- NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, September 25, 2012

ပြည်တွင်းလေကြောင်းလိုင်းများလေယာဉ်စီးခနှုံးထားများဈေးအဆမတန်ကြီးနေ။

မြန်မာနိုင်ငံတွင်အစိုးရလေကြောင်းလိုင်းMAI နှင့်အခြားကုပဏီပိုင်လေကြောင်းလိုင်းများမြန်မာနိုင်ငံမြို့ကြီး
အတော်တော်များသို့ပြန်သန်းပြေးဆွဲပေးလျှက်ရှိနေပါသည်။
ထိုကဲ့သို့ပြေးဆွဲပြန်သန်းပေးရာတွင်လေယာဉ်စီးခနှုံးထားများသည်ဈေးအလွန်ကြီးမြင့်သောအနေအထား
တွင်ရောက်ရှိနေပြီးလေယာဉ်ခရီးစဉ်ကိုနောက်ဆုံးမဖြစ်မနေမှသာစီးနေရကြောင်းပြည်သူများထံမှသိနေရ
ပါသည်။
ခရီးသွားအတော်များများသည်အဝေးပြေးယာဉ်လိုင်းများမှကားများဖြင့်သာအားကိုးတကြီးသွားလာရေပြီး
ဈေးကြီးသောပြည်တွင်းလေကြောင်းလိုင်းများကိုမစီးနိုင်ကြပေ။
အစိုးရလေကြာင်းလိုင်းဖြစ်သော MAI လေယာဉ်ခရီးစဉ်များသည်ပြည်တွင်းခရီးစဉ်တခုဖြစ်သောရန်ကုန်
ထားဝယ်ခရီးစဉ်တခု၏လေယာဉ်စီးခဈေးနှုံးမှာကျပ်ငါးသောင်းဖြစ်ပြီးထိုလေကြောင်းလိုင်းဖြင့်ဘန်ကောက်
သို့သွားမည်ဆိုပါကကျပ်လေးသောင်းရှစ်ထောင်ခန့်သာကုန်ကျကြောင်းသိရှိရပါသည်။
ထိုကြောင့်ပြည်တွင်းလေကြောင်းလိုင်းများအနေဖြင့်လေယာဉ်စီးခနှုံးထားများကိုအများပြည်သူစီးနင်းနိုင်ရန်
အတွက်လျော့ချပေးစေလိုကြောင်းပြည်သူများထံမှသိရပါသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template