အမေရိကန် ပြည်ထောင်စုသည် ဒေါ်အောင်ဆန်းစုကြည်အား အထူးပင် ဂရုပြုပြီး လုံခြုံရေး ပေးနေပါသည်။ (၁၈)ရက်လုံးလုံး၊ သွားလာရေး၊ နေထိုင်ရေး၊ အမျိုးမျိုးကို ဆောင်ရွက်ပေးခဲ့ပါသည်။
ဆုများ ပေးအပ်ခြင်း၊ လူထု ရှင်းလင်းပွဲများ ပြုလုပ်ပေးခြင်း၊ မီဒီယာနှင့် ချိတ်ဆက်ပေးခြင်းများ လွတ်လွတ် လပ်လပ် ဆောင်ရွက်နိုင်ခဲ့သည်။
သမ္မတ ဦးသိန်းစိန်ပင်လျှင် ဒီမိုကရေစီရေး ကြိုးစားနေသော
ဒေါ်အောင်ဆန်းစုကြည်အား လေးစားကြောင်း နိုင်ငံတကာ မီဒီယာမှ
ထုတ်ဖေါ်ပြောကြားရအောင် ဖြစ်သွားခဲ့ပါသည်။
“သေချာတာကတော့ ဘယ်နိုင်ငံခေါင်းဆောင်ကိုမှ ၁၈ ရက်လုံးလုံး နေ့ဆိုင်း
ညဆိုင်းနဲ့ Secret Service ၊ ဒရိုင်ဘာ ၊ ကားမျိုးစုံနဲ့ အသေးစိတ် ဂရုတစိုက်
ဂုဏ်မပြုဘူးသေးဘူး”
မြန်မာနိုင်ငံအတွက် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးကို ရအောင် နိုင်ငံတကာ
ပံ့ပိုးမှု ရနေသော ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုတရပ်လုံးကလည်း
ထောက်ခံနေပါသည်။
No comments:
Post a Comment