ကံထူးရှင် ထီပေါက်ကြောင်း လိမ်လည်ပြောဆိုပြီး လုပ်စားနေသူများ ရှိနေသဖြင့် ပြည်သူများ သတိပြုရန် - NAING NAING SANAY MYANMAR NEWS
Headlines News :

Friday, October 5, 2012

ကံထူးရှင် ထီပေါက်ကြောင်း လိမ်လည်ပြောဆိုပြီး လုပ်စားနေသူများ ရှိနေသဖြင့် ပြည်သူများ သတိပြုရန်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj676H76A07pFcOUP8Qmn0kFX9qYYuTwaHasd3apzQ8vQtiZwacUNCDlmWCDQ3gVHlEA30byXhCA6WHV0ueC9iWc5BsaaNl2YRGJ79Ply7ySiJS5nF_WI1F757JZBeUkk7eGi44-3xhA0s/s1600/579734_276583699125442_1003671429_n.jpg
နေရာဒေသအချို့တွင် ထီပေါက်သဖြင့် ဆုငွေရရှိမည်ဖြစ်၍ ကော်မရှင်ပေးရန်နှင့် ခရီးစရိတ်ပေးရန် ဖုန်းဖြင့် လိမ်လည် ဆက်သွယ်ပြီး လုပ်စားနေသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်လျက် ရှိပါသည်။


ယခုတဖန် ၅-၁၀-၂၀၁၂ နေ့ နံနက် ၁၀ နာရီခန့်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နှစ်ပတ်လည် အထူးကံစမ်းမဲ ရွေးချယ်ပွဲတွင် ထိုတယ်လီဖုန်း နံပါတ်မှာ ကံစမ်းမဲပေါက်သဖြင့် ပြန်လည် ဆက်သွယ် စေလိုကြောင်း၊ ၄င်းသည် မြန်မာ့ဆက်သွယ်ရေးနှင့် ကြေးနန်းဌာန၊ ဘဏ္ဍာရေးဌာနမှ ဒုဗိုလ်မှူးကြီး မြင့်အောင် ဖြစ်ကြောင်း ပြောဆို ဆက်သွယ်လာမှုအပေါ် သံသယရှိသဖြင့် စုံစမ်းရာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတွင် ထိုကဲ့သို့ နှစ်ပတ်လည် ကံထူးရှင် ရွေးချယ်ပွဲမျိုး ဆောင်ရွက်သည့် အစဉ်အလာမရှိကြောင်း သိရှိခဲ့ရပါသည်။

ကံစမ်းမဲပေါက်ကြောင်း ဆက်သွယ်လာသည့် ဖုန်းနံပါတ်အား ပြန်လည် ဆက်သွယ်သည့်အခါ အမျိုးသား တစ်ဦးမှ ၄င်းဆက်သွယ် ပြောဆိုခြင်းမရှိကြောင်း ငြင်းဆိုပါသည်။ ဖုန်းမှာ ၄င်းပိုင်ဖြစ်ပြီး အများသုံးရန် အခကြေးငွေဖြင့် ဆောင်ရွက်နေကြောင်း ပြောပြသိရပါသည်။ အံ့သြဖွယ်ကောင်း သည်မှာ ကံစမ်းမဲ ပေါက်ကြောင်း ဖုန်းဖြင့်ဆက်သွယ် ပြောဆိုသူ၏အသံနှင့် ယခုငြင်းဆိုသည့်သူ၏ အသံမှာ တစ်ထပ်တည်း တူညီနေခြင်း ဖြစ်ပါသည်။

ဖုန်းဖြင့် ဆက်သွယ်ခံရသူမှာ ဌာနဆိုင်ရာ အရာရှိ တစ်ဦးဖြစ်ကြောင်း သိရှိသွားချိန်မှစ၍ ဖုန်းပိတ်ထားခြင်း၊ Busy ပြခြင်း၊ ငြင်းဆိုခြင်း စသည်တို့ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။

အများပြည်သူ သိရှိနိုင်ပါရန်နှင့် သက်ဆိုင်ရာမှ ထိုလိမ်လည်သူအား စုံစမ်းဖော်ထုတ် ဖမ်းဆီးခြင်းဖြင့် တရားဥပဒေ စိုးမိုးရေးကို အထောက်အကူ ဖြစ်နိုင်စေရန် ရည်ရွယ်လျက် ရေးသားတင်ပြ ရခြင်းဖြစ်ပါသည်။

လိမ်လည်မှုများ ကင်းစေလိုသူ


No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template