ကချင်ပြည်နယ်အတွင်းမှ အမှန်တရားများ(၆)
ကချင်သတင်း
လူမမယ်အရွယ် ကျောင်းသား/သူများပါမကျန် သေကြေဒဏ်ရာ ရစေလိုသည့်
ရည်ရွယ်ချက်ဖြင့် ဖောက်ခွဲဖျက်စီးရန် စီမံပြင်ဆင်ထားသည့်
မိုင်းနှင့်ဆက်စပ်ပစ္စည်းများကို အချိန်မီ သိမ်းဆည်းနိုင်ခဲ့ သော်လည်း
မိဘ၊ဆရာ/ဆရာမနှင့် ကျောင်းသား/သူများမှာ ထိတ်လန့်ကြောက်ရွံ့ပြီး
ပညာရေးကို စိတ်ချလက်ချ သင်ယူပို့ချနိုင်ခြင်းမရှိအောင် ဖြစ်ခဲ့ရသည်။
ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးနေသော အသားထဲကလောက်ထွက်သည့်
ကေအိုင်အေ တို့၏ လုပ်ရပ်အတွက် ငြင်းကွယ်၍မရနိုင်သော သက်သေခံပစ္စည်းများနှင့်
စာရွက်စာတမ်း အထောက် အထားများ
၁၈-၁၂-၂ဝ၁၁ ထိုပူးဘူတာနှင့် ဆားမှော်ဘူတာအကြား ရထားလမ်းအားမိုင်းထောင်စဉ် ၄င်းမိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားသော ကေအိုင်အေတပ်ရင်း(၁၁)မှ ဒုတပ်ကြပ် အဆင့်ရှိ မဒိမ်လှအောင်ထံမှ သိမ်းဆည်းရမိသော အိတ်ဆောင်စာအုပ်
ကေအိုင်အေ တို့မွေးမြူထားသည့် မြေအောက်အဖျက်သမား ဘက်တော်သားများမှာလည်း ၄င်းတို့၏ မကောင်းမှုလုပ်ရပ်ကြောင့် ဘုရားသခင်၏ ဒဏ်ခတ်ခြင်းကို မရှုမလှ ခံရရှာသည်။
မန္တလေး-မြစ်ကြီးနား ရထားလမ်းအား မိုင်းထောင်ဖောက်ခွဲရန် ကြိုးပမ်းခဲ့ကြသော ကေအိုင်အေ ဖောက်ခွဲရေး သမားနှစ်ဦးမှာ ၄င်းတို့၏မိုင်းနှင့်ပင် ကိုယ့်တရားကို စီရင်ခဲ့ကြခြင်းကြောင့် အပြစ်မဲ့ပြည်သူများ ဘေးအန္တရာယ်မှ လွတ်မြောက်ခွင့်ရခဲ့ကြသည်။
ဆက်ပါအုံးမည်...
No comments:
Post a Comment