ဥရောပ
 အာကာသ အေဂျင်စီ၏ ATV-3 ကုန်တင် အာကာသယာဉ်ကို နိုင်ငံတကာ အာကာသ စခန်းမှ 
အောင်မြင်စွာ ဖယ်ရှား နိုင်ခဲ့ပြီးနောက် ယင်းအာကာသ ယာဉ်သည် ပစိဖိတ် သမုဒ္ဒရာ
 အတွင်းသို့ ကျဆင်းခဲ့ကြောင်း ရုရှား အာကာသယာဉ် ထိန်းချုပ်ရေး ဌာနက 
အောက်တိုဘာ ၃ ရက်တွင် ပြောကြား ခဲ့သည်။
ရုရှား
 အာကာသယာဉ် ထိန်းချုပ်ရေး ဌာနသည် ATV-3 ကုန်တင် အာကာသယာဉ်အား ပြီးခဲ့သည့် 
ရက်သတ္တပတ် အစောပိုင်းက နိုင်ငံတကာ အာကာသ စခန်းမှ ဖယ်ရှားရန် ကြိုးစားခဲ့ ရာ
 အောင်မြင်မှု မရရှိခဲ့ဘဲ စက်တင်ဘာ ၂၉ ရက်မှသာ ဖယ်ရှား နိုင်ခဲ့ခြင်း 
ဖြစ်သည်။
နိုင်ငံတကာ
 အာကာသစခန်း (ISS) နှင့် ATV-3 ကုန်တင် အာကာသယာဉ် အကြား ဆက်သွယ် 
ချိတ်ဆက်မှုတွင် ပြဿနာ ဖြစ်ပေါ်မှုကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်က ၎င်းယာဉ်ကို 
ဖယ် ရှားရန် ကနဦး ကြိုးပမ်း ခဲ့ပြီးနောက် ရုရှား နိုင်ငံ၏ ကမ္ဘာပတ် 
လမ်းကြောင်း ဌာန၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် Zvezda အာကာသ စခန်းတွင် 
ဆက်လက် ချိတ်ဆက် ထားခဲ့သည်။
ATV-3
 ကုန်တင် အာကာသယာဉ်ကို ကူရူဒေသရှိ ဥရောပ အာကာသယာဉ် လွှတ်တင်ရေး စခန်းမှ 
လွှတ်တင် ခဲ့ပြီးနောက် ငါးရက်အကြာ မတ်လ ၂၈ ရက်တွင် ISS နှင့် ချိတ်ဆက်မိ 
ခဲ့ကြောင်း သိရသည်။ အဆိုပါ ကုန်တင် အာကာသ ယာဉ်သည် သိပ္ပံပညာ ဆိုင်ရာ 
ပစ္စည်းများ အပါအဝင် ထောက်ပံ့ရေး ပစ္စည်း မက်ထရစ်တန် ခုနစ်တန်ကို 
ပေးပို့ခဲ့ကြောင်း သိရသည်။


No comments:
Post a Comment