ဘင်္ဂလားဒေ့ခ်ျ UNHCR မှ ရခိုင်ဒုက္ခသည်များနှင့် တွေ့ဆုံ - NAING NAING SANAY MYANMAR NEWS
Headlines News :

Sunday, September 30, 2012

ဘင်္ဂလားဒေ့ခ်ျ UNHCR မှ ရခိုင်ဒုက္ခသည်များနှင့် တွေ့ဆုံ





  ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့ အခြေစိုက် UNHCRမှ ရခိုင်ဒုက္ခသည်များနှင့် ကော့စ်ဘဇားမြို့ ဟိုတယ် ShwaBa တွင် စနေနေ့က တွေ့ဆုံ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။


ယင်းဆွေးနွေးပွဲတွင် Durable Solution အမည်ရှိခေါင်းစဉ်ဖြင့် Repa
triation, Local Integrationနှင့် Resettlement ကိစ္စများကို အဓိကထား၍ အပြန်အလှန် အသေးစိပ် ဆွေးနွေးခဲ့ကြသည်။

UNHCRမှ Assistance Protection officer Ms. Fahmida Karim က ယင်းဆွေးနွေးချက်များနှင့် ပတ်သက်၍ ဒုက္ခသည်များ အနေဖြင့် စိတ်ဝင်စားပြီး တောင်းဆိုမှုများ တရားဝင် ပြုလုပ်လာပါက ပူးပေါင်းကြိုးပမ်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း Resettlement ကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလာအစိုးရမှ ဒုက္ခသည်များ မိမိနိုင်ငံအတွင်း တိုးပွားလာမှုအပေါ် စိုးရိမ်၍ ၂၀၁၀ အောက်တိုဘာမှစတင်ကာ တရားဝင် ပိတ်ပင်းထားကြောင်း၊ Repatriation ကိစ္စနှင့် ပတ်သက်၍ မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား စတင်ဆွေးနွေးမှုများ အစောပိုင်းက ဖြစ်ပေါ်ခဲ့သော်ငြားလည်း ဇွန် ၈ ရက်နေ့မှစတင်သော ရခိုင်ပြည်အတွင်း သောင်းကျန်းသူများ၊ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ရပ်ဆိုင်းနေကြောင်းနှင့် ဒုက္ခသည်များ အနေဖြင့် Local Integration ကိစ္စနှင့် ပတ်သက်၍ စိတ်ဝင်စားမှုများရှိပါက ဘင်္ဂလာအစိုးရနှင့် ပူးပေါင်းဆွေးနွေးမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ထို့ပြင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဥပဒေအရ လွန်ခဲ့သော ၂၀၀၉ ခုနှစ်မတိုင်ခင်အတွင်း ဒုက္ခသည်များမှ မွေးဖွားလာသော ကလေးများမှာ ဒုက္ခသည်အဖြစ်သာ ပြဋ္ဌာန်းထားခဲ့သော်လည်း ယခုအခါ ဘင်္ဂလာနိုင်ငံသား ဖြစ်ပိုင်ခွင့်ရှိကြောင်း သူမက ဆိုသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသော တချို့ဒုက္ခသည်များ အနေဖြင့် UNHCRမှာ ခွဲခြားဆက်ဆံနေကြောင်း၊ UNHCRမှ အခြေခံ အကူအညီများကို ဒုက္ခသည်များ ခံစားပိုင်ခွင့်များ ရှုံးဆုံးနေကြောင်း၊ ဘင်္ဂလာအစိုးရ အနေဖြင့် Resettlement ကိစ္စကို ဖွင့်ပေးပြီး တတိယနိုင်ငံများကို ဖိတ်ခေါ်ရန် တောင်းဆိုခဲ့ကြောင်းနှင့် လက်ရှိဒုက္ခသည်များ အနေဖြင့် ရခိုင်ပြည်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခနှင့် ဆက်စပ်၍ မသာမာသူများထံ နည်းမျိုးစုံဖြင့် အသက်အိုးအိမ် ခြိမ်းခြောက်မှုများ ခံနေရကြောင်း တင်ပြတောင်းဆိုခဲ့ကြောင်း ဒုက္ခသည် များကပြောသည်။

UNHCR အနေဖြင့် ကော့စ်ဘဇားခရိုင်အတွင်းရှိသော အိုခီးယားမြို့နယ် ကိုတိုးပါလောင်နှင့် တာခ်နာမြို့နယ် နော်ရာပါရာ ဒုက္ခသည် စခန်းများမှ ဒုက္ခသည်ပေါင်း ၉၀၀ အား ၆ နှစ်အတွင်း တတိယနိုင်ငံသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း သူမက ဆက်လက်ပြောဆိုခဲ့သည်။
UNHCR က Repatriation ကိစ္စကို ယခုကဲ့သို့ အစီအစဉ်ဆွဲပြီး ပြုလုပ်ရခြင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲ တိုးတက် ဖြစ်ပေါ်လာမှု အခြေအနေကို လေ့လာပြီး ပြောဆိုရခြင်းဖြစ်ကြောင်းနှင့် UNHCR အနေဖြင့် မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲမှု အနေအထားကို မြန်မာတွင် အခြေစိုက်သော UNHCR, NGO, INGO, လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့များနှင့် သတင်းဋ္ဌာနများမှ သတင်းအချက်အလက်များအရ ဆွေးနွေးရခြင်းဖြစ်ကြောင်း သူမက ရှင်းပြခဲ့သည်။

UNHCR က ယင်းကဲ့သို့ ဆွေးနွေးပွဲအခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်လေ့ရှိကြောင်းနှင့် ယင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်းမှာ UNHCR၏ ရှေ့နှစ်ဘဏ္ဍာရေးအတွက် လိုအပ်သည့်အချက်အလက်များအား စုဆောင်းသည့်အနေဖြင့် ဟန်ပြလုပ်ဆောင်ခြင်းဖြစ်ကြောင်း တက်ရောက်ခဲ့ကြသော ဒုက္ခသည်တချို့က သုံးသပ်ပြောဆိုခဲ့ကြသည်။

UNHCR က သီးသန့်ဆွေးနွေးလိုသော ဒုက္ခသည်များကို ကော့စ်ဘဇားရှိ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးရုံးသို့ ယနေ့မနက်ပိုင်း အတွင်း ဖိတ်ခေါ်ထားသည်။
UNHCR က ဒုက္ခသည်များအား နေ့စဉ်လိုအပ်သော ဆပ်ပြာ၊ ဆပ်ပြာမှုန့်အပါအ၀င် တခြားသုံးကုန်ပိစ္စည်းတချို့ကို လက်ဆောင်ပေးအပ်ခဲ့သည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template