ပဲခူးမြို့ပေါ်တွင် လိုင်စင်မဲ့ကားများ အရောင်းအ၀ယ်ဖြစ်နေ - NAING NAING SANAY MYANMAR NEWS
Headlines News :

Friday, September 28, 2012

ပဲခူးမြို့ပေါ်တွင် လိုင်စင်မဲ့ကားများ အရောင်းအ၀ယ်ဖြစ်နေ


ပဲခူးတိုင်းဒေသကြီး၏ မြို့ တော်ဖြစ်သော ပဲခူးမြို့ပေါ်တွင် လိုင်စင်မဲ့ကား အရောင်း အ၀ယ် လုပ်ငန်းကို ပဲခူးမြို့လိပ်ပြာကန် အနီးဝန်းကျင်ရှိ လမ်းကြားများ တွင်  အရောင်းအ၀ယ်ဖြစ်နေ ကြလျက်ရှိသည်။ ယခုအခါ ပဲခူး မြို့ပေါ်တွင် လိုင်စင်မဲ့ကားစီးရေ (၅၀)မျှ ရှိနေပြီဖြစ်ကြောင်း ကား အရောင်းအ၀ယ် ပြုလုပ်နေသူ အမည်မဖော်လိုသူ တစ်ဦးထံမှ သိရသည်။
လိုင်စင်မဲ့ကားများတွင်ံသည် Honda Fit ၊ Mart II ၊ လိုက် ထရပ်ကားများမှာ အများဆုံးဖြစ် ကြောင်း သိရသည်။  မြန်မာ ပြည်အရပ်ရပ်မှ ကားဝယ်လိုသူ များက ပဲခူးမြို့ရှိ ပင်မကား အရောင်းအ၀ယ်ဒိုင်များသို့ မှာယူ နေခြင်းဖြစ်သည်။ ကားအ၀ယ်ဒိုင် များ၏ မှာကြားချက်အရ မြ၀တီ မြို့မှ နေ့စဉ်ပုံမှန်လိုင်စင်မဲ့ကား (၁၀)စီးမျှ ရောက်ရှိနေလျက်ရှိ သည်။
ပဲခူးမြို့က ကားအ၀ယ်ဒိုင် များမှတစ်ဆင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေး တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အသီးသီးသို့ ကားများမှာကြား ချက်အပေါ်မူတည်၍ ပို့ပေးနေရ ကြောင်း ----စုံစမ်းသိရှိရသည်။
ယခုအခါ ကားစီးမည့် အချို့ သောပုဂ်္ဂိုလ်များမှာ လိုင်စင်နှင့် ကားတစ်စီးကို ကျပ်သိန်း(၂၀၀) ဈေးဝန်းကျင် ဈေးပေါက်နေသော် လည်း နှစ်ဆယ့်ငါးသိန်းဝန်းကျင် သာပေးလျှင် ကားစီး၍ရနေကြ သဖြင့် ပဲခူးမြို့ပေါ်ရှိ ကားဝယ် ရောင်း ပုဂ်္ဂိုလ်များနှင့်ချိတ်ဆက် ကာ လိုင်စင်မဲ့ကားများကိုသာ အများစု ၀ယ်စီးနေကြလျက်ရှိ သည်။

နီလာဝင်း (ရွှေသွေးကြီး)

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template