အဲဒီအိမ်… လူမနေဖူး!........................(အပိုင်း-2)
ပြီးတော့ … ခြောက်လပိုင်းဆိုတာက မိုးအသေရွာတဲ့ လတွေလေဗျာ။ အဲဒီမိုးရွာတဲ့ ညတွေမှာ အနော်တို့ အေးအေးချမ်းချမ်းအိပ်ရတယ်။
အဲဒီလို ဖြစ်ပျက်နေတုန်းကလည်း အနော်က ရန်ကုန်မှာ ခြံကိစ္စနဲ့ ပိုက်ဆံလာယူနေတာ။ အနော် မသိလိုက်ဘူး။ အနော် ပြန်တော့ … အမတွေရော၊ ညီတွေကရော ပြောပြကြတယ်။ “ငါတို့ ဟယ်၊ လေး၊ ငါးရက် မအိပ်ရဘူး” အဲဒီအိမ် ဒုက္ခပေးတာ။ အနော် ညီတွေက မကြောက်တတ်တော့ … နောက်နေကြတယ်။ “သရဲမက အားနိုးကိုများ ကြိုက်နေသလား မသိဘူး” တဲ့ လေ။ အားနိုးဆိုတဲ့ ခွေးကလည်း အဲဒီတစ်ညလုံး မအိပ်ရဘူး။ အသေဟောင်ရတာလေ။ အဲဒါနောက်နေ့ တွေလည်း ထပ်ဟောင်ရတော့ … စိတ်ညစ်သွားတယ်ထင်ပါတယ်။ အိမ်ကိုတောင် ပြန်လာမအိပ်တော့ ဘူး။ သုံးလေးရက် ပျောက်သွားတယ် :D ။
ဒီလိုနဲ့ အနော် ရှိနေတဲ့ ရက်တွေ မှာ ထူးထူးခြားခြား အဲဒီအိမ်နဲ့ ပတ်သတ်လို့ ဘာမှ မဖြစ်ပါဘူး။ ပြီးတော့ အနော်လည်း ညဘက် အင်တာနက်ဆိုင်သွားတာ လျှော့ ထားတယ်။ ဦးလေးအိမ်ကို အားနာလို့ ပါ။ ကိုယ်က အချိန်မတော်ကြီး ပြန်လာတော့ … သူတို့ တွေ အိပ်လို့ ကောင်းနေတုန်း … တံခါးထဖွင့်ရ၊ ဘာလုပ်ရနဲ့ … အလုပ်ရှုပ်မှာဆိုးလို့ ။ အဲဒါကြောင့် ညဆို ကိုးနာရီ အိမ်အရောက်ပြန်တယ်။ ပြီးရင် မောင်နှမတွေနဲ့ … ရုပ်ရှင်ခွေတွေ ထိုင်ကြည့် ဖြစ်တယ်။
ဒီလိုနဲ့ တစ်ညမှာပေါ့ဗျာ။ အားလုံး အိပ်ကုန်ပြီ။ အနော်နဲ့ အနော်ညီနဲ့ နှစ်ယောက်တည်း ရုပ်ရှင်ကြည့် ရင်းနဲ့ အချိန်က ည ၁ နာရီလောက် ဖြစ်နေပြီ။ အဲဒီအချိန်မှာ အိမ်အောက်က အားနိုးက ထဟောင်ပါယောလား။ အစက အနော်က လူတွေ့ လို့ ဟောင်နေတယ်ထင်နေတာ။ ဒါပေ့ မယ် ခွေးဟောင်သံက တစ်ချက်ခြင်း တိတိကျကျထွက်လာနေတာဗျာ။ သူ တစ်ခုခုတွေ့ လို့ ဟောင်နေတာ။ အဲဒါနဲ့ အနော်က အနော့် ညီကို မျက်စပစ်ပြတော့ … သူက အနော်ကို ရီပြီးပြောတယ်။
“သရဲမ၊ သရဲမ၊ အာနိုးကို လာပြီး Q နေပြီ” တဲ့ လေ။ :D ။ အဲဒါ အစက အနော်တို့ လည်း … ဒီအတိုင်း ရုပ်ရှင် ဆက်ကြည့် နေလိုက်တယ်။ ဒါပေ့ မယ် တစ်ဖြည်းဖြည်းနဲ့ … အောင်သံတွေက ပို ဆိုးလာတယ်ဗျာ။ ခွေးကလည်း မရပ်တော့ ဘူး ဟောင်တာ။ ပြီးတော့ တစ်အိမ်လုံးလည်း နိုးကုန်ပြီ။ အဲဒါ အနော်တို့ … ထွက်ပြီး ကြည့် ကြတယ်။ အဲဒီခြံကိုပဲ အားနိုးက မျက်နှာမူပြီး ဟောင်နေတာ။ ခြံထဲမှာလည်း ဘာအရိပ်အယောင်မှ မတွေ့ ဘူး။ ပြီးတော့ … အဲဒီခြံနဲ့ ဘေးခြင်းကပ်၊ အနော်တို့ နဲ့ မျက်နှာခြင်းဆိုင် အိမ်တွေကလည်း နိုးလာကြတယ်။ သူတို့ ကလည်း ထကြည့် ကြတယ်ဗျာ။ ပြီးတော့ အနော်တို့ ဆီကို လှမ်းပြောတယ်။
“ဟဲ့ ၊ ငဇူး … သရဲမက နည်းနည်း နင်တို့ အိမ်က ခွေးက များများ နော်၊ ဒီမှာ အိပ်လို့ ကို မရဘူး၊ နင့်တို့ ခွေး၊ နုင်တို့ ထိမ်းအုံး” တဲ့ လေ။ အနော်တို့ လည်း ဘာပြောသာမလဲ၊ ကိုယ့် ခွေးက ဟောင်နေတာဆိုတော့ … အာနိုး ကို ဟောက်ငမ်းပြီး တိတ်အောင် လုပ်လိုက်ရတယ်။ အာနိုးဆိုတဲ့ ကောင်ကလည်း သူ့ အနားမှာ သခင်တွေ ရှိတော့ .. မဟောင်ပေ့ မယ်။ အနော်တို့ အပေါ်ကို ပြန်တတ်ပြီး အိပ်ဖို့ လုပ်ခါနီး ထပ်ဟောင်ပြန်တယ်။ ဒီတစ်ခေါက်မှာ တစ်လမ်းလုံးက ခွေးတွေက ဟောင်ကြတယ်ဗျာ။ အဲဒီအိမ်ကို မျက်နှာမူပြီးတော့ လေ။
အဲဒီမှာ တစ်လမ်းလုံး နိုးသွားကြတယ်။ လူတွေကလည်း စိတ်ညစ်နေကြပြီ။ တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ်ဆိုတော့ လေ။ တော်တော်လေး ပေါက်ကွဲနေကြတယ်။ ဒီတစ်ခါတော့ … အနော်က တစ်ခါတည်း လေးဂွပါယူပြီး အပြင်ထွက်သွားတာ။ ညီအကိုတွေကလည်း လေးယောက်လောက်ဆိုတော့ .. အဲဒီအိမ်ထဲကို လေးဂွမိုးတွေ ကြဲတာမြင်မကောင်းဘူး ;D ။ အနော်တို့ ပစ်တော့ … ဘေးအိမ်က လူတွေကပါ ၀ိုင်းကစ်ကြတာ။ အဲဒီလို ပတ်ပတ်လည်
ခဲမိုးကြဲလိုက်မှ အဲဒီသရဲက ငြိမ်တော်မူတယ်။ အဲဒီလိုကြဲနေတုန်းမှာ အဲဒီခြံထဲမှာ အဖြူရိပ်လိုလို၊ မီးခိုးရောင် ရှီတ်လိုလို အရာတစ်ခုက ပတ်ပြေးနေတာဗျ။ အဲဒီအရိပ်က ခြံထဲက သစ်ပင်တွေအောက် ရောက်သွားလိုက်၊ ခြံစည်းရိုးနားရောက်သွားလို
ဒါပေ့ မယ် မနက်မိုးလင်းတော့ … အဲဒီအိမ်ပိုင်ရှင်တွေရောက်လ
နောက်မှ ပြန်သိရတာက…. အဲဒီအိမ်ဇာတ်လမ်းက ဒီလိုဗျ။
အဲဒီအိမ်မှာ အခုလက်ရှိ ရှိနေတဲ့ သရဲမက လူဘ၀တုန်းက မီးနေသည်ဗျာ။ သူ့ ရဲ့ ခလေးကို မွေးပြီး မီးတွင်းထဲမှာပဲ ဆုံးတာ။ ဆုံးဆုံးပြီးခြင်းမှာ အဲဒီအိမ်ကလူတွေက ပြောင်းသွားကြတယ်။ အဲဒီနောက်ပိုင်း အဲဒီအိမ်ထဲမှာ ဒီခလေးအမေရဲ့ ဝိဥာဉ်က ကျန်ခဲ့ တော့ တာပါပဲ။ ပြီးတော့ ဒီအိမ်ကို အငှားချတယ်။ ဒါပေ့ မယ် နေတဲ့ သူတွေက သရဲခြောက်တယ်ဆိုပြီး ပြောင်းပြောင်းပြေးကြသဗျ။ အခုလည်း အနော်တို့  ခဲနဲ့ ဝိုင်းထုတာ….. ဒီသရဲကို တော်တော်လေး ထိတယ်လို့ ပြောတယ်။
အဲဒီသရဲက သူ့ ညီမတွေ၊ အမတွေကို အိမ်မက်သွားပေးတယ်တဲ့ လေ။
“နာ့ ကို ခဲနဲ့ ဝိုင်းထုကြတယ်။ အခု ငါ တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေနဲ့ ” ဆိုပြီးလေ။ အဲဒါကြောင့် သူ့ အမျိုးတွေက မအေတွေ၊ နှမတွေနဲ့ လာတုတ်တာ။ :D ။ အနော်တို့ လည်း ကြားပါတယ်။ ဒီဆော်ကြီးတွေ အော်ဆဲနေတာ။
သို့ ပေ့ မယ် ညက သူတို့ မွေးထားသလို ဖြစ်နေတဲ့ သရဲကို ခဲနဲ့ ထုထားရလို့ ပင်ပန်းနေပြီဆိုတော့ ဗျာ။ ဆက်အိပ်နေလိုက်ပါတယ် :D ။ အားရှိအောင်။ နောက်ည ထပ်သောင်းကျန်းရင် ထပ်ထုဖို့ လေ။ အားရှိဖို့ လိုတယ် မလား :D ။
No comments:
Post a Comment