ကချင်ပြည်နယ်မှာ အကြီးမားဆုံးလို့ဆိုနိုင်တဲ့ KIO ရဲ့ ဖျက်ဆီးမှုကို 
စီစဉ်ခဲ့တယ်၊ ၂၉ ရက်နေ့ ညနေဘက်မှာ ကံဆီးဘက်က KIO ၁၀ ယောက်လောက်က 
ကားနှစ်စီးနဲ့ ဝေမိသားစု ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီဝန်းထဲကို 
အပြင်းမောင်းနှင်လာပြီး ကုမ္ပဏီက၀န်ထမ်းတွေကို ပစ်ခတ်မောင်းထုတ် ခဲ့ပါတယ်၊ 
နောက်ပြီး သူတို့မှာအသင့်ပါလာတဲ့ မိုင်းတွေကို စက်သုံးဆီပေပါတွေ၊ 
ဆီသိုလှောင်ကန်တွေ၊ အဆောက်အဦတွေထဲမှာ အနှံ့လိုက်ကပ်တယ်၊ 
ပြီးတာနဲ့ချက်ချင်း ပြန်ထွက်သွားပြီး ၁၀ မိနစ်လောက် အကြာမှာ အဝေးကနေ 
ဖောက်ခွဲခဲ့တာဖြစ်တယ်၊ ပေါက်ကွဲသံဟာ မိုးချုန်းသံလိုပဲ ကျယ်လောင်လှ ပါတယ်၊ 
သေနတ်သံ ကြားလို့ ရောက်လာတဲ့စစ်တပ်က ၁၀ ယောက်လောက်ရှိတဲ့ အဖွဲ့ဟာ ပေါက်ကွဲ 
မှုကြောင့် သေဆုံးခဲ့ရတယ်၊ မပြေးနိုင်လို့ကျန်ခဲ့တဲ့ ကုမ္ပဏီဝန်ထမ်း၊ 
သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ် ၂၀ ကျော်တို့ရဲ့ ခန္ဓာကိုယ်တွေဟာ 
ပေါက်ကွဲမှုတွေအတွင်းမှာ အစပျောက်ခဲ့ရတယ်၊ နောက်ဆုံး သိရတဲ့ စာရင်းတွေအရ 
ကုမ္ပဏီဝန်းထဲက ယာဉ်ကြီး၊ ယာဉ်ငယ် အစီး ၅၀ လောက် ပျက်စီးခဲ့ပါတယ်၊ 
ဒီလုပ်ရပ်ကို သက်သေပြုပြီး KIO ဟာ အာရှတိုက်ရဲ့အကြီးမားဆုံး အကြမ်းဖက်အဖွဲ့အစည်းဆိုတာ နိုင်ငံတကာကို သိစေတော့မှာ ဖြစ်ပါတယ်။
ကချင်တစ်မျိုးသားလုံး၏ ရန်သူအစစ်... KIA ပင်ဖြစ်ပါသည်
ကချင်ပြည်နယ်အတွင်း
 ငြိမ်းချမ်းရေး မရနိုင်သေးခြင်းဟာ ဘာကြောင့်ပါလဲ... ဖားကန့် အကြမ်းဖက် 
ဖောက်ခွဲမှုကြီးက အဖြေပေးခဲ့ပါပြီ၊ KIA အနေနဲ့ ကျွန်တော်တို့ပြည်နယ်ရဲ့ 
တည်ငြိမ်အေးချမ်းမှု ကို ဘယ်လောက် အထိ ဖျက်ဆီးနေသလဲ သိမြင်နိုင်ကြပါပြီ၊ 
တစ်ကယ်တမ်းတော့ KIA ဟာ ကျွန်တော်တို့ ကချင်လူမျိုးတွေကို ကိုယ်စားမပြုသလို 
ကချင်ပြည်နယ်ကိုလည်း ကိုယ်စားပြုတဲ့အဖွဲ့မဟုတ်ပါဘူး၊ KIA ဟာ 
ငြိမ်းချမ်းရေးအစီအစဉ်မှာ ကန့်လန့်လုပ်နေတဲ့ အကြမ်းဖက်သူပုန်အဖွဲ့တစ်ခုသာဖြစ်ပါတယ်၊ ဒါကြောင့်
 ကျွန်တော်တို့ပြည်နယ်ရဲ့ ရန်သူအစစ်၊ ကချင်တစ်မျိုးသားလုံးရဲ့ ရန်သူအစစ်ဟာ 
KIA ပင်ဖြစ်တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို အနီးဆုံးရန်သူကို 
ရှာဖွေတိုက်နိုင်ရန် ကချင်တိုင်းရင်းသား အားလုံး ရဲ့ကိုယ်စား 
ဖော်ထုတ်ရေးသားလိုက်ရပါတယ်။
မရန်ခေါင်လွမ်း






No comments:
Post a Comment