“လင်မယားချင်းစကားများရန်ဖြစ်၍ စက်သုံးဆီဆိုင်အားမီးရှို့မှု သင်္ဃန်းကျွန်းတွင် ဖြစ်ပွား” - NAING NAING SANAY MYANMAR NEWS
Headlines News :

Thursday, October 4, 2012

“လင်မယားချင်းစကားများရန်ဖြစ်၍ စက်သုံးဆီဆိုင်အားမီးရှို့မှု သင်္ဃန်းကျွန်းတွင် ဖြစ်ပွား”


အောက်တိုဘာ (၃) ရက်နေ့ ည (၉) နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်
ကန် ရပ်ကွက်၊ လေးထောင့်ကန်လမ်းပေါ်ဘီအိုစီမှတ်တိုင်အနီးရှိ ခြံအမှတ် (၅၂) အတွင်း
ဖွင့်လှစ်ထားသော အင်ဂျင်ဝိုင်အဟောင်းအရောင်းဆိုင်၌ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။

ထိုမီးလောင်မှုမှာ ဆိုင်ရှင်ဖြစ်သူသည် ၄င်းဇနီးနှင့် လင်မယားချင်း စကားများ
ရန်ဖြစ်ရာမှ ဆိုင်ခန်းအား ဓါတ်ဆီလောင်း၍ မီးရှို့ခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်
မှုကြောင့် သွပ်မိုးထရံကာ ဆိုင်ခန်းတစ်ခုနှင့် စက်သုံးဆီပစ္စည်းများ မီးလောင်
ပျက်စီးခဲ့သည့်အပြင် ထိုဆိုင်ခန်း၌ နေထိုင်သူ အမျိုးသား လေးဦးနှင့်
အမျိုးသမီး နှစ်ဦးတို့မှာ မီးလောင် ဒဏ်ရာများ ရရှိခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေရကြောင်းသိရသည်။

ထိုမီးလောင်မှုနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းရဲစခန်းမှ (ပ) ၆၅၀/၁၂/ ပုဒ်မ (၄၂၆/၄၃၆) ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template