“မိုးပေါ်ထောင် မပစ်ဖူး” ဆိုတဲ့ စကားကို ယနေ့  လက်ရှိ ရဲတွေ ဆက်ကျင့် - NAING NAING SANAY MYANMAR NEWS
Headlines News :

Sunday, September 30, 2012

“မိုးပေါ်ထောင် မပစ်ဖူး” ဆိုတဲ့ စကားကို ယနေ့  လက်ရှိ ရဲတွေ ဆက်ကျင့်



၁၉၈၈ ခုနှစ်တုန်းက အာဏာရှင်နေ၀င်းရဲ့  “မိုးပေါ်ထောင် မပစ်ဖူး” ဆိုတဲ့ စကားကို ယနေ့  လက်ရှိ ရဲတွေ ဆက်ကျင့်သုံးနေသလား။

“ပစ်ခြင်း ပစ် မိုးပေါ်ထောင်မပစ်ဘူး၊ ပြည်သူကိုသာ တဲ့တဲ့ ပစ်သတ်နေသော ကျုံပျော်မြို့ က ပြည်သူ့ရဲများအကြောင်း အများပြည်သူ သိရှိဖို့  ဖေါ်ပြလိုက်ရပါတယ်။



ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာတွင် စက်တင်ဘာ (၂၈) ရက်နေ့ ၌ အင်းသူကြီး၏ မတရားဆောင်ရွက်သော အင်းကန်ကိစ္စမှနေ၍ အခင်းဖြစ်ပွားပြီး ပြည်သူနဲ့ ရဲ အချင်းချင်း တုတ်တပြတ်၊ ဓားတပြတ်နဲ့ ပြည်သူ့ရဲများမှ သေနတ်နဲ့ ငါးချက်ပစ်ရာ ငါးချက်လုံး လူထိပီး၊ ပြည်သူနှစ်ယောက်ဖြစ်သော ကိုကြည်သိန်းနှင့် ကိုကျော်ဆန်းဝေ နှစ်ယောက် သေနတ်ဒဏ်ရာနဲ့ ပွဲချင်းပီး သေဆုံးခဲ့ပါတယ်။

ထို့ အတူ ကျုံပျော်မြို့  အင်းကန် ပြဿနာနှင့် “၀ိုင်းဝိုင်းလည်” ကုမ္ပဏီမှ ဖိုးလူဝဆိုသည့် လူမိုက်အား ငှားရမ်း၍ တုတ်ဖြင့် ရိုက်ခိုင်းကြောင့် အရိုက်ခံရသော ရွာသား ကိုတရုတ် ခေါ် ကိုဝင်းနိုင်ဆိုသူမှာလည်း အဆိုပါနေ့ နေ့လည် (၁၁) နာရီ အချိန်ခန့်က သေဆုံးခဲ့ကြောင်း၊ အချို့မှာ ဓားဒဏ်ရာနှင့် ရှိနေသေးကြောင်း သိရှိရပါသည်။

ဖြစ်ပွားသော အခင်းကိစ္စနှင့် ပတ်သက်၍ ပြည်သူ့ ရဲဆိုသူများမှာ မှန်ကန်သော တရားဥပဒေဖြင့် ဖြေရှင်းခြင်းထက် ၄င်းတို့  ကိုယ်တိုင်မှ လက်နက်အားကိုးဖြင့် လက်နက်မဲ့သော ပြည်သူများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။

ထိုကဲ့သို့  သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အသက်မသေဘဲ ရင်ဘတ်တွင် သေနတ်ဒဏ်ရာ ထိမှန်ခဲ့သည့် သေနတ်ကျည်ကြီးအတိုင်း ပုသိမ်ဆေးရုံသို့ ညနေ (၄) နာရီတွင်၎င်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ညပိုင်း (၉) နာရီအချိန်ခန့်တွင်၎င်း လူနာများ ရောက်ရှိလာကြောင်း သိရှိရပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံတွင် လက်ရှိအမှုပါ သေနတ်ဒဏ်ရာဖြင့် အဆိုပါ ဒဏ်ရာ ရသူများမှာ အတွင်းလူနာအဖြစ် ဆေးကုသခံနေရကြောင်း သိရှိရပါတယ်။ ဆေးရုံ အဆောင် (၃-၄) သို့ ရောက်ရှိနေသော အတွင်းလူနာများမှာ ကိုကျော်ဇင်သန့်နှင့် ကိုဝင်းသန်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုခဲ့ပါတယ်။

ယခုကိစ္စနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသော ရဲဝန်ထမ်းများမှလည်း ဒီနေ့ ညတွင်းကြီးတော့ ဒီအမှုနဲ့ပတ်သက်ပြီး ဘာသတင်းမှ မပေးလိုကြောင်း၊ လာရောက်မေးမြန်းကြသော မီဒီယာသမားများကို ပြောဆိုဆက်ဆံခဲ့ပါတယ်။ လူနာနှင့်အတူ ပါလာသော မိသားစုများကိုလည်း ဆေးရုံအတွင်းမှာ ထိန်းသိမ်းထားကြောင်း၊ အပြင်သို့ ပေးမထွက်ခဲ့ကြောင်းလည်း သိရှိရပါတယ်။

နောက်တစ်နေ့ ရုန်းရင်းဆန်ခတ်ဖြစ်သော စက်တင်ဘာ (၂၉) ရက်နေ့မှာ အဆိုတွင် လူမိုက် ဖိုးလူဝမှ ရှားခဲကျေးရွာသား အသေးလေးဆိုတဲ့ ရွာသားတစ်ယောက်ကိုလည်း အနိုင်ကျင့်ပြီး ခေါ်ဆောင်သွားကြောင်း ရှားခဲရွာမှ အမည်မဖော်လိုသူ ရွာသားတစ်ယောက်မှ ပြောဆိုခဲ့ပါတယ်။

အင်းသူကြီး ဦးမြဟန်နှင့် ခရိုနီတွေရဲ့ ရက်စက်မှုကြောင့် အပြစ်မရှိသော ရွာသားများမှာ ၄င်းတို့  ဖြစ်ချင်တဲ့ ဆန္ဒကို ဖော်ထုတ်ရုံဖြင့် “ကူညီပါရစေ” ဆိုသော ပြည်သူ့ရဲ အမည်ခံ ရဲဝန်ထမ်းများကလည်း လက်ဖြောင့်တပ်သားများပမာ ခရိုနီတို့အကြိုက် ပြည်သူပြည်သားများအပေါ် သတ်ဖြတ်ရက်စက်ပြခဲ့မှုဖြစ်ပါတယ်။

မြန်မာပြည်တစ်ဝှမ်းလုံးမှာ တရားဥပဒေ စိုးမိုးဆိုသည်မှာ ဘယ်မှာပါလည်း။ ပြည်သူလူထုအတွက် တရားဥပဒေ စိုးမိုးဖြင့် ပြည်သူ့ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ပေးနေမှုများ ရှိကြပါရဲ့ လားဟု မေးမြန်းလိုက်ရပါတယ်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template