KIA မှ ဖားကန့် - မြစ်ကြီးနားလမ်း ပိတ်ထားမှုအား ဗမာစစ်ကြောင်းများ ရှင်းလင်းမည် - NAING NAING SANAY MYANMAR NEWS
Headlines News :

Friday, September 28, 2012

KIA မှ ဖားကန့် - မြစ်ကြီးနားလမ်း ပိတ်ထားမှုအား ဗမာစစ်ကြောင်းများ ရှင်းလင်းမည်



KIA အဖွဲ့သည် စက်တင်ဘာလ(၂၅)ရက်နေ့မှစတင်၍ ဖားကန့်မြို့သို့သွားလာနိုင်သည့် အဓိကလမ်းဖြစ်သော မိုးကောင်း - ဖားကန့်လမ်းရှိ ကားအသွားအလာကို ဖားကန့်နဲ့(၁၀)မိုင်ခန့်ဝေးတဲ့ နန့်တိန်တွင် ဖားကန့်မှ ဆင်း လာမည့် ကားများအား ပိတ်ထားကြောင်း သိရပါတယ်။ဖားကန့်မြို့ဟာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများလုပ်ကိုင်ရာ အဓိကမြို့တော်ဖြစ်ပြီး ပွင့်လင်းရာသီတွင် လူဦးရေ(၅) သိန်းခန့် နေထိုင်တဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။


စက်တင်ဘာလတွင်း၌ တိုက်ပွဲများပြင်းထင်လာခြင်းကြောင့် ကျောက်စိမ်းလုပ်ငန်းများရပ်ဆိုင်းပြီး နေရပ် ပြန် ကြသူများရှိရာ ယခုအခါတွင် မြို့ပေါ်၌ ဒေသခံများအပါအ၀င် မှော်လုပ်သားများနဲ့ လူဦးရေ သုံးသိန်းခန့် ရှိပါတယ်။ အများစုမှာ ဖားကန့်မှ ထွက်ခွာကြမဲ့သူများဖြစ်ရာ KIA ၏ လမ်းပိတ်ဆို့ထားမှုကြောင့် ဖားကန့်၊ လုံးခင်း၊ တမခန်းနဲ့ ကာမိုင်းတို့မှာ ပိတ်မိပြီး စာစရာမဲ့၊ နေစရာမဲ့ဖြင့် ဒုက္ခပင်လယ်ဝေလျက်ရှိပါတယ်။

ပိတ်မိနေတဲ့ခရီးခရီးသည်များတွင် မိုးညှင်းတက္ကသိုလ်မှ စာမေးပွဲဖြေဆိုပြီး ဖားကန့်သို့ပြန်လာမည့် ကျောင်းသားများနဲ့ ဖားကန့်မှ မိုးညှင်းတက္ကသိုလ်သို့သွားရောက် စာမေးပွဲဖြေဆိုမည့် အဝေးသင် တက္ကသိုလ် ကျောင်းသားများလည်း ပါဝင်ပြီး စာမေးပွဲဖြေဆိုမည့် ကျောင်းသားများသည် စက်တက်ဘာလ(၂၉)ရက်နေ့နဲ့ (၃၀)ရက်နေ့များမှာ ဖြေဆိုရမည်ဖြစ်ရာ KIA ရဲ့ လမ်းပိတ်ဆို့ထားခြင်းကြောင့် ကျောင်းသို့ မသွားရောက် နိုင်သည်အပေါ် များစွာစိုးရိမ်ပူပန်လျက်ရှိပြီး KIA အပေါ် မကျေ မနပ် ဖြစ်လျက်ရှိတယ်လို့လည်း သိရပါတယ်။

``ကျွန်တော်တို့က ခုလာမယ့် စနေ၊ တနင်္ဂနွေမျာ စာမေးပွဲကဖြေရတော့မှာ စာမေးပွဲတစ်နှစ် ဖြေဖို့ကုန်ကျစရိတ်က လွယ်တာမဟုတ်ဘူး၊ ဒီကောင်တွေ ဒါတောင် မစဉ်းစားတက်ဘူးလား မသိဘူး၊ ကိုယ့်အမျိုးကိုယ့်သတ်နေတဲ့ ကောင်တွေ´´ ဟု ကျောင်းသား တစ်ယောက်က ပြောကြားခဲ့ ပါတယ်။
အဆိုပါဖားကန့်မြို့နယ်တွင် ဗမာပြည်အရပ်ရပ်မှ လုပ်သားများစွာနှင့် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ၊ ကုမ္ပဏီ ၀န်ထမ်းများ၊ ကျောက်အရောင်းအ၀ယ်လုပ်သူများ နဲ့ရေမဆေးကျောက် ရှာဖွေသူများမှာလည်း လမ်းပိတ်ဆို့ထားမှုကြောင့် ဖားကန့်တွင် သောင်တင်နေပြီး ၀င်ငွေမရဘဲ ထွက်ငွေများဖြင့်သာ ကြုံနေရကြောင်း သိရ ပါတယ်။

``တိုက်ပွဲတွေဖြစ်လို့ အလုပ်တွေက ရပ်လိုက်ရတော့ ၀င်ငွေကမရှိတော့ဘူးပြန်မို့ ကျွန်တော်လည်း လမ်းပိတ် ထားတဲ့ ပြန်မရဘူးရှိတဲ့ ငွေကလည်း ကုန်ပြီ စားစရာလည်းမရှိတော့ဘူး´´ ဟု ကျောက်လုပ်သားတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

ဖားကန့်မြို့တွင် သာမန်လုပ်သားတစ်ဦးအနေဖြင့် တစ်ရက်စာ နေထိုင်စားသောက်စရိတ်မှာ သုံးသောင်းနှင့် ငါးသောင်းကြားတွင်ရှိရာ လမ်းပိတ်ထားသည့်ရက် ကြာလာသည်နှင့်အမျှ လုပ်သားများအတွက် လွန်စွာဒုက္ခရောက်ရကြောင်းသိရပါတယ်။

ဖားကန့်မြို့တွင် လမ်းပိတ်ထားမှုကြောင့် လူဦးရေနှင့်ညီမျှသည့် စာနပ်ရိက္ခာအ၀င်မရှိတော့သည့်အပြင် တည်ငြိမ်မှု ပျက်ပြားလာသောကြောင့် အစားအသောက်များ ဈေးအဆမတန်ကြီးကာ မြို့ခံများအပါအ၀င် မှော်လုပ်သားများ၊ စစ်ရှောင် စခန်းများပါ KIA ၏ လမ်းပိတ်ဆို့ခြင်း၏ ဆိုးကျိုးများကို ခံစားနေကြရပါတယ်။
ထိုဒုက္ခများကို ပြေလည်သွားစေရန်မှာ ဖားကန့်-မိုးကောင်းလမ်းပြန်ဖွင့်ရေးမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး တာဝန်ရှိသူများမှ လမ်းပြန်ဖွင့်ရေးဆောင်ရွက်သွားသင့်ကြောင်း ဒေသခံတစ်ဦးက သူ၏အမြင်ကို ပြောပြပါတယ်။

ဖားကန့်ဒေသတွင် ရှိနေသော ဗမာစစ်ကြောင်းများမှလည်း လမ်းကြောင်း တစ်လျှောက် ပိတ်ဆို့ထားသော KIA တပ်များအား တိုက်ခိုက်ဖယ်ရှားရှင်းလင်းသွားရန် စီစဉ် လျက်ရှိကြောင်း သိရပါတယ်။
 “ကျွန်တော်တို့ တပ်တွေနဲ့သွားရှင်းပါမယ် ဒီလိုပြည်သူတွေဒုက္ခရောက်အောင်လုပ်နေတာမျိုးကို လက်ခံလို့မရပါဘူး KIA ရဲ့ ဒီလုပ်ရပ်ဟာ တော်တော်အဓိပ္ပာယ်မဲ့ပြီး ပြည်သူတွေရဲ့ အကျိုးစီးပွားကို အများကြီးထိခိုက်စေပါတယ် ဒါကြောင့် လမ်းပိတ်ထားတာတွေကို အမြန်ရှင်းလင်းသွားပါမယ်” ဟု အမည်မဖေါ်လိုသူ ဗမာအရာရှိတစ်ဦးက ပြောပါတယ်။
From-ကချင်နေ့စဉ်သတင်း

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template