ကြံ့ခိုင်ရေးညီလာခံအတွက် မြန်မာ့အသံကို အကူအညီတောင်း - NAING NAING SANAY MYANMAR NEWS
Headlines News :

Friday, October 5, 2012

ကြံ့ခိုင်ရေးညီလာခံအတွက် မြန်မာ့အသံကို အကူအညီတောင်း



ကြားဖြတ်ရွေးကောက်ပွဲကာလမှာ တွေ့ရတဲ့ကြံ့ခိုင်ရေးပါတီရဲ့မဲဆွယ်စည်းရုံးရေး ယာဉ်တန်း (ဓာတ်ပုံ - ခင်သြ/ဧရာဝတီ)
 ကြံ့ခိုင်ရေးပါတီက လာမယ့် တနင်္ဂနွေနေ့မနက်မှာ ရန်ကုန်တိုင်းအဆင့် ပါတီညီလာခံကျင်းပဖို့ ပြင်ဆင်နေပါပြီ။

ဗဟန်းမြို့နယ်ထဲက ကြံ့ခိုင်ရေးပါတီရုံးကြီးမှာ ပြုလုပ်မယ့် တိုင်းအဆင့် ပါတီညီလာခံအတွက် လိုအပ်မယ့် အသံပိုင်းဆိုင်ရာပစ္စည်းတွေအတွက်  မြန်မာ့အသံကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အကူအညီ တောင်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီပစ္စည်းတွေ ကိုင်တွယ်ဖို့ မြန်မာ့အသံဝန်ထမ်းတချို့ကိုလည်း အကူအညီတောင်းထားတယ်လို့ သိရပါတယ်။
မကြာခင် NLD ကလည်း ညီလာခံတွေကို အောက်ခြေကနေ ဗဟိုအဆင့်အထိ ခေါ်ယူတော့မှာပါ။ NLD က မြန်မာ့အသံကို အကူအညီတောင်းဖို့ အစီအစဉ် ရှိမရှိ မသိရသေးပါဘူး။
ပါတီတွေခိုင်းသမျှ လိုက်လုပ်နေရင် မြန်မာ့အသံက အသံထွက်နိုင်တော့မယ် မဟုတ်ပါ။
ဗဟိုအဆင့် ညီလာခံအကြောင်းကိုတော့ ဧရာဝတီသတင်းတပုဒ်ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ ညီလာခံ ခေါ်ယူမည်  http://burma.irrawaddy.org/archives/20817 မှာ ဖတ်နိုင်ပါတယ်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template