ဗိုလ်ချုပ်မှူးကြီး ကျန်းမာရေး ဒေါင်ဒေါင်မြည်ခြင်းရဲ့ နောက်ကွယ် - NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, October 2, 2012

ဗိုလ်ချုပ်မှူးကြီး ကျန်းမာရေး ဒေါင်ဒေါင်မြည်ခြင်းရဲ့ နောက်ကွယ်





အခုတလော ကမ္ဘာ့ မီဒီယာလောကမှာ မြန်မာသတင်းတွေက အတော်နေရာယူလာခဲ့ပါတယ်။

တချိန်က စစ်အုပ်ချုပ်ရေးနဲ့ ဖိနှိပ်မှုများစွာနဲ့ မြန်မာနိုင်ငံမှာ လက်ရှိ ပြုပြင်ပြောင်းလဲမှုဟာ စစ်ဗိုလ်ချုပ်ကြီး
ဟောင်း တဦးဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ကြိုးပမ်းမှုကြောင့် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် နိုင်ငံတကာကပါ ပြောဆို ချီးမွမ်းခန်းထုတ်နေချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ဘဲ  ပြည်တွင်း ဂျာနယ် တစောင်မှာသတင်း တပုဒ် ဖော်ပြလာပါတယ်။


ဒါကတော့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကျန်မာရေး ကောင်းကြောင်း သမီးဖြစ် သူ ဒေါ်ခင်ပြုံးရွှေ ပြောကြားတဲ့ သတင်းတပုဒ်ပါ။

အဲဒီမှာတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ သမီးဖြစ်သူ ဒေါ်ခင်ပြုံးရွှေ က ဖခင်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ကျန်းမာရေးဟာ ဒေါင်ဒေါင်မြည်ကြောင်း အများက ပြောနေသလို၊ တချို့ သတင်းတွေက ရေးနေ သလို ဆေးကုနေရတာတို့ဘာတို့ဟာ မဟုတ်မှန်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး ကျန်းမာရေး ဒေါင်ဒေါင်မြည်နေတာ သူတို့ သမီးတွေထက်တောင် သာပါသေးတယ်လို့ လည်း ပြောသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာ လမ်းက မဟာ ရန်ကုန် စေတီတော် ရွှေထီးတော် တင်လှူပွဲ အခမ်းအနားကို စစ် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သား၊ သမီးတွေ ဖြစ်ကြတဲ့ ဦးကြိုင်သန်းရွှေ၊ ဒေါ်ခင်ပြုံးရွှေ၊ ဒေါ်သန္တာရွှေနဲ့ မြေး
တွေ တက်ရောက် ပူဇော်ပွဲ လာတုန်းက ပြောလိုက်တာပါ။

ဒီစကားက အလွန် တာ သွားပါတယ်။ ဟိုး တလောကလည်း အလားတူ ဗိုလ်ချုပ်မှူးကြီး မိသားစုက ဆေးရုံ တခုကို ကျပ် သိန်းပေါင်း ၁ ထောင်ကျော်ဖိုးလှူဒါန်းတာကို နိုင်ငံပိုင် သတင်းစာတွေမှာလည်း ဖော်ပြခဲ့ဖူးပါ တယ်။

ဗိုလ်ချုပ်မှူးကြီးဟာ တချို့ သတင်းတွေမှာ ဖော်ပြနေကြသလို ခပ်ညံ့ညံ့လူမဟုတ်ပဲ အကွက်ဇယား စနစ်တကျ ချမှတ် ပြီး ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကြီးရဲ့ တကယ့် လက်သည်ဆိုတာ ပြချင်လို့ လည်း ဖြစ်နိုင်ပါတယ်။

ဒါဟာ ဘာကို ပြသလဲဆိုရင် လက်ရှိ ပြုပြင်ပြောင်းလဲရေး သမားကြီးလို့ လူပြောများနေတဲ့ သမ္မတ ဦးသိန်းစိန်၊ အမျိုး သား လွှတ်တော် ဥက္ကဌလည်းဖြစ် ပြည်ထောင်စုလွှတ်တော် ဥက္ကဌလည်းဖြစ်တဲ့ ဦးခင်အောင်မြင့်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းစတဲ့သူတွေနဲ့ အစိုးရအဖွဲ့တွေ၊ လွှတ်တော်တွေ၊ ဖွဲ့စည်းပုံတွေနဲ့ ဒီ ပြုပြင်ပြောင်းလဲမှု အခင်း အကျင်းကြီး တခုလုံးကို ဖန်တီးခဲ့သူ တကယ့် ဇာတ်ဆရာ အစစ်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီးကို မေ့နေကြမှာစိုးလို့ သတိပေး စကား ထွက်ပြောလိုက်တာများလား လို့ တွေးမိစရာဖြစ်လာပါတယ်။

နောက်တမျိုးကလည်း ကြားယောင် ရေးသား တင်ပြနေကြတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ ကျန်းမာရေး ချို့ယွင်းနေပြီ ဆိုတဲ့ တချို့ သတင်းတွေကို မိသားစုဝင်တွေကတဆင့် ပယ်ချလိုက်တာလည်း ဖြစ်နေပါတယ်။


No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template