- NAING NAING SANAY MYANMAR NEWS
Headlines News :

Saturday, September 1, 2012

"ပြည်သူ့အသံ နားထောင်မယ့် ပြန်ကြားရေး ၀န်ကြီးသစ် "

ပြန်ကြားရေး ၀န်ကြီးသစ်ဖြစ်လာတဲ့
 ဦးအောင်ကြည်ဟာ စာရေးကောင်းသူ
 တဦးလည်း ဖြစ်ပါတယ်။ ထူးခြား 
တာက မြန်မာအစိုးရ ၀န်ကြီးတွေထဲမှာ


 ကိုယ်ပိုင်အင်တာနက် ၀က်ဆိုက်စာမျက်နှာ ရှိတာ ကြားဖူးသလောက် သူတယောက်ထဲ 
ရှိတယ် ထင်ပါတယ်။

သူ့ရဲ့ ကလောင်အမည်ကတော့ မင်းဗထူး ဖြစ်ပါတယ်။ သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ သူရေးခဲ့ဖူး တဲ့ ဆောင်းပါးတွေ၊ စစ်ပညာ၊ နည်းပညာ စတဲ့ စာအုပ်တွေအကြောင်းစုံကို တင်ပြထားပါတယ်။

ပြန်ကြားရေး ဒုဝန်ကြီး အသစ်စက်စက် ဦးရဲထွဋ်ကတော့ ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်ကို အကြံပြု လိုသူတွေဟာ သူ့ အင်တာနက် ၀က်ဆိုက်စာမျက်နှာမှာလည်း ပေးပို့ နိုင်တယ်လို့ အကြံပြုထားတာ တွေ့ရ ပါတယ်။

"၀န်ကြီးထံသို့အကြံဥာဏ်များ တိုင်ကြားချက်များပေးပို့လိုပါက ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက် www.ministryofinformation.gov.mm မှာ ဖော်ပြထားတဲ့မေးလ်လိပ်စာကနေ ပေးပို့နိုင်ပါ တယ်။




 ရေးသား ချက်များကို နေ့စဉ် ကျွန်တော်က ဖတ်ရှုပြီး ၀န်ကြီးထံတင်ပြခြင်း၊ ပေးပို့သူထံသို့ အကျိုးအကြောင်း
ပြန်ကြားခြင်းများကို လုပ်ဆောင် ပေးသွားပါ့မယ်။" တဲ့။
အရင့် အရင် အစိုးရ ၀န်မင်းများကတော့ တပါးသူပေးတဲ့ အကြံဥာဏ်ကို လေးစားစွာ နာယူလေ့မရှိခဲ့ပါဘူး။ သမ္မတ ဦးသိန်းစိန်နဲ့ အခု နောက်ထပ် ၀န်မင်း တပါးကလည်း အခုလို တပါးသူရဲ့ အကြံပြုချက် ကို လေးစား စွာ နာယူတာဟာ မင်္ဂလာ တပါးပါ။

ဒါကြောင့် အကြံပြုလိုသူတွေအနေနဲ့ ပြန်ကြားရေး ၀န်ကြီးသစ်ရဲ့ ဒီနေရာ က အင်တာနက် ၀က်ဆိုက်စာမျက်နှာ ကို သွားပြီး အကြံပြု နိုင်ပါတယ်။
 
အသစ်စက်စက်ပြန်ကြားရေးဝန်ကြီးဆိုက်မှာတိုင်တာတောတာအကြံပြုချင်တာတွေလုပ်ချင်သူတွေအတွက်
မှာသွားပြီးတော့အကြံပြုနိုင်ပါတယ်...။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template