လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းရန် အစီအစဉ်မရှိ - NAING NAING SANAY MYANMAR NEWS
Headlines News :

Monday, October 1, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းရန် အစီအစဉ်မရှိ





လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုရပ်ဆိုင်းရန်အစီအစဉ်မရှိကြောင်းလက်ပံတောင်းတောင် 
 ကြေးနီစီမံကိန်းနှင့်ပတ်သက်သောစာနယ်ဇင်းရှင်းလင်းပွဲတွင် မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ အကြီးတန်းအရာရှိ ဦးဝင်းကြည်ကပြောသည်။
“စပြီးလုပ်တုန်းက ဘာပြဿနာမှမရှိပါဘူး။ ဒေသခံတွေကိုယ်တိုင် ကြည်ကြည်ဖြူဖြူနဲ့ လျော်ကြေးတွေယူတယ်။ လျော်ကြေး ထပ်တိုးတောင်းတယ်။ 


အဲဒီပြဿနာတွေပဲရှိတယ်။ အခုဟာက စီမံကိန်းရပ်ဆိုင်းပေးပါဆိုတာ အရမ်းကို ပြင်းထန်တယ်။ ရပ်ဖို့အစီအစဉ်မရှိပါဘူး။ဒီလိုတွေ ဖြစ်လာတယ်ဆိုတာ နိုင်ငံရေးအင်အားစုတွေပါလာလို့ သွေးထိုးလှုံ့ဆော်
လို့ဖြစ်ရတာပါ”ဟု မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ အကြီးတန်းအရာရှိဦးဝင်းကြည်ကပြောသည်။

ဦးပိုင်လီမိတက် ပိုင်ဆိုင်သော သတ္တုတွင်း၏ အကျိုးတူပူးပေါင်းခွဲဝေခံစားမှုစာချုပ်အရ မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ ထုတ်လုပ်သည့်ရလဒ်အပေါ် ၅၁ ရာခိုင်နှုန်း အကျိုးခံစားခွင့်ရပြီး၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီက ၄၉ရာခိုင်နှုန်း အကျိုးခံစားခွင့်ရကာ နိုင်ငံတော်အစိုးရက မြေငှားစရိတ်၊ ၀င်ငွေအခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ အကျိုးခံစားရကြောင်း ယင်းပုဂ္ဂိုလ်ကပြောသည်။

ဒေသခံများဘက်ကလည်း ယင်းစီမံကိန်းသည် ပြည်သူတို့၏ သဘောဆန္ဒမပါရှိဘဲ အစိုးရအချင်းချင်းလုပ်သော စီမမံကိန်းဖြစ်ကြောင်း၊ ထို့အပြင် လူမှုစီးပွားကို တွက်
ချက်ရာတွင်လည်းတစ်အိမ်ထောင်လူတစ်ယောက်ဝန်ထမ်းလုပ်ခွင့်ရသည့်အစီအစဉ်မှလွဲပြီး ရေရှည်ေ

ဒသခံများအတွက် လူမှုဘ၀အာမခံချက်မရှိသော စီမံကိန်းဖြစ်သောကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာလိုက်နာမှုအပေါ်ကိုလည်း
စိုးရိမ်မှုများ ရှိနေခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ပထမပတ်က တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။


ယင်းစီမံကိန်းကို တရုတ်နိုင်ငံသားပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားသည်။ Production Sharing Contract စနစ် ကျင့်သုံးနေသော်လည်း မိုင်းပါမစ်ကို ဦးပိုင်လီမိတက်ကသာ ပိုင်ဆိုင်သည်ဟုဆိုသည်။ လက်ပံတောင်းတောင်၏
ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာတစ်ဘီလီယံရှိကြောင်း မြန်မာဝမ်ပေါင်ကုမ္ပဏီ
ဥက္ကဋ္ဌကပြောသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template