ရန်ကုန်မြို့ ကောင်းကင်ပေါ် တွင် ညဘက် ထွက်ပေါ်လာသော စလိုက်မီးတန်းများနှင့် ပတ်သတ်ပြီး ဤသို့တွေးကုန်ကြသည်
မနေ့ညက ကောင်းကင်ပေါ်က အလင်းတန်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းကြည့်ရာမှာ-
အရပ်သားတဦး။ ဘာကြောင့် လဲတော့ မသိဘူး.. တော်တော် ကြောက်စရာ ကောင်းပါတယ်။ ကြောက်လွန်းလို့ ကျနော်တို့မိသားစု ဘုရားစာတွေပဲ ထိုင် ရွတ်နေကြတယ်။
မိုးဇလမှ ၀န်ထမ်းတဦး။ ဟုတ်ကဲ့.. ဒါက ရာသီဥတုကြောင့် တိမ်တွေထဲက လျှပ်စစ် သံလိုက်ကွင်း
တွေ အချင်းချင်း ပွတ်မိပြီး ဖြစ်တာပါ။
ပယောဂဆရာ တဦး။ ဒါဟာ နိုင်ငံအတွင်းမှာ ကံဆိုးမှုတွေ ကျရောက်တော့မယ့် နိမိတ်ဖြစ်ပါတယ်။ မကောင်း ဆိုးဝါးတွေက မြူးတူးပျော်ပါး နေတာ ဖြစ်ပါတယ်။
တတ်သိ ပညာရှင်။ ဒါဟာ အနောက်နိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့ UFO ရဲ့ အလင်းတန်းတွေပါ။ ဟိုတလောတုန်းကလည်း ကျနော်တို့ နိုင်ငံကို UFO တွေ ရောက်လာ သေးတယ်လေ။
လက်နက် အရေးကျွမ်းကျင်သူ။ ဒါက ရှင်းနေတာပဲ။ အစိုးရက နျူကလီးယား လက်နက်ကို စမ်းသပ်နေတာပါ။ ဒါမှ မဟုတ်ရင်လဲ ကချင်တိုက်ပွဲအတွက် ဓာတုလက်နက်တွေကို စမ်းသပ်တဲ့ သဘောဖြစ်ပါလိမ့်မယ်။
နိုင်ငံရေး သမားတဦး။ ဒီလို အဖြစ်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့နိုင်ငံမှာ အစိုးရက ပွင့်လင်း မြင်သာမှု အားနည်း သေးတယ်လို့ ပြောရမှာပေါ့ခင်ဗျာ။ ဘာကြောင့်ပဲ ဖြစ်ဖြစ် ကြိုတင် သတင်းထုတ် ပြန်မှုတော့ ရှိသင့်ပါတယ်။

No comments:
Post a Comment