စိုက်ခင်းပေါ် ကြေးနီကုမ္ပဏီ မြေစာဆက်ပုံနေ - NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, October 2, 2012

စိုက်ခင်းပေါ် ကြေးနီကုမ္ပဏီ မြေစာဆက်ပုံနေ



Photo courtesy of open society.monywa စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ဒေသခံ တောင်သူလယ်သမားများ လယ်ယာမြေ မကျူးကျော်ရ ဆိုင်းဘုတ် စိုက်ထူနေစဉ်။

 စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးရှိ ဆည်တဲရွာနားက နှမ်းခင်းတွေထဲကို မနေ့ညပိုင်းက ကုမ္ပဏီက စက်ကြီးတွေနဲ့ မြေစာတွေ လာပုံတာကြောင့် ဒီကနေ့ မနက်ပိုင်းက စပြီး ရွာသူ ရွာသား တထောင်ခန့်က လူစုပြီး တားဆီးခဲ့ကြတယ်လို့ သိရပါတယ်။ 


ရွာသူရွာသားတွေ ရောက်လာချိန်မှာတော့ အဲဒီစက်မောင်း အလုပ်သမားတွေ ရှောင်တိမ်းသွားသလို တရုတ်ကုမ္ပဏီက လူတွေလည်း ထွက်ပြေးသွားတယ်လို့ ဆည်တဲရွာသား တစ်ဦးက ပြောပါတယ်။
စီမံကိန်းကို တာဝန်ယူ လုပ်ကိုင်နေတဲ့ ဦးပိုင်လီမိတက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံလိုကြောင်း ရွာသားတွေက တောင်းဆိုနေတယ်လို့ သိရပါတယ်။


တစ်ချိန်တည်းမှာပဲ ကုမ္ပဏီက အလုပ်ခန့်ထားတဲ့ အနီးအနား ကျေးရွာက ရွာသားအလုပ်သမား ၂၀၀ လောက်ကလည်း အမြဲတန်းဝန်ထမ်းအဖြစ် ခန့်ထားရေး၊ လစာတိုးရေးနဲ့ တန်းတူအခွင့်အရေး စတာတွေ ရရှိဖို့ ၀မ်ပေါင်ကုမ္ပဏီကို ဒီကနေ့ အချက် ၁၁ ချက် တောင်းဆိုတယ်လို့ တောင်းဆိုတဲ့အထဲမှာ ပါဝင်သူ ၀က်မှေးရွာသူတစ်ဦးက ပြောပြပါတယ်။

ကုမ္ပဏီမှာ တာဝန်ထမ်းဆောင်နေတဲ့ ရွာသူရွာသားတွေဟာ နိုင်ငံခြားသား အလုပ်ရှင်ကို ကြောက်ရတာ ရှိသလို ကိုယ့်လူမျိုး ၀န်ထမ်း အချင်းချင်း နိုင်ထက်စီးနင်း ပြောဆိုခံရတာတွေလည်း ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။


ဝက်မှေးရွာသားတစ်ဦးကို အာအက်ဖ်အေ ၀ိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template