မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းပိတ်၍ အိမ်ပြန်လာသည့် တက္ကသိုလ်ကျောင်းသူအား ဘောင်းဘီအတိုဝတ်၍ဟုဆိုကာ KIA စစ်သားတစ်ဦးက ပါးရိုက် - NAING NAING SANAY MYANMAR NEWS
Headlines News :

Tuesday, October 2, 2012

မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းပိတ်၍ အိမ်ပြန်လာသည့် တက္ကသိုလ်ကျောင်းသူအား ဘောင်းဘီအတိုဝတ်၍ဟုဆိုကာ KIA စစ်သားတစ်ဦးက ပါးရိုက်


 ယခုရက်ပိုင်းအတွင်း  KIA စစ်တပ်အနေဖြင့် ပြည်နယ်အတွင်း၌  လူအခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ကချင်ဒေသခံများထံက သိရှိရသည်။
 
အောက်တိုဘာလ(၁)ရက်နေ့ နေ့လည်(၁)နာရီက မော်ဝမ်းလေးရပ်ကွက်နေ ကိုမင်းနိုင်အသက်(၄၂)မှ နေအိမ်၌ သတင်းစာဖတ်နေစဉ် KIAစစ်တပ်မှသေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဖားကန့်မြို့မော်ဝမ်းလေး ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

 
“နေ့ခင်းကြီးကို အိမ်မှာသတင်းစာဖတ်နေတုန်းကို ပစ်သွားတာ။ သတင်းကြားတာတော့ KIA ကို ဆဲလို့ပစ်သတ်သွားတယ်လို့ ကြားတယ်။ မင်းဆဲတာ ငါပဲဆိုပြီး ပစ်သွားတာ”ဟု ဖားကန့်မြို့ မော်ဝမ်းလေးရပ်ကွက်မှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
 
 
ကချင်ပြည်နယ် ဖားကန့်ဒေသတွင် KIAတပ်များအား မကောင်းပြောသူများနှင့် စစ်အစိုးရဘက်သို့ သတင်းပေးသူများကို KIA က  လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်လေ့ရှိကြောင်းကိုလည်း သိရသည်။
 
 KIAစစ်တပ်သည် ဒေသခံများကို တရားမဲ့ညှင်းပမ်းသတ်ဖြတ်မှု၊  ဒေသခံများထံက အခါအားလျော်စွာ ဆပ်ကြေးကောက် ပိုက်ဆံတောင်းမှု ၊ ဒေသခံများအား ပေါ်တာဆွဲမှု့များစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများဆက်တိုက်ပြုလုပ်လာခြင်းဖြစ်ကြောင်းကိုလည်း ဖားကန့်ဒေသခံများထံက သိရှိရသည်။
 
စက်တင်ဘာလ(၁၀)ရက်နေ့ကလည်း မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းပိတ်၍ အိမ်ပြန်လာသည့် ကားမိုင်းမှ ဦးစိုးဝင်းသမီး တက္ကသိုလ်ကျောင်းသူအား ဘောင်းဘီအတိုဝတ်၍ဟုဆိုကာ မိုးကောင်းနှင့်ကားမိုင်း ကြားရှိသော KIAစစ်တပ်ဂိတ်မှ စစ်သားတစ်ဦးက ပါးရိုက်ခဲ့ကြောင်း သိရသည်။
 
ထိုကဲသို့ပါးရိုက်လိုက်သောကြောင့် ဦးစိုးဝင်းက KIAသို့တိုင်ကြားခဲ့ရာ အောက်တိုဘာလ(၁)ရက်နေ့တွင် KIAစစ်တပ်ဘက်က  ကချင်ရိုးရာအတိုင်း တောင်းပန်သည့်အတွက် အမှု့ကျေအေးခဲ့ကြောင်းကိုလည်း ဒေသခံများထံက သိရသည်။
 
" မြစ်ကြီးနား တက္ကသိုလ်ကကျောင်းပိတ်လို့ ပြန်လာတာသူ့အဖေလည်းပါတယ်၊ KIAစစ်တပ်ဂိတ်ကစစ်သား တစ်ဦးက အမြင်မတော်လို့ဆိုပြီး ပါးရိုက်တာတဲ့။ ပြောချင်တာက သူတို့ ကချင်အချင်းချင်းမလို့ တောင်းပန်ပြီး ကျေအေးတာ။ဒီပြင်လူမျိုးခြားဆိုဘယ်လိုလုပ်မလဲ"ဟု ဖားကန့်မှ အမည်မဖော်လိုသူတစ်ဦးကပြောသည်။
 
 သတင်းမီဒီယာသမားများအနေဖြင့်လည်း တပ်မတော်ဘက်မှ လူ့အခွင့်အရေးချိုးဖောက်မှု၊ တပ်မတော်ကို ဆန့်ကျင်မှုများသာ ဖော်ပြနေကြပြီး KIAဘက်မှ လူ့အခွင့်အရေးချိုးဖောက်နေမှုများကို ဖော်ပြမှုအားနည်း နေသည့်အပေါ်တွင် ဒေသခံများက တဖက်သတ်ဆန်နေသည်ဟု ထင်မြင်ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။
 
ကချင်ပြည်နယ်တွင်ပြီးခဲ့သည့်စက်တင်ဘာလဆန်းပိုင်းတွင် မော်ဝမ်းလေးရပ်ကွက်မှ နမ၀တန်းကျောင်းသူ မဂျာဆိုင်းအိန် သေနတ်မှန်၍ သေဆုံးခဲ့သလို KIAစစ်တပ်မှ ဘီလူး၊မော်ဟန်၊ကန်မီးရှု့ရွာများမှ ဒေသခံ လူငယ်အယောက်(၃၀)ကိုလည်း ပေါ်တာဆွဲခဲ့ကြောင်း မိုးညှင်းမြို့ဒေသခံများထံက သိရှိရသည်။
 
ယခုအခါ ဖားကန့်လမ်းနှင့် မိုးကောင်းသို့သွားသော ကားလမ်းများပေါ်တွင် KIAစစ်တပ်တပ်ရင်း(၆)နှင့်တပ်ရင်း(၅)က တပ်စွဲထားကြောင်းကိုလည်း ဒေသခံတို့ကဆိုသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template