အမြန်ရေယာဉ်များ ပြန်လည်ပြေးဆွဲတော့မည် - NAING NAING SANAY MYANMAR NEWS
skip to main  |
      skip to sidebar
          
        
          
        
အမြန်ရေယာဉ်များ ပြန်လည်ပြေးဆွဲတော့မည်
ရာသီဥတုအကန့်အသတ်ကြောင့် ကာလအတန်ကြာရပ်နားထားရသည့် ထားဝယ် -မြိတ် -ကော့သောင်း ခရီးစဉ်အမြန်ရေယာဉ်များမကြာမီရက်ပိုင်းအတွင်းပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်းသိရသည်။Fortune Express အမြန်ရေယာဉ်၂/၇ သည်လာမည့်
 အောက်တိုဘာလ(၄)ရက်နေ့မှပြန်လည်ပြေးဆွဲမည်ဖြစ်ပြီး၊ဟိုင်ဖိုင်အမြန်ရေယာဉ်သည် လာမည့်
 အောက်တိုဘာလ(၅)ရက်နေ့မှပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်းသိရသည်။
 ထိုကဲ့သို့ပြန်လည်ပြေးဆွဲမှုသည် ကမ်းရိုးတန်းလေကြောင်းခရီးစဉ်များ
 လျှော့ချမှုနှင့်တိုက်ဆိုင်နေသဖြင့်ခရီးသည်များအဆင်ပြေသွားနိုင်ဖွယ်ရာ
 ရှိကြောင်းတွေ့ရသည်။အမြန်ရေယာဉ်များသည်ရာသီဥတုအကန့်အသတ်
 ကြောင့် ဆင်ဖြူပြင်ဆိပ်ကမ်းတွင် (၅)လတာမျှရပ်နားထားခဲ့ရသည်။
 
 သတင်းနှင့် ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
 
 
 
 
          
      
 
  
 
 
 
  
No comments:
Post a Comment