ပြည်ထောင်စု မစစ်မှန်ခဲ့သောကြောင့် ရခိုင်ပြည်သူလူထု ဆင်းရဲနေရကြောင်း ဒေါက်တာအေးမောင်ပြော - NAING NAING SANAY MYANMAR NEWS
Headlines News :

Friday, September 28, 2012

ပြည်ထောင်စု မစစ်မှန်ခဲ့သောကြောင့် ရခိုင်ပြည်သူလူထု ဆင်းရဲနေရကြောင်း ဒေါက်တာအေးမောင်ပြော



ခေတ်အဆက်ဆက် အစိုးရလက်ထက်တွင် ပြည်ထောင်စု မစစ်မှန်ခဲ့သောကြောင့် ရခိုင်ပြည်သူလူထု ဆင်းရဲတွင်း နစ်နေရကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောသည်။


” စီးပွားရေးကို ရခိုင်သားတွေက ဖန်တီးပိုင်ခွင့် မရှိ၊ လက်ရှိ ကျွန်တော်တို့ ငပလီကိုပဲ ကြည့်ပါ။ ငပလီကမ်းခြေ တလျှောက် ဂွထိကြည့်၊ အားလုံး ကမ်းရိုးတမ်းတလျှောက်လုံးမှာ ရခိုင်လူမျိုး ပိုင်ဆိုင်တယ်ဆိုတာ တစ်ရာခိုင်နှုန်းရာကျော်တယ်။ ကျန်တာအားလုံးက လုပ်ငန်ရှင်တွေ၊ အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေ လုပ်ပိုင်ခွင့်ရတဲ့ လူတွေသာ ကမ်းရိုးတလျှောက်လုံးကို ယူသွားကြတယ်။ ဒီဖက်က ငပလီကမ်းခြေကို ပြန်ကြည့်ရင် ရခိုင်လုပ်ငန်းရှင် နှစ်ယောက်သာရှိပါတယ်။ ပြည်ပက ပုဂ္ဂိုလ်တွေ နိုင်ငံခြားသားတွေ ဖက်စပ်လုပ်တဲ့လူတွေ အဲ့ဒါကို ကြည့်ခြင်းအားဖြင့် ရခိုင်ပြည် စီးပွားရေးကို ဘယ်လောက်ထိခိုက်သလဲဆိုတာကို ကြည့်ခြင်းအားဖြင့် သိပါတယ်။ “

ဟု ဒေါက်တာအေးမောင်က ပြောသည်။
ဂျိတ္တော၊ လုံးသာကမ်းခြေ တစ်လျှောက်ရှိခြံမြေများကို နိုင်ငံခြားသားများနှင့် ဗမာသူဌေးများမှ ၀ယ်ယူကာ ခြံစည်းရိုးများ ကာရံထားပြီး၊ အချို့မြေနေရာများတွင် အဆောက်အဦးများ ဆောက်လုပ်နေသည်။
ဒေါက်တာအေးမောင်သည် တောင်ကုတ် RNDP အဖွဲ့ဝင်များ၏ ဖိတ်ကြားချက်အရ ရောက်ရှိလာရာ စက်တင်ဘာ (၂၇) ရက်နေ့က ပါတီဝင်များ၊ တောင်ကုတ်မြို့မှ မြို့မိ၊ မြို့ဖများ၊ နာရေးကူညီမှု အသင်းများ၊ နိုင်ငံရေးစိတ်ဝင်စားသူများ၊ လူဦးရေ (၇၀)ခန့် ပါတီရုံးတွင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ဒေါက်တာအေးမောင်အနေဖြင့် ရခိုင်တိုင်းရင်းသားများ ပါတီတည်ထောင်လာခြင်းအကြောင်းရင်း၊ လက်ရှိ ဘင်္ဂလီ၊ ရခိုင်ပဋိပက္ခဖြစ်ပေါ်ရခြင်း၊ ရခိုင်ပြည် ဖွံ့ဖြိုးရေးနိမ့်ကျမှုသည် နိုင်ငံရေးကာလတွင် ရခိုင်လူမျိုးတွေ ပါဝင်ခွင့်မရရှိခဲ့ခြင်း၊ လက်ရှိပြည်ထောင်စု သွားရာလမ်းအကောင်းအဆိုးစသည့် အချက်များကို အစည်းအဝေးတွင် ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်သူများ ဆင်းရဲတွင်းနစ်နေရခြင်းပြဿနာ၊ လုပ်ငန်းခွင်အခက်အခဲ ပြဿနာ၊ ဘင်္ဂလီ ရခိုင်ပြဿနာ သုံးခုကို ရည်ရှည်ဖြေရှင်းသွားမည်။ ဘင်္ဂလီ-ရခိုင် ပြဿနာအား စိတ်ခံစားမှုမပါပဲ တည်ငြိမ်အေးချမ်းမှုကို ဦးစားပေးလုပ်မည်။ ပြည်ထောင်စု နယ်ခြား ရခိုင်ပြည်နယ် မြောက်ပိုင်းကို ခြံစည်းရိုး လုံအောင်ကာမည် စသည်တို့ကို အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template