မူဆယ်တွင် စစ်တပ်မှ အရာရှိ ဟန်ဆောင်ပြီး သေနတ်အတုဖြင့် ငွေတောင်းသူအား ဖမ်းမိ - NAING NAING SANAY MYANMAR NEWS
skip to main |
skip to sidebar
မူဆယ်တွင် စစ်တပ်မှ အရာရှိ ဟန်ဆောင်ပြီး သေနတ်အတုဖြင့် ငွေတောင်းသူအား ဖမ်းမိ
ရှမ်းပြည်နယ်မြောက်ပိုင်း၊
မူဆယ်မြို့၊ ကောင်းနောင်ရပ်ကွက် တွင်နေထိုင် သူ ဒေါ်နန်းစောရင် ၏ နေအိမ်
သို့ သေ နတ် အတုဖြင့် စစ်တပ်မှ အရာရှိ ဟန်ဆောင်ကာ
ကားနှင့်ငွေလိမ်လည်တောင်းသူအား
ဖမ်းမိခဲ့ကြောင်း သိရပါတယ်။ ဒေါ်နန်းစောရင်သည် ခင်ပွန်းသည် သေဆုံးပြီး
အမှုရင်ဆိုင်နေရတဲ့ တရားလို တစ်ဦးဖြစ်ပါတယ်။ ခင်ပွန်း သည်ဟာ အောက်တိုဘာ ၂
ရက်နေ့ နေ့လည်ပိုင်းက မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်အနီးရှိ
ဝိန်းပိုင်ရွာတွင် အမည်မသိလူတစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်ခြင်း
ခံခဲ့ရသူဖြစ်ပါတယ်။ အမှုအတွက် လိုအပ်တဲ့ အချက်အလက် တွေကို
မေးမြန်းဖို့ရောက်လာတဲ့ ရဲအုပ် တင်အောင် နဲ့အဖွဲ့ကို ဒေါ်နန်းစောရင်မှ
သတင်းပို့ပြောပြ ခဲ့တာကြောင့် အထက်ပါ လိမ်လည်သူ ၃ ဦးကို
ဖမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
`` နေ့လည် ၁ နာရီလောက်မှာ စစ်တပ်က
အရာရှိ အ၀တ်အစားနဲ့ တစ်ယောက်၊ ဆိုင်ကယ်မောင်းသူ တစ်ယောက်၊ ပေါင်း
နှစ်ယောက်ဟာ ကျွန်မအိမ်ထဲကိုရောက်လာပါတယ်။
အရာရှိအ၀တ်အစားနဲ့လူက ဗိုလ်ကြီး ရန်နောင်စိုး ဖြစ်ကြောင်းနဲ့
နေပြည်တော်မှ စေလွှတ်လိုက်တဲ့သ ဖြစ်ကြောင်း ပြောပြီး အမှုအတွက် ငွေ
၅သိန်းတောင်း သွားပါတယ်။ ညနေ ၅ နာရီခွဲလောက်မှာ အရပ်ဝတ်နဲ့
နောက်တစ်ခါပြန်လာပြီး သွားလာရေးအဆင် ပြေစေဖို့ဆိုပြီး
ကားတစ်စီးထပ်တောင်းပါတယ်။ ည ၈ နာရီလောက်မှာ တစ်ခေါက်ပြန်လာပြီး အိမ်ကို
လုံခြုံ ရေးလုပ်ပေးမယ်လို့ပြောပြီး ပြန်ထွက်သွားပါတယ်။ ကျွန်မလည်း
ခင်ပွန်းသည် အမှုအတွက် အဆင်ပြေမယ်ထင်ပြီး သူတို့တောင်းဆိုတာတွေကို
ဆောင်ရွက်ပေးခဲ့တာပါလို့ ´´ ဒေါ်နန်းစောရင်က ပြောပြခဲ့ ပါတယ်။
မူဆယ်ခရိုင်မှူး၊ စရဖအဖွဲ့၊ မြို့နယ်ရဲ အဖွဲ့တွေ ပူးပေါင်းပြီး ည ၁၁
နာရီခွဲလောက်မှာ ဒေါ်နန်းစောရင်အိမ် အနီးမှာ သွားရောက် စောင့်ဆိုင်းနေစဉ်
ပါရာဒိုကား(နံ့သာရောင်) ဖြင့် လူ ၃ ဦးရောက်ရှိလာပြီး ဒေါ်နန်းစောရင်
အိမ်အတွင်း သို့ ၀င်ရောက်လာသဖြင့် လုံးထွေးပြီးဖမ်းဆီးနိုင်ခဲ့ပါတယ်။
၎င်းအရာရှိ ဟန်ဆောင် ထားသူမှာ ရန်နောင်စိုး ဖြစ်ပြီး စစ်ကိုင်းတိုင်း၊
ဘုတလင်မြို့မှဖြစ်ပါတယ်။ ၄င်းကိုင်ဆောင်သည့် သေနတ်မှာ ပစ္စတိုအတု
ဖြစ်ကြောင်းလည်း သိရပါတယ်။ ၄င်းအမှုကို မူဆယ် ရဲစခန်းမှ ဆက်လက်
စစ်ဆေးစုံစမ်းမှု တွေ ပြုလုပ်နေ တယ်လို့သိရပါတယ်။
No comments:
Post a Comment