မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ 
လုပ်ဆောင်ခဲ့တာဟာ အာရပ်နွေဦးလို့ ခေါ်တဲ့ အာရပ်ကမ္ဘာက အာဏာရှင် 
အစိုးရဖြုတ်ချတဲ့ လူထုအုံကြွမှုတွေနဲ့ မပတ်သတ်ဘူးလို့ မြန်မာသမ္မတ 
ဦးသိန်းစိန်က နယူးယောက်တိုင်း သတင်းဌာန ကို ပြောကြားလိုက်ပါတယ်။ 
ဒီမိုကရေစီကိုလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒအရ ပြောင်းလဲတာဖြစ်ပြီး 
အန္တရာယ် နည်းအောင် ဖြည်းဖြည်းချင်းပြောင်းလဲခဲ့တာလို့
 ဦးသိန်းစိန်က ဆိုပါတယ်၊ ကာကွယ်ရေးဦးစီးချုပ်ကို 
သမ္မတက 
ခန့်အပ်ရတာဖြစ်လို့  ကာကွယ်ရေးဦးစီးချုပ်က အရေးပေါ်အခြေအနေကြေညာပြီး 
အာဏာသိမ်းနိုင်တယ်ဆိုတာလည်း မမှန်ဘူးလို့ သူက ဆိုပါတယ်။ ဒ့ါအပြင် 
လွတ်တော်ထဲက စစ်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဟာလည်း အခြေအနေ 
ပြောင်းလဲလာရင် တဖြည်းဖြည်းချင်း လွှတ်တော်ထဲကနေ ထွက်ခွာသွားမှာဖြစ်တယ်လို့ 
သမ္မတဦးသိန်းစိန်က ပြော ကြားခဲ့ပါတယ်။
Subscribe to:
Post Comments (Atom)



No comments:
Post a Comment