သမ္မတကြီးကိုသွားကြိုခဲ့တဲ့ ပြည်သူတစ်ဦးဖြစ်သူ မသင်ဇာအောင်၏ ပြောပြချက် - NAING NAING SANAY MYANMAR NEWS
skip to main |
skip to sidebar
သမ္မတကြီးကိုသွားကြိုခဲ့တဲ့ ပြည်သူတစ်ဦးဖြစ်သူ မသင်ဇာအောင်၏ ပြောပြချက်

"ဒီနေ့ သမ္မတကြီးကို သွားကြိုတယ်။ ဘယ်သူကမှ ခိုင်းလို့ မဟုတ်ဘူး။
ကိုယ့်ဘာသာ သွားချင်လို့ သွားတာ။ ဘာခမ်းခမ်းနားနား ဝတ်စုံနဲ့မှလည်း
မဟုတ်ဘူး။ ဂျင်းဘောင်းဘီနဲ့ပဲ။ သမ္မတကြီး ထွက်လာတော့ ဘာရည်ရွယ်ချက်နဲ့မှ
မဟုတ်ဘူး။ အနီးကပ်မြင်ဖူးချင်လို့ အနားအထိ တိုးသွားမိတယ်။
သတင်းထောက်တွေ
ကြားမှာပေါ့။ လုံခြုံရေးတွေကတော့ သူတို့ ထုံးစံအတိုင်း လမ
်းရှင်းကြတယ်။ တချို့ ဓာတ်ပုံကောင်းလိုချင်ကြတဲ့ ဓာတ်ပုံဆရာတွေအတွက်တော့
လုံခြုံရေးတွေ တွန်းတယ်ပေါ့။ ကိစ္စ မရှိပါဘူး။ ဘယ်သူတွေ ဘာတွေဖြစ်ဖြစ်
ကျွန်မတို့ နိုင်ငံရဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ကို
ဘာအရောင်မှ မပါဘဲ ကျွန်မ သွားကြိုဖြစ်ခဲ့တယ်။ အတော်လေး နီးနီးကပ်ကပ်
ကျွန်မ မြင်ခဲ့ရတယ်။ ကျေနပ်တယ်။ ကျွန်မလိုပဲ ကျွန်မသူငယ်ချင်းတော်တော်များများလည်း
ဘာခွင့်ပြုချက်နဲ့မှ မဟုတ်ဘဲ သမ္မတကြီး ဓာတ်ပုံတွေ ရလိုက်ကြသတဲ့။
ဂုဏ်ယူတယ်.......။ ကျွန်မတို့ နိုင်ငံအတွက် သမ္မတကြီးရောာ၊ ဒေါ်စုရောရဲ့
အားတွေ လိုတယ်။ ပြည်သူတွေအတွက်ပေါ့။ သူတို့နှစ်ယောက်လုံးကို အာဏာအတွက်
အလုပ်လုပ်ကြတာမဟုတ်ဘူးလို့ ယုံတယ်။ ကျွန်မ ပြည်သူတစ်ယောက်ပါ။"
No comments:
Post a Comment