အိန္ဒိယ၏ ချေးငွေ ဒေါ်လာသန်း ၅၀၀ အတွက် EXIMဘဏ်က မြန်မာတွင် ရုံးခွဲဖွင့်ရန် စီစဉ် - NAING NAING SANAY MYANMAR NEWS
Headlines News :

Saturday, October 6, 2012

အိန္ဒိယ၏ ချေးငွေ ဒေါ်လာသန်း ၅၀၀ အတွက် EXIMဘဏ်က မြန်မာတွင် ရုံးခွဲဖွင့်ရန် စီစဉ်



ရိုးရာလေး . ၆ရက်နေ့ အောက်တိုဘာ ၂၀၁၂  —–  အိန္ဒိယနိုင်ငံမှ EXIM ဘဏ်သည် မြန်မာနိုင်ငံကို အိန္ဒိယ အစိုးရက ပေးအပ်မည့် ချေးငွေဒေါ်လာ သန်း ၅၀၀ အတွက် ဘဏ်ရုံးခွဲ တစ်ခုကို လာရောက် ဖွင့်လှစ်သွားရန် ရှိနေကြောင်း စက်တင်ဘာလ တတိယပတ်က သတင်း ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးငွေပေးရန် နှစ်နိုင်ငံ ခေါင်းဆောင်များ သဘောတူညီထားခဲ့ပြီးနောက် EXIM ဘဏ်က ယင်းကဲ့သို့ ချေးငွေကို ပေးအပ် လုပ်ဆောင်ခွင့်ကို အိန္ဒိယ အစိုးရထံမှ ရရှိထားခဲ့သည်ဟု သိရသည်။ နိုင်ငံပေါင်း ၁၀ နိုင်ငံတွင် ဘဏ်ခွဲများ ရှိထားသော အစိုးရ ရှယ်ယာဝင် EXIM ဘဏ် အနေဖြင့် နှစ်ကုန်ပိုင်းတွင် စတင်၍ ဘဏ်ခွဲ ဖွင့်ခွင့်ရရေး ကြိုးပမ်းသွားမည်ဟု သိရကာ မြန်မာနိုင်ငံက ၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာ ဘဏ်ခွဲများကို ဖွင့်ပေးနိုင်မည့် အလားအလာကြောင့် ယခုနှစ်ကုန်ပိုင်းမှ စတင် ပြင်ဆင်မည်ဖြစ်ကြောင်း သိရသည်။

“အိန္ဒိယ ကုမ္ပဏီအများစုက ဖက်စပ်ပဲဖြစ်စေ ရင်းနှီးမြှုပ်နှံမှုတွေ သွားရောက် လုပ်ကိုင်ဖို့ တာစူနေကြသလို ကျွန်တော်တို့ဘက်က အဲဒီ လုပ်ငန်းစုတွေကို ကူညီပေးဖို့ အဆင်သင့် ရှိနေပါတယ်” ဟု EXIM ဘဏ်မှ အမှုဆောင်ဒါရိုက်တာ Prab-hakar Dalal က ပြောကြားသည်။ ဗဟိုဘဏ်မှ သတင်းများအရ လတ်တလောတွင် ပြည်ပနိုင်ငံများမှ ဘဏ်ကိုယ်စားလှယ် ရုံးခွဲသာ ဖွင့်ခွင့်ပြုထားပြီး ဘဏ်ရုံးခွဲ ဖွင့်ခွင့်ပြုမထားသေးကြောင်းနှင့် ၂၀၁၃ တွင် ဖွင့်ပေးနိုင်မည့် အလားအလာ ရှိနေကြောင်းလည်း သိရသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template