ဒုံးကျည် ကာကွယ်ရေး စနစ်အဖြစ် အသုံးပြုနိုင်သည့် လေဆာစွမ်းအင်သုံး မြန်နှုန်းမြင့် ယာဉ်တစ်စင်း ဘိုးအင်းထုတ်လုပ် - NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, October 9, 2012

ဒုံးကျည် ကာကွယ်ရေး စနစ်အဖြစ် အသုံးပြုနိုင်သည့် လေဆာစွမ်းအင်သုံး မြန်နှုန်းမြင့် ယာဉ်တစ်စင်း ဘိုးအင်းထုတ်လုပ်

ဝါရှင်တန် အောက်တိုဘာ ၉ - 
ဘိုးအင်း ကုမ္ပဏီသည် လျှပ်စစ်ဓာတ်အား ၁ဝ ကီလိုဝပ် ရှိပြီး မြင်းကောင်ရေအား ၅ဝဝ ဖြင့် မောင်းနှင်နိုင် သည့် ဘီး ရှစ်ဘီးတပ် လေဆာ ရောင်ခြည်သုံး မြန်နှုန်းမြင့် ယာဉ် (HELMD) ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ သည် ဟုသိရ သည်။
အဆိုပါ မြေပြင် အခြေစိုက် HELMD ယာဉ်သည် မည်သည့် ဒုံးကျည်တပ် ယာဉ်မျိုးကိုမဆို အလင်းသွားနှုန်း ကဲ့သို့သော မြန်နှုန်းဖြင့် ပစ်ခတ် နိုင်စွမ်းရှိကြောင်း၊ ထို့အပြင် ဒုံးကျည်များ၊ အမြောက်ဆန် များနှင့် မောင်းသူ မဲ့ လေယာဉ်များ ကိုလည်း ပစ်ခတ်နိုင်စွမ်း ရှိသည်ဟု သိရသည်။ ယခု အချိန်တွင် ယင်းယာဉ်ကို စမ်းသပ်မှုများ ပြု လုပ်ရန် အတွက်လည်း အသင့် ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။
အမေရိကန်နှင့် ၎င်းမဟာမိတ် တပ်ဖွဲ့များ လက်ရှိ အသုံးပြု နေသည့် လက်နက်များသည် ဝေဟင် အတွင်း၌ စက္ကန့်ပိုင်း သာလျှင် ပစ်ခတ်၍ ရကြောင်း၊ သို့သော HELMD ယာဉ်မှ လေဆာရောင်ခြည်သည် တစ်စက္ကန့်လျှင် ခန့်မှန်းခြေ အားဖြင့် ၁၈၆ဝဝဝ မိုင်အထိ အလင်း၏ သွားနှုန်းဖြင့် ရွေ့လျားနိုင်ပြီး ပစ်မှတ်များကို တိကျမြန် ဆန်စွာဖြင့် ပစ်ခတ် နိုင်စွမ်း ရှိသည်ဟု သိရသည်။


No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template