နယ်စပ်လုံခြုံရေး၊ ဘင်္ဂါလီမွေးဖွားနှုန်းကို ထိန်းချုပ်မည့် ဥပဒေပြဋ္ဌာန်းရေး အပါအ၀င် ရခိုင်ဒေသလူထုအစည်းအဝေးမှ နိုင်ငံတော်အစိုးရသို့ တင်ပြတောင်းဆိုချက်တို့အား ဆုံးဖြတ် - NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, October 2, 2012

နယ်စပ်လုံခြုံရေး၊ ဘင်္ဂါလီမွေးဖွားနှုန်းကို ထိန်းချုပ်မည့် ဥပဒေပြဋ္ဌာန်းရေး အပါအ၀င် ရခိုင်ဒေသလူထုအစည်းအဝေးမှ နိုင်ငံတော်အစိုးရသို့ တင်ပြတောင်းဆိုချက်တို့အား ဆုံးဖြတ်







 နယ်စပ်လုံခြုံရေး၊ ဘင်္ဂါလီမွေးဖွားနှုန်းကို ထိန်းချုပ်မည့် ဥပဒေပြဋ္ဌာန်းရေး အပါအ၀င် ရခိုင်ဒေသလူထုအစည်းအဝေးမှ နိုင်ငံတော်အစိုးရသို့ တင်ပြတောင်းဆိုချက်တို့အား ဆုံးဖြတ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် စက်တင်ဘာ ၂၅၊၂၆ ရက် နေ့များက ကျင်းပခဲ့သည့် ရခိုင်ဒေသလူထု အစည်းအဝေးကြီးမှ နယ်စပ်လုံခြုံရေး၊ ဘင်္ဂါလီမွေးဖွားနှုန်းကို ထိန်းချုပ်မည့် ဥပဒေပြဋ္ဌာန်းရေး အပါအ၀င် နိုင်ငံတော်အစိုးရသို့ တင်ပြ တောင်းဆိုချက် ၁၈ ချက်၊ကန့်ကွက်ချက် ခြောက်ချက်နှင့် အကြံပြုချက် သုံးချက်ကို ဆုံးဖြတ်ချမှတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ အစည်းအဝေးကြီးမှ နိုင်ငံတော်အစိုးရသို့ တင်ပြတောင်းဆိုချက်များတွင် မြန်မာနိုင်ငံ၏ အနောက်ဘက် ရခိုင်နယ်စပ်ဒေသနှင့် တရားမ၀င် ခိုးဝင်သူများရှိနေ၍ ပင်လယ်ပြင်နှင့်နယ်စပ်အား လုံခြုံရေးကို အခိုင်အမာ တည်ဆောက်ပေးရန်၊မြန်မာနိုင်ငံရှိ ဘင်္ဂါလီများ၏ လူဦးရေပေါက်ဖွားနှုန်းကို ထိန်းချုပ်နိုင်မည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန် အပါအ၀င်တောင်းဆိုချက် ၁၈ချက် တောင်းဆိုခဲ့သည်။

အစည်းအဝေးကြီးမှ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခ အခြေအနေများအရသော်လည်းကောင်း၊ ဘင်္ဂါလီများ၏ အတွင်းစိတ်သဏ္ဌာန် မမှန်ကန်မှုအရ သော်လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ယဉ်ကျေးမှုနှင့် ကျေးဇူးသစ္စာကို မစောင့်သိ၊ မရိုသေ၍သော်လည်းကောင်း ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအတူ ယှဉ်တွဲနေထိုင်ရန် မဖြစ်နိုင်သောကြောင့် ရခိုင်-ဘင်္ဂါလီ အတူယှဉ်တွဲနေထိုင်ရေးကို လုံးဝကန့်ကွက်ကြောင်း၊မြန်မာပြည်၏ ပြည်တွင်းရေးတွင် O.I.C ၏ နိုင်ငံရေး အရ မတရားဝင်ရောက်စွက်ဖက်မှုကို လုံးဝဆန့်ကျင်ကန့်ကွက်ပြီးရခိုင်ပြည်နယ် မည်သည့်နေ ရာတွင်မဆို O.I.C ရုံးစိုက်ခြင်းကို လုံးဝကန့်ကွက်ကြောင်း အပါအ၀င် ကန့်ကွက်ချက်ခြောက်ချက်ကို ကန့်ကွက် ခဲ့ကြသည်။

ဆက်လက်ပြီးရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများဖြစ်သော ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီတို့မှလည်းရခိုင်ဒေသ လူထုအစည်းအဝေးမှ နိုင်ငံတော်သို့ တင်ပြတောင်းဆိုချက်များ၊ကန့်ကွက်ချက်များ၊ အကြံပြုချက်များကို အင်တိုက်အားတိုက် ထောက်ခံ ကူညီပေးပါရန်၊ရခိုင်လူမျိုးအတွက် ရခိုင်အကျိုးအတွက် ကိုယ်စားပြုပါတီ များသည် အကွဲကွဲအပြားပြား မဆောင်ရွက်ကြဘဲ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ရခိုင်ပြည်နယ်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် ပြည်ပတွင်ရောက်ရှိနေကြသည့် ရခိုင်လူမျိုး အသင်းအဖွဲ့အစည်းတို့သည် ကွန်ရက်သဖွယ် အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ကြပါရန်တို့ကို အလေးအနက်ထား၍ တိုက်တွန်းအကြံပြုခဲ့ကြောင်းလည်းသိရသည်။

ရခိုင်ဒေသလူထုအစည်းအဝေးကြီးမှ တောင်းဆိုချက်၊ကန့်ကွက်ချက်၊ အကြံပြုချက်များကို တက်ရောက်ေ ဆွးနွေး တင်ပြကြသော ကိုယ်စားလှယ်တော်ကြီးများ၏ ဆန္ဒသဘောထားအပေါ်မူတည်၍ တခဲနက် ဆုံးဖြတ်အတည်ပြုနိုင်ရေးအတွက် ပြင်ဆင်စုစည်းသတ်မှတ်ပေးရန် အဖွဲ့ဝင်ကိုးဦး ပါဝင်သော ပြုစုရေးကော် မတီ ကို စက်တင်ဘာလ၂၄ရက်နေ့က တာဝန်ပေးအပ်ခဲ့ကြောင်းလည်းသိရသည်။

ကိုးဦးအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်မြို့နယ်အသီးသီးမှ တက်ရောက်လာကြသော ကိုယ်စားလှယ် များနှင့် ပြည်တွင်းပြည်ပမှ အကြံပြုတင်ပြချက်များကို စိစစ်ခွဲခြမ်းစိပ်ဖြာ၍ ဤလူထုအစည်း အဝေးကြီးမှ တောင်းဆိုချက်၊ ကန့်ကွက်ချက်၊အကြံပြုချက် များကိုပြုစုခဲ့ပြီး ရခိုင်ဒေသလူထု အစည်း အဝေးကြီး မှ တခဲနက် ထောက်ခံအတည်ပြုချက် ရယူနိုင်ရန် တင်ပြခဲ့ခြင်းဖြစ်သည်။

ရခိုင်ဒေသလူထုအစည်းအဝေးကြီးသို့ ရခိုင်အမျိုးသမီးများအစည်းအရုံးမှပေးပို့သော သ၀ဏ်လွှာ၊ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ တင်သွင်းသည့်သ၀ဏ်လွှာ၊ခိုင်အောင်ကျော် (နယူးယောက်)မှ တင်သွင်းသည့် ရခိုင် အနာဂတ်စီမံကိန်းများနှင့် ကာကွယ်ရေး ဆောင်ရွက်ချက်များကို ဆန်းစစ်ကြည့်ခြင်း စာတမ်း၊ ရန်ကုန်မြို့ရှိ ရခိုင်တိုင်းရင်းသားများ၏ သဘောထားစာတမ်း၊ကျောက်နီမော်ဒေသနေ ရခိုင်တိုင်းရင်းသားများမှ တင်သွင်းသည့် စာတမ်းအထူးအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ (အာဆီယံအမတ် များညီလာခံ A.I.P.A ဥက္ကဋ္ဌ Dr MARZUKI ALIE ABDUL MADJID)အား မြန်မာနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်အား ပြန်ကြားလွှာတွင်ပါရှိသော“ရိုဟင်ဂျာ ဆိုသူများသည် ဤနိုင်ငံတွင် မရှိပါ။၎င်းအပြင် ရိုဟင်ဂျာလူမျိုးသည် မြန်မာလူမျိုးပေါင်းစုံစာရင်းတွင်လည်း ပါဝင်ခြင်းမရှိပါ' စာပိုဒ်အား ရခိုင်ပြည်သူ ရဟန်း၊ရှင်လူတစ်ရပ်လုံးကအသိအမှတ်ပြု မှတ်တမ်းတင်ခဲ့ကြောင်းသိရှိရပါသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template