စစ်တွေတွင် လုံခြုံရေး တင်းကျပ်၊ သတင်းအမှားထုတ်ပြီး ဆူပူမှု ဖြစ်အောင်ဖန်တီးမှုများ ရှိနေ - NAING NAING SANAY MYANMAR NEWS
Headlines News :

Saturday, September 29, 2012

စစ်တွေတွင် လုံခြုံရေး တင်းကျပ်၊ သတင်းအမှားထုတ်ပြီး ဆူပူမှု ဖြစ်အောင်ဖန်တီးမှုများ ရှိနေ


ss
၂၉ရက်နေ့ စက်တင်ဘာ ၂၀၁၂  —-  ယနေ့ စစ်တွေ၏ အခြေအနေမှာ တည်ငြိမ်နေသော်လည်း အင်ဘာလာ ကျေးရွာအနီး တ၀ိုက်တွင် လုံခြုံရေးကို အင်အားဖြည့် တိုးချဲ့ ချထားကြောင်း သတင်းရရှိသည်။
“ ရေခဲချောင်းရောင်းတဲ့ ကောင်လေး သေဆုံးတယ်ဆိုတာက ဖြစ်နိုင်ခြေ မရှိ ဖြစ်နေပါတယ်။ ဒါပေမယ့် လူတွေက အစိုးရ ----တာဝန်ရှိသူတွေ ပြောတာကို ယုံကြည်မူ မရှိ ဖြစ်နေတယ်။ တချို့ လူတွေက သတင်းမှား ထုတ်ပြီး ဆူပူမူတွေ ထပ်ဖြစ်အောင် ဖန်တီးနေတဲ့ အနေထားမှာ ရှိပါတယ်” ဟု စစ်တွေမှ အမည်မဖေါ်လိုသူ  နိုင်ငံရေး သမား တစ်ဦးက ပြောသည်။

ဆူပူမူများ ဖြစ်အောင် ဖန်တီးနေသူများမှာ မည်သူများ ဖြစ်နိုင်မလဲဟု မေးမြန်းရာ ခန့်မှန်း ရခက်ကြောင်း သူက ပြောဆိုသည်။
ယမန်နေ့က အခြေအနေမှာ ပေါက်ကွဲ လုနီးပါး ဖြစ်ပေါ်ခဲ့ကြောင်း အာဏာပိုင်များက အချိန်မှီ ထိန်းသိမ်းနိုင်ခဲ့၍ ပြဿနာ မပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ ဟိုဘက် ဒီဘက် နှစ်ဖက်စလုံးမှာ တုတ်တွေ၊ ဓါးတွေ ဓါတ်ဆီ ပုလင်းတွေ အပြည့်ပါဘဲ။ ပေါက်ကွဲမူ ဖြစ်လို့ကတော့ အရင်ထက် ပိုဆိုးသွားနိုင်ပါတယ်။ အခုက လူတွေက မကြာခင်က ဆူပူ ဖြစ်ထားတော့ အဆင်သင့် ပြင်ဆင်ထားကြတယ်။ လူတိုင်းလက်မှာ လက်နက် ကိုယ်စီ ရှိကြပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုအခါ လုံခြုံရေးကို ပိုပြီး တင်းကျပ်ရန် အတွက် နောက်ထပ် အကူတပ်များ အင်ဘာလာ ရပ်ကွက်ဘက်သို့ ကား (၅) စီးခန့်နှင့် အတူ ၀င်ရောက် လာသည်ဟု သတင်း ရကြောင်း သူက ပြောသည်။
စစ်တွေ ဆတ်ရိုးကျချောင်း တဘက်ကမ်း ကျေးတောရွာမှ ဦးစောမောင်နှင့် ဒေါ်မချေတို့၏ သားဖြစ်သူ အောင်နိုင်ဦး (အသက် ၁၂ နှစ်)အား ရေခဲချောင်း ရောင်းနေစဉ် အင်ဘာလာ ရပ်ကွက်ထဲသို့ ခေါ်ယူပြီး မွတ်ဆလင် အုပ်စု တစ်ခုက သတ်ပစ်လိုက်ပြီ ဆိုသော သတင်း စစ်တွေမြို့သို့ ပျံ့နှံ့သွားခဲ့ပြီးနောက် လူပေါင်း ၃၀၀၀ ခန့်က အဆိုပါ ကျေးရွာအား ၀ိုင်းဝန်းထားခဲ့ကြသည်ဟု ဆိုသည်။

ညနေပိုင်းထိ လူများက အဆိုပါ ကျေးရွာအနီးတွင် စုရုံးနေခဲ့ကြပြီး ပုဒ်မ ၁၄၄ ကြောင့် ညနေ ခုနှစ် နာရီခန့်တွင်  လူစု ကွဲသွားခဲ့သည်ဟု ဆိုသည်။

လူစုခွဲရန်  ရေခဲချောင်းရောင်သည့် လူငယ် အောင်နိုင်ဦး အသတ်ခံ ပျောက်ဆုံးနေသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ် အစိုးရမှ ရှင်းလင်းပြောကြားခဲ့သော်လည်း မကျေနပ်သူ လူပေါင်း ၂၀၀ ခန့်က လူစုမကွဲမှီ  ဓါတ်မီးတိုင်များကို တုတ်ချောင်းများဖြင့် ခေါက်ကာ အစိုးရကို “ လက်ရှိ အစိုးရ- ကုလား အစိုးရ” ဟု ဟစ်အော်ကာ သရော်ခဲ့ကြသည်ဟု မျက်မြင် တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေ မြို့နယ် ပြည်နယ် လွှတ်တော် ဦးအောင်မြကျော်ကမူ အဆိုပါ လူငယ် အောင်နိုင်ဦးမှာ မိဖ လက်ထဲသို့ ပြန်ရောက်သွားပြီ ဖြစ်ကြောင်းနှင့် သေဆုံးသွားသည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ ကောလောဟလသာဖြစ်ကြောင်း ယမန်နေ့က ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကို ပြောကြားခဲ့သည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template