ရေကျောက်ဖြစ်စေသည့် ဗိုင်းရပ်စ်က ရင်သားကင်ဆာကုထုံး ဖြစ်လာနိုင် - NAING NAING SANAY MYANMAR NEWS
Headlines News :

Thursday, October 4, 2012

ရေကျောက်ဖြစ်စေသည့် ဗိုင်းရပ်စ်က ရင်သားကင်ဆာကုထုံး ဖြစ်လာနိုင်

 ရေကျောက်ဖြစ်စေသည့် ဗိုင်းရပ်စ်က ရင်သားကင်ဆာကုထုံး ဖြစ်လာနိုင်

ရေကျောက်ရောဂါကို ဖြစ်ပွားစေသော ဗိုင်းရပ်စ်ပိုးသည် ဆိုးရွားပြင်းထန်သည့် ရင်သားကင်ဆာအတွက်
 ကုထုံးကောင်းတစ်ခု ဖြစ်လာစေရန် ပညာရှင်များက မျှော်လင့်နေကြောင်း သိရသည်။



 ရေကျောက် ရောဂါကို ဖြစ်ပွားစေသော ဗိုင်းရပ်စ်သည် ဓာတ်ခွဲစမ်းသပ်ခန်းတွင် ပြုလုပ်သော သုတေသန ရလဒ်များအတွင်းရင်သားကင်ဆာကိုတိုက်ဖျက်နိုင်သောအာနိသင်မျိုးရှိနေကြောင်း ခြေရာခံလာနိုင်ခဲ့သည်။




ရေကျောက်ရောဂါကို ဖြစ်ပွားစေသော ဗိုင်းရပ်စ်ပိုးသည် ဆိုးရွားပြင်းထန်သည့် ရင်သားကင်ဆာအတွက်
 ကုထုံးကောင်းတစ်ခု ဖြစ်လာစေရန် ပညာရှင်များက မျှော်လင့်နေကြောင်း သိရသည်။ ရေကျောက်
ရောဂါကို ဖြစ်ပွားစေသော ဗိုင်းရပ်စ်သည် ဓာတ်ခွဲစမ်းသပ်ခန်းတွင် ပြုလုပ်သော သုတေသန
 ရလဒ်များအတွင်း ရင်သားကင်ဆာကို တိုက်ဖျက်နိုင်သော အာနိသင်မျိုး ရှိနေကြောင်း ခြေရာခံလာနိုင်ခဲ့သည်။

 အားပြင်းပြီး ကင်ဆာကုသ ဆေးဝါးများပင် မတိုက်ဖျက်နိုင်သော ကင်ဆာဆဲလ်များကို ရေကျောက်ရောဂါ
 ဗိုင်းရပ်စ်ပိုးက (၄)ရက်အတွင်း (၉၀)ရာခိုင်နှုန်းထိ ဖျက်ဆီးပစ်နိုင်ကြောင်း သုတေသီများက ဖော်ထုတ်
တွေ့ရှိခဲ့သည်။ ဓာတ်ခွဲစမ်းသပ်မှုမှတစ်ဆင့် ကြွက်များတွင် ထိုးသွင်း စမ်းသပ်ခဲ့ရာတွင်မူ ကင်ဆာကြိတ်များ
 ဖြစ်နိုင်သည့် ဆဲလ်များကို (၆၀)ရာခိုင်နှုန်း ရှင်းလင်းပစ်ခဲ့ကြောင်း ထပ်မံတွေ့ရှိခဲ့သည်။


ရင်သားကင်ဆာဆဲလ် TNBCများအပေါ် ရေကျောက်ရောဂါ ဗိုင်းရပ်စ်၏ တိုက်ဖျက်မ
ှု စွမ်းအင်ကို အခြေပြုကာ အနာဂတ်တွင် ရင်သားကင်ဆာ တိုက်ဖျက်ဆေးကောင်းတစ်ခု
 ဖော်ထုတ်နိုင်ရန် ပညာရှင်များက မျှော်လင့်နေသည်။ TBNCသည် မော်လီကျူး Receptor(၃)မျိုး
 မပါဝင်မှုကြောင့် ကုသရန် ခက်ခဲလေ့ရှိသည်။ အဆိုပါ Receptorများသည် ဟိုမုန်းကုထုံးနှင
့် ရောဂါပိုး တိုက်ဖျက်ကုသမှု ကုထုံးများအတွက် အရေးပါသော အစိတ်အပိုင်းများ ဖြစ်နေလေ့ ရှိသည်။

ရေကျောက်ရောဂါကို ဖြစ်စေသော ဗိုင်းရပ်စ်တစ်မျိုးဖြစ်သည့် Vacciniaသည် လူသားတို့ကို
 ဆိုးဆိုးရွားရွား အသက်အန္တရာယ် ခြိမ်းခြောက်သော အခြေအနေမျိုး မပေါ်ပေါက်စေနိုင်ချေ။

ထိုဗိုင်းရပ်စ်သည် TBNCများရှိ အကြိတ်ဆဲလ်ကို ကြီးထွားစေသည့် ပရိုတိန်းတို့ကို ဦးတည်ပစ်မှတ်ထား
 ဖျက်ဆီးလေ့ရှိကြောင်း သိရသည်။ ကယ်လီဖိုးနီယားရှိ စတန်းဖို့ဒ် တက္ကသိုလ်တွင် ပြုလုပ်နေသော
 သုတေသ ကဏ္ဍ၏ ဦးဆောင် ပညာရှင် ဒေါက်တာ ဆီဖီဒါ ဂိုလာမီက "Vacciniaဗိုင်းရပ်စ်ကို သုံးရတဲ့
 ရည်ရွယ်ချက်က သူဟာ ရေကျောက်ဗိုင်းရပ်စ် မိသားစုထဲမှာ ပါဝင်နေတာကြောင့်ပါ။ ရေကျောက်
ရောဂါက ခုချိန်မှာ ကမ္ဘာပေါ်မှာ အမြစ်ပြတ်အောင် ဖြစ်နေပါပြီ။ ပြီးတော့ အဲဒီအတွက် အစွမ်းထက်တဲ့
 ကုသဆေးတွေလည်း ရှိနေပြီးသားပါ။ ဒီအချက်ကြောင့် ကျွန်တော်တို့ဟာ ပိုပြီးလုံခြုံဘေးကင်းတဲ့
အခြေအနေကနေ ချဉ်းကပ် လေ့လာခွင့် ရခဲ့ပါတယ်"ဟု ရှင်းပြခဲ့သည်။


သုတေသီများက Vacciniaသည် ကြွက်များတွင် ရှိနေသည့် TNBCကို (၃)ပတ်အတွင်း ဖျက်ဆီးပစ်နိုင်ရန်
 ဆက်လက် ကြိုးစားနေသည်။ "ရောဂါဗေဒပေါ် အခြေခံပြီး လေ့လာရမှာပါ။ကျွန်တော်တို့သတိထားမိတာက
 ကင်ဆာဆဲလ် (၆၀)ရာခိုင်နှုန်းလောက်က လုံးဝ ဆုတ်ယုတ် ပျက်ပြယ်သွားတယ်။

ကျန်တဲ့ကင်ဆာဆဲလ် အကြိတ် (၄၀)ရာခိုင်နှုန်းလောက်မှာလည်း တော်တော်များများက သေကုန်ကြတာ
 မြင်နိုင်ပါတယ်။ ဒီအချက်က ကျွန်တော်တို့ရဲ့ စမ်းသပ်ကုထုံးအပေါ် ကင်ဆာကြိတ်တွေရဲ့
သက်ရောက်မှု ရှိတယ်ဆိုတဲ့ သက်သေပါပဲ"ဟုလည်း ဒေါက်တာ ဂိုလာမီက ပြောကြားသွားသည်။




No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template