လွှတ်တော်အစည်းအဝေးများ အောက်တိုဘာလ ၁၈ ရက်နေ့၌ ပြန်လည် စတင်မည် - NAING NAING SANAY MYANMAR NEWS
Headlines News :

Thursday, September 27, 2012

လွှတ်တော်အစည်းအဝေးများ အောက်တိုဘာလ ၁၈ ရက်နေ့၌ ပြန်လည် စတင်မည်




ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမအကြိမ် ပဉ္စမပုံမှန်အစည်းအဝေးများအား အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း လွှတ်တော်နှစ်ရပ်လုံးမှ ကြေညာချက် ထုတ်ပြန်မှုအား နိုင်ငံပိုင် ရုပ်မြင်သံကြား သတင်းဌာနများတွင် စက်တင်ဘာလ ၂၆ ရက်နေ့၌ ထုတ်လွှင့်သွားမှုများအရ သိရသည်။ 

လွှတ်တော်ပုံမှန် အစည်းအဝေးများကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် စတင်ကျင်းပမည် ဖြစ်ကြောင်းနှင့် လွှတ်တော် တက်ရောက်မည့် ကိုယ်စားလှယ်များအား ဖိတ်စာ ပေးပို့ထားသော်လည်း ဖိတ်စာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အောက်တိုဘာလ  ၁၆ ရက်နေ့ထက် မစောဘဲ ၁၇ ရက်နေ့ထက် နောက်မကျဘဲ လွှတ်တော်ရုံးအမှတ် ၂၀ သို့ အကြောင်းကြားရမည် ဖြစ်ကြောင်း ထုတ်လွှင့်ခဲ့သည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန် အစည်းအဝေးများအား  စက်တင်ဘာလ ၇ ရက်နေ့တွင် ရပ်နားခဲ့ပြီး ဥပဒေကြမ်းငါးခု အတည်ပြုခြင်း၊ နိုင်ငံတော် ဒုတိယသမ္မတ တစ်ဦးနှင့် ပြည်ထောင်စုအဆင့် အဖွဲ့ဝင် ၁၃ ဦးအား ခန့်အပ်ခြင်းများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကိစ္စများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template