မြစ်ဆုံထက်ကြီးသော ရေအားလျှပ်စစ်စီမံကိန်း သံလွင်မြစ်၌ ဆောက်မည် - NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, October 2, 2012

မြစ်ဆုံထက်ကြီးသော ရေအားလျှပ်စစ်စီမံကိန်း သံလွင်မြစ်၌ ဆောက်မည်



ရပ်ဆိုင်းထားသည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းထက်ကြီးသော ရေအားလျှပ်စစ်စီမံကိန်းတစ်ခုကို
 သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် ပြင် ဆင်နေကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်
် က ပြောသည်။အဆိုပါ စီမံကိန်းသည် ရှမ်း ပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် တာဆန်းတွင်
တည်ရှိပြီးတစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၁ဝဝ ထုတ်ယူနိုင်မည်ဟု သိရသည်။


''ဒီနေရာမှာ ကျောက်တောင် တွေပဲ ရှိတယ်။ ပြောင်းရွှေ့ရမယ့် ဒေသခံ အနေအထား
 ကလည်း အနည်းဆုံး နေရာဖြစ်နေတယ်'' ဟု အဆိုပါနေရာကို ရွေးချယ်ရခြင်
 အကြောင်းနှင့်ပတ်သက်၍ ဝန်ကြီး ချုပ်က ပြောသည်။

အဆိုပါစီမံကိန်းကို ယခင်က အီတာလျံ-ထိုင်းကုမ္ပဏီနှင့် ပူးပေါင်း လုပ်ဆောင်ရန်
 လျာထားခဲ့သော် လည်း ယခုအခါ တရုတ်ကုမ္ပဏီနှင့် မြန်မာလုပ်ငန်းရှင်များပူးပေါင်းလုပ်
ဆောင်နေသည်ဟု သိရသည်။အဆိုပါ စီမံကိန်းကို သံလွင်မြစ် ပေါ်တွင် တာတမံနှစ်ဆင့်
 တည် ဆောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ယခုလက်ရှိ အသုံးပြုနေသော လျှပ်စစ်ပမာဏ၏
နှစ်ဆကျော် ထုတ်ယူနိုင်သည်ဟု ဝန်ကြီးချုပ် က ပြောသည်။

မိုင်းတုံမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦးက

''ဒီစီမံကိန်းက ထွက်ရှိလာတဲ့ လျှပ်စစ် ဓာတ်အားတွေကို
 ရှမ်းပြည်နယ် အတွက် အသုံးပြုပေးပြီးတော့ ရရှိ လာတဲ့ အကျိုးအမြတ်တချို့ကို
 ပြည်နယ်ဖွံ့ဖြိုးရေးရန်ပုံငွေအတွက် ထည့်ဝင်ပေးမယ်ဆိုရင်တော့ ကန့်ကွက် စရာမရှိပါဘူး''

'ဟု ပြောသည်။

အဆိုပါ ဆည်တမံ ဆောက် လုပ်မည့်ကိစ္စကို အင်န်ဂျီအို တချို့မှ ယခင်က ကန့်ကွက်
မှုများ ပြုလုပ် ထားသော်လည်း ရှမ်းတိုင်း ရင်းသားလက်နက်ကိုင် RCSS နှင့် ငြိမ်းချမ်းရေး
ဆွေးနွေးမှု များ ပြေလည်ပြီး ပါက စီမံကိန်းဖြစ် မြောက်လာနိုင်ကြောင်း ၄င်းက ပြောသည်။

အဆိုပါ စီမံကိန်း ဆောက် လုပ်မည့်နေရာသည် ယခင်က နယ်မြေမ တည်ငြိမ်မှုကြောင့်
့် ပြည် သူအများစု မှာ ပြောင်းရွှေ့သွား ခဲ့ရပြီး တောင်နှစ် လုံးကြားတွင် တည်ရှိ၍
 လယ်မြေအနည်းငယ် သာရှိကြောင်း ၄င်းကပြောသည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦး စဝ်အောင်မြတ်က အဆိုပါစီမံကိန်း မှ ထွက်လာမည့်
လျှပ်စစ်ဓာတ် အားများကို ရှမ်းပြည်နယ်အနှံ့ သွယ်တန်း၍ မဟာဓာတ်အားလိုင်း
သို့လည်း ချိတ်ဆက်သွားမည်ဖြစ် ကြောင်းနှင့် အဆိုပါ စီမံကိန်းကို ဖော်ဆောင်နေသော
 ပြည်တွင်း ပြည်ပကုမ္ပဏီများမှာ CTGC ၊IGOEC နှင့်EGAT တို့ဖြစ်ကြောင်း သိရသည်။







No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template