တရုတ်နိုင်ငံလုပ် ပျားရည်အတုများ၏ အန္တရာယ် - NAING NAING SANAY MYANMAR NEWS
Headlines News :

Friday, September 28, 2012

တရုတ်နိုင်ငံလုပ် ပျားရည်အတုများ၏ အန္တရာယ်


http://www.hotnewsweekly.com/wp-content/uploads/2012/09/Bees-in-hive-350x233.jpg

 မြန်မာနိုင်ငံ ပျားလုပ်ငန်း အသင်းက အိမ်နီးချင်းတရုတ်နိုင်ငံ  မှ တင်သွင်းသော ပျားရည်အတု  များတွင် တားမြစ်ဆေးများပါဝင် နေကြောင်း သတင်းထုတ်ပြန်ခဲ့ သည်။
ဤကိစ်္စနှင့်ပတ်သက်၍ မွေး မြူရေးနှင့်ရေလုပ်ငန်းကြီးဌာနက   စိစစ်နေဆဲတွင် တစ်ဖက်နိုင်ငံမှ ထိုးဖောက်ဝင်ရောက်လာသော ပျားရည်အတုများပြဿနာကို မကြီးထွားမီ သူ့စည်းကိုယ့်စည်း  ကြပ်မတ်ဆောင်ရွက်သင့်ပါသည်။

တရုတ်နိုင်ငံမှ Antibiotic သုံးပျားရည်များသည် ဥရောပနှင့် အမေရိကန်က ပိတ်ပင်ထားသော    ပျားရည်တုများဖြစ်ရာ အပြစ်မဲ့ သော မြန်မာနိုင်ငံမှ စားသုံးသူများ  အတွက် ဓားစာခံမဖြစ်သင့်ပါ။   စီးပွားရေးဝါးမျိုမှုတစ်ခုတည်းဖြင့်  အတုမျိုးစုံကိုဖန်တီး၍ နှစ်နိုင်ငံ မိတ်ပျက်စေမည့် ပြုမူမှုလုပ်ရပ် များကို ဖော်ထုတ်သင့်ပါပြီ။
စစ်မှန်သော ပျားကြီးရည်၊    ပျားလေးရည်၊မွေးပျားရည်များ ကြားဝယ် တရုတ်နိုင်ငံမှ ပျားရည်  တုများအစားထိုးနေရာမပေးသင့် ပါ။
ရာသီဥတုဖောက်ပြန်မှု မိုး သည်းထန်မှု အချိန်အခါမဟုတ် လေပြင်းတိုက်ခတ်မှုများကြောင့်  သဘာဝပျားရည်၊မွေးပျားရည်များ အထွက်နည်းလာသည်။လွန်ခဲ့သော   (၃)နှစ်ကပင် ပျားရည်သိုလှောင် မှုအားနည်းလာသည်။
မြန်မာ့ဈေးကွက်၌ ပျားရည်   ရှားပါးမှု၊မွေးပျားအထွက်နည်းမှု ကို ထောက်ကွက်ပြ၍ တရုတ်   ပျားရည်တုများ မြန်မာ့ဈေးကွက်  မှတစ်ဆင့် ဥရောပနိုင်ငံများသို့ တင်ပို့နိုင်သော အလားအလာ များကို ကြိုတင်ပိတ်ဆို့တားဆီး သင့်ပါသည်။
နယ်မြေအသီးသီးမှ ပျား ရည်သိုလှောင်ရောင်းချသူ ပျား ရည်ဖောက်သည်များအနေဖြင့် မိမိတို့သိုလှောင်သော ပျားရည် ကို အတုအယောင်များဖြင့် ရော နှောမမိအောင် ဂရုစိုက်သင့်ပါ သည်။
ပြည်ပတင်ပို့မှုအရ ၂၀၁၁-  ၂၀၁၂ ဘဏ္ဍာရေးနှစ်၌ ပျားရည်  တန်ချိန် ၂၁၃၂တန်၊တန်ဖိုးဒေါ်လာ    (၂.၁၃)သန်း ၀င်ငွေရရှိမှုအနေ အထားမှ တင်ပို့နိုင်မှု ပျားရည် အနေအထား၊ပျားရည်ပမာဏ ကိန်းဂဏန်းအညွှန်းကို ဂရုပြုဖို့လို သည်။
ပြည်တွင်းပျားရည်သိုလှောင် မှုအားနည်းချိန်မှာ အခွင့်ကောင်း   ယူ၍ ပွဲလန့်တုန်းမှာ ဖျားခင်းလို သော တရုတ်ပြည်မှ ပျားရည်အတု    ဖန်တီးသူ စီးပွားရေးသမားများကို   ဟန့်တားကြရပေမည်။
တစ်နိုင်တစ်ပိုင် သူ့တာကိုယ့် တာ၊သူ့ဒေသ ကိုယ့်ဒေသ သိရှိ ပြီး အလိမ်အညာမခံရလေအောင်  ပိတ်ဆို့တားဆီးကြရပေမည်။အိမ် နီးချင်းနိုင်ငံကလည်း နိုင်ငံကြီးသား  ပီပီစောင့်စည်းရမည့် နိုင်ငံခြားရေး   မူဝါဒအရ ပျားရည်အတုပြုလုပ် သူများကို ဖော်ထုတ်အရေးယူနေ ကြောင်းလည်း သိရသည်။
မြန်မာ့ပျားရည်၏ဂုဏ် မြန်မာ့ပျားရည်၏အရည်အသွေး  အရ ပျားရည်စစ်/မစစ်မကို မီး ခြစ်ဆံထိပ်ဖျားမှာ ပျားရည်စက် ကိုတို့၍ မီးခြစ်နိုင်ခြင်း၊သတင်း စာစက္ကူပ်ါပျားရည်စက်ကိုတင် ကြည့်လျှင်  အောက်သို့ပေါက်ကျ မသွား ဘေးသို့အစိုးဓာတ်ပြန့်ကျဲ    မသွားခြင်း၊ပျားရည်တစ်ဇွန်းနှင့်  စားဆီသန့်တစ်ဇွန်းကိုရောနှော ကြည့်ပါက ပျားရည်တစ်ဇွန်းသာ ရရှိခြင်း၊ပျားရည်ကို ပုလင်းတွင်  အပြည့်ထည့်ပါက အပူလွန်ကဲပြီး    ပုလင်းဖင်ကျွံပြီး ပေါက်ကွဲတတ် ခြင်း စသည့်ဂုဏ်များဖြင့် ပြည့်စုံ ပါသည်။
မြန်မာ့ဈေးကွက်မှ ပျားရည်   ၏ဂုဏ်ကို လေ့လာဆန်းစစ်ပြီး   စစ်မှန်သောပျားရည်ကိုသာ မြန်မာ့ ဈေးကွက်သို့အရောက်ပို့ဆောင် ခြင်းဖြင့် ၀န်ဆောင်မှုပြုသင့်ပါ သည်။
ပျားရည်လက်လီ/လက်ကား   ရောင်းချသူအချို့က နှစ်လွန်၃-၄  နှစ် သိုလှောင်ထားသော ပျားရည်  သည်ဆေးဖက်ဝင်၏။အရောင်က  အ၀ါမှနီညိုရောင် အမည်းရောင်   သို့ ပြောင်းသွားသော်လည်း ဆေးဖက်ဝင်၍ ဆေးဖော်စပ်သူ  များက ဈေးကြီး ဈေးကောင်းပေး   ၍ အလုအယက်ဝယ်ယူကြကြောင်း  ပျားရည်လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။
ပျားရည်အတုသည် အစစ် ထက်ပို၍ အရောက်အဆင်းလှပ ပါသည်။သို့သော် လှတာမတ်သူ များသတိ—။


No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template